Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။
အာဖရိက တိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်း ဆုံး
မြွှေများ စာရင်းများလည်း ပါဝင်ပါသေးတယ်။အရှည်အားဖြင့် ၄ ပေနဲ့ ၅
ပေကြားမှာ ရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး
မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေး တယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က
အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊
သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင်
မြင်နိုင်မှာတောင် မဟုတ် ပါဘူး။ခပ်နှေးနှေးသွား ရှင်သန် စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိက
တိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon
မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း
သိရပါတယ်။