Pages

HOTEL IN DUBAI INTRODUCES GOLD IPAD FOR GUESTS

 
ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်၇ပွင့် ဟိုတယ် Burj Al Arab မှာလာတည်းတဲ့ ဧည့်သည်တွေ အတွက် ၂၄ carat ရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို ဟိုတယ်က မိတ်ဆက် ပေးလိုက် ပါပြီ။
အကောင်းတကာ့ အကောင်းဆုံး နေချင်စရာ နေရာတစ်ခု၊ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်ခုနှစ်ပွင့် ဟိုတယ်ဖြစ်တဲ့ Dubai က Burj Al Arab ဟိုတယ်က တကယ့်ကို most luxurious hotel တစ်ခုပါ။ double room တစ်ခန်းတည်း ကိုပဲ ဒေါ်လာ ၁၅၀၀လောက်က စပြီးပေးရ ပါတယ်။ တကယ်လို့ သင်ဟာ ဒီလို နေရာမျိုးကို သွားခွင့်ရှိတဲ့ လက်တစ်ဆုပ်စာ လူတွေထဲက တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ရောက်ကတည်း က သင့်အတွက် ဟိုတယ်မှာ နေစဉ်အတွင်း အသုံးပြုဖို့ iPad တစ်လုံးကို ဟိုတယ်က ပေးပါလိမ့်မယ်။ ရိုးရိုး iPad လို့မထင်ပါနဲ့။
၂၄ကာရက် ရွှေနဲ့ပြုလုပ်ထားတဲ့ iPad တွေဖြစ်ပြီး အလုံးပေါင်း ၂၀၂လုံး ရှိပါတယ်။ Burj Al Arab ဟိုတယ်ရဲ့ လိုဂိုကိုပါ ထည့်သွင်း ထားပြီး တော့ ဗြိတိန်က brand တစ်ခုဖြစ်တဲ့ Gold & Co. ကဒီဟိုတယ် အတွက်သာ သီးသန့် ပြုလုပ် ပေးထားတာပါ။ ကိုင်တာများပြီး အကျင့် ပါမသွားနဲ့ ဦးနော်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဟိုတယ်မှာ တည်းခိုပြီးတာနဲ့ ပြန်ပေးခဲ့ ရမှာမို့လို့ပါ။ အခန်းတိုင်းမှာ iMac ကွန်ပျူတာတွေ ထည့်သွင်း ပေးထားတဲ့ အပြင် ဟိုတယ်မှာ လာတည်းတဲ့ လူတိုင်းကို ဒီရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို အသုံးပြုခွင့် ပေးမှာပါ။ ဒီ iPad တွေက virtual concierge service တွေကိုပါ ဆောင်ရွက် ပေးမှာဆိုတော့ ဟိုတယ်က ပေးနေတဲ့ ၀န်ဆောင်မှုတွေ၊ စားသောက်ဆိုင် မီနူးတွေ၊ spa treatments တွေကစလို့ အခန်း သန့်ရှင်းရေး၊ စားပွဲထိုး စတဲ့ ၀န်ဆောင်မှု တွေကိုပါ လုပ်ဆောင် ပေးမှာပါ။ ကိုင်တာများ သွားလို့ လိုချင်တယ် ဆိုရင်လည်း ဟိုတယ်ကနေ တဆင့် ၀ယ်ယူလို့ ရပါတယ်။ ဘယ်လောက် ကျမလဲ ဆိုတာတော့ မမေးပါနဲ့။ ဘယ် iPad model ကိုသုံးမလဲ ဆိုတာတော့ မသိရ ပေမယ့် နောက်ဆုံးပေါ် မော်ဒယ်ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Burj Al Arab ဟိုတယ်မှာ ဒီရွှေ iPad တွေအပြင် တခြားဇိမ်ခံ အသုံးအဆောင် တွေဖြစ်တဲ့ Walk-in showers နဲ့ Jacuzzis, huge plasma TVs, Rolls-Royce ကားတွေ အပြင် ကိုယ်ပိုင် စားပွဲထိုး ထားပေးတဲ့ ၀န်ဆောင်မှု တွေပါ package ထဲမှာ ပါဝင်ပါတယ်။ ဒါတွေက စံသတ်မှတ် ချက်တွေ ဖြစ်ပြီး ဒီလို အတွေ့အကြုံမျိုး ဘယ်မှာမှ မရနိုင်ပါဘူး။ တစ်ခုရှိ တာက IT ဘက်ကလူတွေ ဒီဟိုတယ်မှာ လာတည်းခို တာဟာ ဒီရွှေ iPad ထက်တခြား သူ့ရဲ့ ၀န်ဆောင်မှု တွေကြောင့် ပိုဖြစ်နိုင်ချေ ရှိပါတယ်။ iPad ရှိ၊ မရှိထက် Burj Al Arab မှာလာတည်းခို ရတာကို ပျော်နေပါပြီ။


Source and Images from Redmondpie

By MYMC