နင့်အသံနဲ့ သံစဉ်တစ်စင်းကငါ့ရင်မှာစီးမျောရင်း ဒဏ်ရာရနေခဲ့တယ်။ မြစ်နှစ်စင်းဖြစ်တို့ တွေစီးဆင်းကြတဲ့ခါ ... မဆုံနိုင်တဲ့ မျဉ်းပြိုင်လိုပဲဘယ်လောက်ထိ.. သက်ဆင်းနေကြမယ်ဆိုတာ နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ နင့်နာမည်နဲ့ လတစ်စင်းဟာ ငါ့ရင်မှာ ...ထွန်းလင်းရင်း ကြေကွဲနေခဲ့တယ်။ ငါတို့ ရဲ့  ဆွတ်ခူးရာသီကို မျှော်မိတဲ့ခါ ခါးသက်တဲ့ မနက်ဖြန်လိုပဲဘယ်လောက်ထိ ..ပုပ်အက်နေကြမယ်ဆိုတာ နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ ခုတော့...... အလွမ်းတွေသာ မျက်ဝန်းမှာလျှံကျ စိုက်ပျိုးဆဲအနာဂတ်မှာတင်ပဲ ငါတို့ ရဲ့  အိပ်မက်တွေလည်း ကြွေကျသွားခဲ့ပေါ့။ ဧပရယ်ဆွေဆွေ...