ချစ်သူရေဟောဒီ ကောင်ကင်တစ်ရိုးကရေခိုးရေငွေ့ အိုးကြီးကိုမိုးတိမ်လို့ ခေါ်ကြလေရဲ့။ကိုရွှေမုတ်သုန်လေကသူခြေထောက်ကို သူဂရုမစိုက်အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်။အိုးကြီးလဲဗိုက်ပွင့် ကွဲကြေသေပါလေရော။အိုးခြမ်းကွဲထဲကနေရေစက်တွေ ရေစက်တွေဝင်းဝင်းလက်လက်လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။ကျောက်ဆောင် ကျောက်မြေနဲ့စောင့်နေတဲ့ ပင်လယ်အော်တွေလဲသွားရည်တမြမြပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။အို ချစ်သူရေဟိုးအရှေ့မှာ မိုးတွေ ရွာပြီလာ ရဲရဲလာထီးရွက်တွေမပါလည်းလူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။ငါတို့ရဲ့ မိုးဂျိုးဂျိုးဂျိမ့်ဂျိမ့် လှပရှိုတ်ကြီးတငင်ငင် ရွာချပါစေလားကွ...