၃၂....ဘူတာ....။

၃၂ ဘူတာကိုကျွန်တော်ဆိုက်ရောက်ခဲ့တယ်...။.................................................................................။သေဖို့နီးလာတာလား...။ဘာလဲ....တော့....၃၂နှစ်မြောက်မွေးနေ့.....

တို့ရွာသမိုင်း

တို့ ရွာသမိုင်းသူတို့လာမှတို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်တွေးတိုင်း တက်ခေါက်မိသတည်း။ ငါတို့ရွာတွင် မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊ ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။ နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။ သူတို့လာမှ တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။ စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။ တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။ ငါတို့ရွာတွင် ရှေးခါအရှက်၊ အကြောက်ဖက်၍ ကျင့်ပျက်အမှု၊ မကောင်းစုကို...

ကျွန်တော် မကျေညက်ခဲ့တဲ့ အမေ့ရဲ့ သင်ရိုး

ကျွန်တော် မကျေညက်ခဲ့တဲ့  အမေ့ရဲ့ သင်ရိုးဘ၀ရဲ့ နေနည်းထိုင်ပုံတွေကိုသင်ရိုးတစ်ခုလိုသာ ရေးပေးထားခဲ့ရင် . . .အခုဆို ကျွန်တော့်မှာ ပြန်ထုတ်ကြည့်လို့ အဆင်ပြေတာပေါ့အမေ . . .အစကတည်းက မကောင်းခဲ့တော့အနှောင်းကလည်း အလဲလဲ အကွဲကွဲပါအမေ . . .အမေမရှိတော့တဲ့နောက်ကျွန်တော်လျှောက်ရတဲ့ ဟောဒီလမ်းတွေရှည်လျားေ၀၀ါးနေလိုက်ပုံများမိုးကုတ်စက်ဝိုင်းနားက တိမ်ခိုးသက်တန့် တံတားပါ အမေ . . .။အမေသင်ခဲ့တဲ့...

ဒေါက်တာဂျော်နီ

ဒေါက်တာဂျော်နီ ၁ကျွန်တော်ဂျော်နီ၊ သရီးဒီကြောင့်အမ်စီကို ရောက်ခဲ့တယ်။မက်(စ်)၊ ဖစ်ဆစ်၊ အင်္ဂလစ်ရှ်မှာဒစ်စတင်းရှင်းတွေ၊ ဖြိုင်ဖြိုင်ဝေတော့အိုင်အယ်လ်အေ ကောင်းခဲ့တယ်။မောနင်းကျူရှင်၊ နိုင်ကျူရှင်နှင့်ကွက်ရှင်ဟူသမျှ၊ အနံ့ရရာအိမ်ကကားနဲ့ ပို့ခဲ့တယ်။ရီဇာတ်အောက်တော့၊ မျက်နှာမော့၍ရင်ကော့နိုင်သေး၊ ဘာလိုသေးလဲဆေးကျောင်း ဒါရိုက်ရောက်တော့တယ်။၂အမ်စီတက်တော့ဆိမ်းဗက်ခ်ျက၊ ခပ်ကြွကြွလေးကောင်မလေးနှင့်စာမေးရင်းက...

အဖိုးကြီးစစ်တမ်း

အဖိုးကြီးစစ်တမ်း အသက်ကလေးထောက်ခါမှအရက်ခွက်ကလေး တမြှောက်မြှောက်ချက်အောက်စကားတွေ တပြောပြောနဲ့တသောသောနေအမောဖြေနေတဲ့ အဖိုးကြီး။သေရိပ်နီးခါမှစပ်ပုတီး နာနာကိုင်မဟာမြိုင် တောရမှီးပေမဲ့ဒေါကလဲ ကြီးတတ်သေးရဲ့လောဘမီးကလဲ အရှိန်ဟပ်အိမ်မကပ်နိုင်တဲ့ အဖိုးကြီး။ရွာလယ်မှာ စွာကျယ် စွာကျယ်နဲ့ငါဟယ်မင်းဟယ်ငြင်းမယ်လို့ မကြံနဲ့မင်းတို့ကမမှန်ငါသာလျှင် အမှန်လို့၊ ငါမာန်တွေတက်ငါအရိုးမျက်နေတဲ့၊ လက်တို...

မစ္စတာအာရာဖတ် ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ အရက်တစ်ခွက်ချထားရအောင်

မစ္စတာအာရာဖတ် ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ အရက်တစ်ခွက်ချထားရအောင်ခင်ဗျားနာမည်နဲ့ အနက်ကို ဖယ်ပြီး နှုတ်ဆက်လိုက်ပါတယ် အာရာဖတ်အာရာဖတ်ဘူတာရုံလေးထဲက အာရာဖတ်တွေဟာနာရီပေါ်က ပုရွက်ဆိတ်တွေအာရာဖတ်ကို အစဖျောက်ဖို့ ဘူတာရုံလေးထဲမှာ တစ်ယောက်ကို တစ်ယောက် အနံခံနေကြခင်ဗျားဟာ အာရာဖတ်အကြောင်းပါတဲ့ သတင်းစာအဟောင်းကြီးကို ထိုင်ဖတ်လို့ပေါ့မစ္စတာအာရာဖတ် ထောင့်ကျကျမှာ ရပ်နေတဲ့ ခင်ဗျားဟာအုတ်ပုံကြားထဲက...

ပုဂ္ဂလိကပိုင်အလွန် ငါးမိနစ်ဘက် ရောက်သွား

ပုဂ္ဂလိကပိုင်အလွန် ငါးမိနစ်ဘက် ရောက်သွားမနေ့ကအထိ စစ်နဲ့ပတ်သက်ပြီး အဖျားတက်ခဲ့၊ စစ်တုပ်ကွေးဗိုက်ဆာပြီ၊ အခုသုံးမိနစ်ပြာကျသွားပြီ၊ ကဗျာကို ကဗျာနဲ့ တုံ့ပြန်တာအခေါက်ကင်ဟာ ခေါက်ထားရာကနေထာလာ၊ ခွတော့ကျပြီဟုတ်၊ ကျုပ်ဘက်က သုံးမိနစ်ဟာ အဖတ်မတင်တော့ဘူးပျက်ကျသွားတယ်၊ ထိုးဆင်းစောင့်နေရင်းက အရေပြားရဲ့ အရောင်တွေ ပြောင်းသွားတာပိုးတုံးလုံးပြင်ဆင်ချက် လျှောက်ထားခြင်းဝန်ခံချက်၊ ကတိတွေ တတိတိနဲ့ ခွေးတွေ လျက်ကုန်တာ၊အဆိုပါ အငွေ့ပြန်လွယ်သောမီးလောင်သစ်ငုတ် ငုတ်တုတ်လူနှင့် ပတ်သက်၍ အရေပြားနုလေးတွေဆီကဖွေးကနဲ ဖြစ်ရပ်ဆန်းများ ပေါက်ချလာပြီဆိုတော့၊ ကာမဂုဏ်တွေဖဲ့ရွဲ့လိုက်မယ်ဆီးလမ်းကြောင်းထဲက...

နင်နဲ့ငါ သဘာဝတရားဆီ ပြန်ဆုတ်ခွာ

နင်နဲ့ငါ သဘာဝတရားဆီ ပြန်ဆုတ်ခွာပြန်တွေ့တော့ ပြောမိတယ် ဆူးလေ ၆ခ/၇၁၈၅ခေါက်ရိုးတွေက စုတ်ပြတ်ထွက်အပြန်အလှန်ကျေနပ်မှုကို ထုခွဲကြည့်တာနင်က သာမန်ထက် နှစ်ဆ ချောမွေ့ပျော့ပျောင်းစေတာချည်းပဲတစ်နေကုန်နေမှ တစ်နေကုန်နင်နေတဲ့ မြို့ကြီးဟာ ဖုန်းလိုင်းတွေထဲမှာဖြူဖပ်ဖြူရော် စကားလုံးတွေချီပြီး လျှောက်ပြေးနေတဲ့ ကြွက်တွေကြွက်တစ်ကောင်ဟာ နင့်နာမည်ကို ချီပြီးမှအများသုံးဖုန်းထဲကနေ လှစ်ခနဲနင်အိပ်နေတုန်း တံခါးကို ကိုက်ဖဲ့နေရတာ မောတယ်။ဝရန်တာပေါ်က ပန်းအိုးတွေ မမြဲဘူးလို့ နင်ပြောတာငါပြောတာကချစ်ခဲ့ရတာ ကပ်ဆိုက်တာပေါ့ဟာတကယ့်ဒုက္ခကနင်နဲ့ ငါ့ကြားမှာ လမ်းကူးမျဉ်းကျားတွေ ရုပ်သိမ်းဖို့မလိုအပ်ဘဲ...

နင်အင်မတန် ပလီတယ်

နင်အင်မတန် ပလီတယ်သွားရင်းလာရင်း ဓားဓားချင်း လှံလှံချင်းနင်နဲ့ငါ စကားချင်း အချိတ်အဆက်တွေ ပြုတ်ထွက်စီးချင်းထိုးမလားဟေ့ဆိုရင်တော့ နင့်အကြည့်က ငါ့လည်ပင်းကို ပိုင်းဖို့ပဲဒိုင်းတွေမရှိတော့ဘူး၊ အုန်းခွံရောင်မြင်းတွေ သမိန်ဗရမ်းတွေ ကားကုန်ပြီပန်းဝင်လာတဲ့ ပြိုင်ကားတွေလည်းပဲ ပြိုင်းလို့ ပြုတ်ထွက်လို့ စရိုက်ကြမ်းနင့်အလျော်အစားကလည်း လန်းသလား မမေးနဲ့မျက်လုံးတစ်လုံးဆို တစ်လုံးချင်းနံရိုးတစ်ချောင်းဆို တစ်ချောင်းချင်းသူတောင်းစားက ပြတ်နေတဲ့လက်တစ်ဖက်ကိုပြပြီးလူတကာဆီ အလျော်တောင်းတယ်ဒုက္ခသည်ဦးထုပ်ဆောင်းပြီး ငါနင့်ဆီမှာ ရိုကျိုးလိုက်ပါရဲ့ငါ့ရွေ့နေတာက ဘယ်ဝိုက်ညာဝိုက်ငါပြောနေတာက...

နို့ဖိုး

နို့ဖိုး  တောင်မြင့်မိုအမြင့်ဆိုခေါင်ကတစ်။အမေ့မေတ္တာနဲ့နှိုင်းယှဉ်ကာ သူတုတော့ဂမုငယ်ဖြစ်။ အနောဒတ်ရေအေးမြစေ ခေါင်ကတစ် ။အမေ့ရင်ရိပ်နဲ့တဆိတ်ငယ် မယှဉ်စွမ်းတော့ရေပူစမ်းဖြစ် ။ကရဝိတ်သံဂီတစံ ခေါင်ကတစ်။အမေ့တေးနဲ့ယှဉ်ရေးမှာသူမဝံ့တော့နှုတ်ဆွံ့သူဖြစ် ။ပန်းမဉ္ဇူလှိုင်ကြူရာ ခေါင်ကတစ် ။အမေ့ကိုယ်ကျင့်နဲ့ချင့်စက်ကာ ပြိုင်ဖြန့်တော့အညံ့ပန်းဖြစ် ။ဖိုးလမင်းအလင်းတွင် ခေါင်ကတစ် ။အမေ့အပြုံးနဲ့ပခုံးချိန်...

သခင်အောင်ဆန်းတရား

သခင်အောင်ဆန်းတရား ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်းမင်း၏ သားငယ်၊ မင့် သက်လှယ်ကိုအဘယ်တရား ဟောမည်နည်း။ ဆန်း၏ သတ္တိဆန်း၏ သမာဓိ၊ ဆန်း၏ ပညာဟောစရာကား၊ အလွန်များ၏မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကိုပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့မင့်သား သိစေချင်လှ၏။သူ့ အစွမ်းကား၊ အခြားမဟုတ်အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှမြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်ဗန်းပြအလှ၊ ပကာသနကိုပြာကျ လောင်မြိုက်၊...

ဘယ်သွားနေလဲမောင်ရေခဲ ကမ္ဘာထဲကို ဓားနဲ့ဆို

ဘယ်သွားနေလဲ မောင်ရေခဲ ကမ္ဘာကြီးထဲကို ဓားနဲ့ဆို စစ်ဆိုတာကမ္ဘာမြေပေါ့ပါးအောင် စစ်ထုတ်လိုက်တဲ့ ရေစစ်လားငြိမ်းချမ်းရေးဆိုတာသေခြင်းမှာ လူတွေငြိမ်းချမ်းဒုက္ခတွေ သိမ်းသွားတာကို ဆိုလိုသလား။သေနတ်သံတစ်ချက်မှာ သွေးတစ်စက်ဆင်းလာအစဉ်အဆက် ဒါဆိုနှင်းဆီတွေရဲနေတာ သွေးသောက်ထားလို့ပေါ့ညနေ ညနေ နေလုံးကြီး နီရဲနေတာသေနတ်မှန်ထားလို့ပေါ့သေချာပြီ ငါတို့နှလုံးသားများ နီရဲနေတာသေချာပြီ ငါတို့ သံသယဟာ မြဲခဲ့ပြီကြည့်လေ … ရွှေဒင်္ဂါးပြားလေးတစ်ဖက်မှာ ပန်းဥယျာဉ်တစ်ဖက်မှာ ခေါင်းပြတ်နောက်ထပ် ခုတ်ဖဲ့ထားတဲ့ လရဲ့မျက်နှာပြင်ပေါ်မှာသွေးလန့်နေတဲ့ အဘိုးအိုနဲ့ ယုန်တစ်ကောင်ဟေ့ … လူတွေကိုယ့်ဒဏ်ရာ ကိုယ်မေ့ကော်ဖီဆိုင်ထိုင်...

မြန်မာတို့အတွက် ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ကဗျာတစ်ပုဒ် 'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟုလူတော် ထင်ပါ ၊ တို့မြန်မာကိုဘယ်ခါ ဆယ်၍ ရမလဲ ၊၊ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကိုဘယ်ခါ ဆယ်၍ ရမလဲ ၊၊အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်အထင်လွဲပါ ၊ တို့မြန်မာကိုဘယ်ခါဆယ်၍ ရမလဲ ၊၊'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်အညှိုးကြီးပါ ၊ တို့မြန်မာကိုဘယ်ခါ ဆယ်၍ ရမလဲ ၊၊ညည်း၍ မပြီး ၊ ညူ, မပြီးဘူးအပြီးတကာ...

ဆုံတွေ့ကြတဲ့အခါ

ဆုံတွေ့ကြတဲ့အခါဒီအချိန်ဆို ...တိမ်ညိုညိုတွေ ပြိုနေပြီပဲလေ ... ။အမြင့်ပျံ ငှက်တအုပ်ခပ်သုတ်သုတ် အိမ်အပြန်တိမ်ယံထက်က နေမင်းနှုတ်ဆက်ရင်း အလင်းချွေတောင်စွယ်မှာ ... နေကွယ်လုပြီလေ ... ။အိပ်မက်တွေကို ကျောခိုင်းလေရိုင်းတွေကို စီးနင်းခရီးပြင်းကို ဆက်နှင်ပြန်လာခဲ့ချင်လျက်အတွေ့ခက်ခက်နေ့ရက်တွေထဲမှာခွဲခွါခြင်းတံတိုင်းတွေ ကာထားကမ္ဘာတွေလဲ ခြား ... လို့ ... ။ဒီရေလှိုင်း အကျမှာအိမ်ပြန်ရလေမလား ...ဒီသောင်ယံအိုမှာခိုလှုံရမှာလား ...စဉ်းစားရင်း မောလျသောကညရဲ့ အလယ်မှာကြယ်တွေကို ရေတွက်ရင်းလမင်းအကြွေကို ကောက်အိမ်အရောက် ပြန်ခဲ့ပါရစေ ... ။ဆုံတွေ့ကြတဲ့အခါ ...အမှားတွေထဲမှာ ပျော်မွေ့အမှန်တွေကို...

ရန်ကုန်လည်ပြန်

ရန်ကုန်လည်ပြန်မောင်လွမ်းဏီခြင်္သေ့ရုပ်တုတွေမျက်စောင်းခဲနေတဲ့ ဆူးလေဘုရားခိုပြာခိုနက်ကလည်း လူလန့်စာစား။ဗန္ဓုလကျောက်တိုင်လားဓားလွတ်တောင် မထောင်နိုင်။အမှိုက်က စပြာဿဒ်မီးလောင်ပဲ ကြားဖူးပါတယ်အမှိုက်မသိမ်းလို့ကာရာအိုကေယိမ်းကအမှိုက်ပုံဘေးမှာတော်သလင်းအိမ်ရာဖြစ်သတဲ့။လေလံသာပစ်ဘာဖြစ်ဖြစ်၊ ဖြစ်တဲ့ခေတ်လို့အရေးတော်ပုံ ၂၄ နှစ်သားနိုင်ကျဉ်းကျောင်းသားတယောက်က ခနဲ့တယ်။ရေးတတ်ရင် ၀တ္ထုဖြစ်သလိုဝတ်တတ်ရင်...

သိန်းစွန်ငှက်အပြန်လမ်း(ကဗျာရှည်)

သိန်းစွန်ငှက် အပြန်လမ်းပိုင်စိုးဝေနောက်ဆုံးအခေါက်ပါပဲကျနော် ရွာကို ပြန်လာခဲ့ပါတယ် အမေ။ရွာဆိုတာတမာ ထနောင်းရှားစောင်း ပြာသာဒ်သန်း ဒဟတ်ပင်တွေနဲ့မိုးနှံချုံပုတ်၊ ရှားပင်ငုတ်တိုနီညိုညို ကျောက်ခဲလုံးတွေနဲ့ထန်းပင်မြင့်မြင့်ကြီးတွေကြားကတဲကလေးတလုံးပါ။အဲဒီတဲကလေးထဲအမေ လဲလျောင်းနေပေါ့။ အမေ ...ကျနော် ရောက်လာပြီ အမေအမေ့ခြေအစုံကို ပွေ့ဖက်အသံမထွက်ဘဲ ကျနော် ငိုတယ်။ထန်းပင်မြင့်မြင့်ကြီးတွေပေါ်ကရွက်ယောင်းခြောက်တွေတရှဲရှဲမြည်လို့ကျနော့်ကို...

ကြေးစား

ကြေးစားမွန်းကျပ်နေရတဲ့အထဲအိမ်ပြန်အလုပ်သမလေးရဲ့ဣနြေ္ဒသိက္ခာကိုမထိပါးလိုဘူး။"လော်ရန်ဇို" ဆက်တီပေါ်မှာမာတီနီနဲ့ ဇိမ်ကျနေတဲ့ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာတစိမ့်စိမ့် အရသာခံချင်တယ်။ကြိုက်ရင်ခေါ်လိုက်လေကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ဝန်မလေးသူသူ့နာမည်က "မိုဃ်းဇော်"ဒါမှမဟုတ်ခေတ်ကြီးရဲ့ တန်းဖိုးအကြီးဆုံး ယဇ်ကောင်တဲ့။ ။မိုဃ်းဇော်...

လူလေလူလွင့်များရဲ့နေ့

လူလေလူလွင့်များရဲ့နေ့ ပြက္ခဒိန်တစ်ချပ်လိုစုတ်ပြတ်လွယ်တဲ့ နေ့စွဲမှာဒိုင်ယာရီ မရေးတာ ကောင်းပါတယ်။တကယ်ဆိုနတ်မကြိုက်တဲ့ ပါးစပ်နဲ့ အချစ်ကို ဓာတ်စာပေးကြည့်ဖူးပိုက်ဆံမရှိတဲ့လက်နဲ့ မြို့ကြီးကို ကျောသပ်ရင်သပ်လုပ်ကြည့်ဖူးအရုပ်သေနတ်နဲ့မိမိကိုယ်ကို ဇာတ်သိမ်းကြည့်ဖူးအမိုက်မဲဆုံးညတွေကိုငါးခုံးမ တစ်ကောင်လိုလည်း ကင်ဖူးတယ်။ငါ့ရဲ့ အကုသိုလ်အအေးခန်းထဲကငယ်နာမည် "မာရီလင်"ရေငါ့ကို စက္ကန့်လက်တံလို သဘောထားပါနားကြားလွဲတတ်တဲ့ငါဟာပြာပုံထဲ အပျင်းကြောဆန့်ချင်တဲ့ ကောင်ပါ။အရေပြားဆိုတာ အပ်တစ်ထောက်ချွေးပေါက်တွေ အဝမကျယ်ခင်ရင်ခုန်သံစစ်စစ်နဲ့ဘဝကို ခေါစာပစ်ချေအံ။ ။မိုဃ်းဇော်...