ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ က သင်္ဘောကျင်းတစ်ခုမှာ ရောင်းထွက်သွား တဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။
သူဌေးတစ်ဦးမှ ဝယ်သွားတာပါ။ ဗြိတိန်ပေါင် ၆ သန်းတန် ဇိမ်ခံရေငုပ် သင်္ဘော ဖြစ်ပြီး ၂ သန်းတန် ဈေးသက်သာ အမျိုးအစားကိုလည်း ထုတ် လုပ်ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ခရီးသည် ၂ ဦးလိုက်ပါနိုင်ပြီး ပင်လယ်ရေအောက် ပေ ၆၀၀၀ မှာ ခရီး သွား နိုင်ပါတယ်။ နာရီပေါင်း ၈၀ အပေါ်တက်စရာ မလိုပဲ စားနှိပ်၊ ရိက္ခာ အစုံအလင်နဲ့ ခရီးသွားနိုင်ပါတယ်။ လုံခြုံရေးအဆင့် အမြင့် ဆုံး ပြု လုပ်ပေးထားပြီး မောင်းရလွယ်ကူအောင်လည်း ဖန်တီးပေးထား ပါတယ်။
ရေအောက်သုံးရေဒါ၊ အာရုံခံစနစ်၊ ဂြိုလ်တုလမ်းပြမြေပုံ၊ ရေပေါ် ၊ရေအောက် ဆက်သွယ်ရေး၊ သက်ကယ်ပစ္စည်းအစုံအလင် ပါရှိပြီး အတွင်းခန်းကိုလည်း ကျကျ နန ပြင်ဆင်ထားတဲ့ ရေငုပ် သင်္ဘော ဖြစ်ကြောင်း သိရပါတယ။်
--
Ref: techblog
Posted in: other