ငါ့ကဗျာ


ငါ့ကဗျာ
နင့်ကိုချစ်တဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ဘူး
ငါ့အသည်းနှလုံးရဲ့
လှုပ်ရှားမှုတွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင့်ကိုလွမ်းတဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ပါဘူး
ငါ့ရင်ဘက်ရဲ့
ငိုရှိုက်သံတွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင်ထားခဲ့တဲ့အကြောင်း
ရေးဖွဲ့ထားတာမဟုတ်ပါဘူး
ငါ့မာနရဲ့
မျက်ရည်စက်တွေကို သီကုန်းထားတာပါ။

ငါ့ကဗျာ
နင့်အတွက်
ရေးဖွဲတာမဟုတ်ပါဘူး
အစွန့်ပစ်ခံ ငါ့ဘဝအတွက်
နှစ်သိမ့်ခြင်းတွေကို သီကုန်းထားတာပါ။


ဧပရယ်ဆွေဆွေ