အမျိုးသမီးများအတွက် ဆံပင်ကျွတ်စေသော အကြောင်းရင်းများ

 
ဆံပင်ကျွတ်နှုန်းများတာဟာ အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ဖြစ်ရစေပါတယ်။ ဆံပင်ကျွတ်နှုန်းများတာကို ဖုံးကွယ်ထားဖို့တော့ မလိုပါဘူး။ တစ်နေ့မှာ ဆံပင်အရေအတွက် ၁၀၀လောက် ကျွတ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ဆံပင်ကျွတ်စေတဲ့ အခြေခံကျန်းမာရေး ပြဿနာတစ်စုံတစ်ရာများ ရှိသလားဆိုတာကို ရှာဖွေနိုင်ပါလိမ့်မယ်။


၁။ ခန္ဓာကိုယ်တွင်း အခြေအနေ

အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ရတာဟာ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းနဲ့ တခြားဓာတုပစ္စည်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့လွန်းတဲ့ အစားအသောက်တွေစားခြင်းနဲ့ သိုင်းရွိုက်ရောဂါတွေဟာလည်း အမျိုးသမီးတွေကို ဆံပင်အများအပြား ကျွတ်စေနိုင်ပါတယ်။ CNN ကျန်းမာရေးရဲ့ ဖော်ပြချက်အရ အမျိုးသမီးတွေကို ဆံပင်ကျွတ်နှုန်းများစေနိုင်တဲ့ ဆေးဝါးပေါင်း ၂၉၀ ကျော်ရှိကြောင်း၊ အဲဒီအထဲမှာ သွေးကျဲစေတဲ့ဆေး၊ စိတ်ကျကုသဆေးနဲ့ ဘီတာဘလော်ကာ (Betablocker) ဆေးဝါးတို့ပါဝင်နေကြောင်း သိရပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။

၂။ ဆံပင် ပုံသွင်းခြင်း

ဆံပင်ကို အမျိုးမျိုး ပြုပြင်ဖန်တီးခြင်းနဲ့ ဆံပင်ပုံသွင်းရာမှာ သုံးတဲ့ ပစ္စည်းတချို့ကြောင့်လည်း ဆံပင်သား ထိခိုက်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်း ဖြစ်တတ်ပါတယ်။ ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။ ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်နိုင်တာကြောင့် ဆံပင်ဖြေင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

၃။ မျိုးရိုးဗီဇလိုက်ခြင်း

အသက်ကြီးလာတာကြောင့် အမျိုးသားရော အမျိုးသမီးပါ ဆံပင်ကျဲပါးလာတတ်ပါတယ်။ တချို့ အမျိုးသားတွေမှာ ဆံပင်ကျဲပါးပြီး ထိပ်ပြောင်းခြင်း ဖြစ်ရတာဟာ မျိုးရိုးဗီဇကြောင့်ပါလို့ CNN ကျန်းမာရေးက ဆိုပါတယ်။ အမျိုးသမီးတွေမှာ မျိုးရိုးအရ ဆံပင်ကျွတ်နှုန်းများရင် နဖူးစပ်တစ်လျှောက်မှာ ပါးနေတတ်ပါတယ်။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်နှုန်းများတာကိုတော့ အပြည့်အဝ ကာကွယ်မှု မယူနိုင်ပါဘူး။ ဒါပေမဲ့ ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေတော့ ခံယူလို့ ရပါတယ်။

Ref: Good Health

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

 
Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိက တိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်း ဆုံး မြွှေများ စာရင်းများလည်း ပါဝင်ပါသေးတယ်။အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာ ရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေး တယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊ သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မြင်နိုင်မှာတောင် မဟုတ် ပါဘူး။ခပ်နှေးနှေးသွား ရှင်သန် စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိက တိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

“Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ


New sex superbug could be global killer "(ဆူပါဘဂ်) သစ်ဟာ တကမ္ဘာလုံးမှာ သေစေလာက်အောင် ကြောက်စရာ ကောင်းတယ်" ဆိုတဲ့သတင်းကို ၁-၅-၂ဝ၁၃ နေ့က “ဆန်း” သတင်းစာမှာ စပြီးရေး လိုက်ပါတယ်။ ဒိနောက်မှာ Sex Superbug could be worse than AIDS "(အေအိုင်ဒီအက်စ်) ထက်ဆိုးတဲ့ (ဆူပါဘဂ်)" ဆိုတဲ့သတင်းကို ၂-၅-၂ဝ၁၃ နေ့က CNBC ကနေရေးလိုက်ပါတယ်။ ဒိနောက်မှာ Worse than AIDS - sex superbug discovered in Japan "(အေအိုင်ဒီအကစ်) ထက်ဆိုးတဲ့ လိင် (ဆူပါဘဂ်) ဂျပန်မှာတွေ့တယ်" လို့ ၆-၅-၂ဝ၁၃ နေ့မှာ ထပ်ထွက်လာပါတယ်။ မြန်မာ့သတင်းလောကထဲလဲ ရောက်လာပါပြီ၊
MRTV 4 ကနေ ၁၈-၅-၂ဝ၁၃ မှာ တင်ဆက်သွားပါတယ်။

HIV ပိုးက ဗိုင်းရပ်စ်ဖြစ်ပြီး ဒီပိုးသစ် “Super Sex Bug” ဆိုတာက ဗက်တီးရီးယားဖြစ်ပါတယ်။ ကူးစက်တာမြန်လွန်းလို့ ပိုဆိုးတာပါ။ ပိုးနာမည်ကတော့ HO41 ဖြစ်ပါတယ်။ ၂ဝဝ၉ ကတည်းက ဂျပန်မှာ လိင်လုပ်ငန်းလုပ်နေတဲ့ ၃၁ နှစ်အရွယ် အမျိုးသမီးဆီကနေ စတွေ့ ထားတာပါ။ ဒိနောက် ပိုးဟာ ဟာဝိုင်ယီကို ၂ဝ၁၁ ထဲမှာ ရောက်ပါတယ်။ HO41 ပိုးဟာ ပဋိဇီဝဆေးတွေမှန်သမျှ မတိုးလို့ဆိုးတာလဲပါတယ်။

တိတိကျကျပြောရရင် HO-41 ကို ၁၂-၇-၂ဝ၁၁ နေ့မှာ ကနေဒါနိုင်ငံ ကွိဘက်မှာ ၄ ရက်တာကျင်းပတဲ့ International Society for Sexually Transmitted Disease Research (ISSTDR) နိုင်ငံတကာ လိင်ကတဆင့် ကူးစက်ရောဂါများ အသိုင်းအဝိုင်းကွန်ဖရင့်အပြီးမှာ ထုတ်ဖေါ်လိုက် တာဖြစ်ပါတယ်။

အမှန်က ဒီပိုးဟာ ဂနိုးရီးယား (ဆီးပူညောင်းကျ) ရောဂါပိုးသစ်ဖြစ်ပါတယ်။ ပိုးကူးစက်တာခံရရင် ရှော့ခ် ရမယ်။ ရက်ပိုင်းအတွင်းမှာ သေနိုင်တယ်။ ပိုးရှိနေပေမဲ့ အမျိုးသမီးတွေမှာ ၅ဝ%၊ အမျိုးသားတွေမှာ ၂-၅%
ရောဂါလက္ခဏာ မပြဘဲရှိတတ်လို့ ကာကွယ်ရေးလုပ်ရတာ ခက်ပါတယ်။ ဂနိုးရီးယားပိုးက ဆေးယဉ်တာတွေ များများလာတာ အမှန်ဖြစ်တယ်။ Ceftriaxone ထိုးဆေးကို တခြားဆေးနဲ့ တွဲသုံးလာရတယ်။ Azithromycin ဒါမှမဟုတ် Doxycycline ပေးလေ့ရှိတယ်။ (ကွန်ဒွမ်) ကို စနစ်တကျ သုံးတာနဲ့ အတော်များများကာကွယ်နိုင်တယ်။ “လိုက်နာနိုင်ရင်တော့ အကောင်းဆုံးနည်းက လိင်မဆက်ဆံပါနဲ့။”

Superbugs ဆူပါဘဂ်အဆင့်လို့ သတ်မှတ်ခံထားရတဲ့ ဆေးမတိုးတဲ့ပိုးပေါင်း (၆) မျိုးရှိပါတယ်။
1. Klebsiella pneumonia နူမိုးနီးယားဖြစ်စေတဲ့ပိုး၊
2. Methicillin-resistant Staphylococcus aureus အနာဖြစ်စေတဲ့ပိုး၊
3. Clostridium difficile လေမကြိုက်တဲ့ အခွံနဲ့နေတဲ့ပိုး၊
4. Extensively Drug Resistant Tuberculosis တီဘီ၊
5. Drug-resistant Gonorrhea ဆေးမတိုးတဲ့ ဂနိုးရီးယား နဲ့
6. Shiga toxin-producing Escherichia coli အဆိပ်ထွက်စေတဲ့ (အီး-ကိုလိုင်) ပိုးတွေ ဖြစ်ပါတယ်။

အမေရိကားမှာ STDs လိင်ကတဆင့် ကူးစက်ခံရသူပေါင်း တနှစ်မှာ သန်း ၂ဝ ရှိတယ်။ ဂနိုးရီးယားလူနာ ၇ သိန်းပါတယ်။ ဆေးကုသစရိတ်က ၁၆ ဘီလျန်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ကွန်ဂရက်မှာ ဒီပိုးကို တိုက်ဖျက်ဘို့အတွက် ဒေါ်လာ ၅၄ သန်း တောင်းလိုက်ပါသတဲ့။

တချို့မီဒီယာသမားတွေက (ကျွန်တော်တို့နိုင်မှာသာ မဟုတ်ပါ) ဖတ်တဲ့သူ မျက်လုံးပြူးစေမှာမျိုးကို တင်ချင်တဲ့ ဝါသနာ ရှိကြတယ်။ ဆေးသုတေသန သစ်တွေကို သတင်းစာ၊သတင်းဌာနကြီးတိုင်းကနေ နေ့တိုင်း တင်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ “သုတေသနဆိုတိုင်း မကိုင်းရှိုင်းပါနဲ့” လို့ စာလေးတပုဒ်ရေးထားရတယ်။ ခေါင်းစဉ်လေးသာ ဖတ်ပြီး စိတ်ပျက်စရာ၊ အားတက်စရာတွေဖြစ်နိုင်ပေမဲ့ အခုမှစတွေ့တိုင်း လက်တွေ့နယ်မှာ အသုံးမကျသေးပါ။

မဆိုးတဲ့သတင်းကိုလဲ သိထားပါ။ AIDS ထက်ဆိုးတယ်လို့ တခြား ဆရာဝန်တွေက လက်မခံပါ။ ခုထိတော့ ဒီပိုးကနေ သေတယ်လို့ သတင်းမထွက်သေးပါ။ ဟာဝိုင်ယီ၊ ကာလီဖိုးနီးယားနဲ့ နော်ဝေမှာ ဆင်တာတာတွေ တွေ့ပေမဲ့ လူနာတွေကို ပဋိဇီဝဆေးတွေနဲ့
နိုင်အောင်ကုနိုင်ထားတာမို့ ပိုးဟာ ဂျပန်မှာသာရှိသေးတယ်လို့ ယူဆနိုင်ပါတယ်။ ဥပမာ နယူးယော့ခ်က ဒေါက်တာ (ဘရုစ် ဟာ့ရှ်) ကလက်မခံပါ။ ပိုးဝင်လို့ (ရှော့ခ်) ရပြီး သေနိုင်ပေမဲ့ ၁% သာ ဖြစ်နိုင်တယ်။ AIDS မှာဆိုရင် ၉၈% သေနိုင်တယ်။ ခိုင်းနှိုင်းမှုလွန်ကဲလွန်းပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

တီဘီရောဂါ ( tuberculosis )အကြောင်း သိကောင်းစရာ


တီဘီရောဂါ စတင်ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို စတင်ပြောရမည်ဆိုပါက … မိုင်ကိုဘက်တီးရီးယမ်းကျူဘာကူလိုဆစ် လို့ခေါ်တဲ့ ဘက်တီးရီးယာ ကြောင့် တီဘီရောဂါကို စတင်ဖြစ်ပေါ်စေပါသည် ။ လူ့ခန္ဓာကိုယ်အစိတ် အပိုင်း တော်တော်များများမှာ ဖြစ်သော အဆုတ်၊ အရေပြား၊ အူ၊ အရိုးစတဲ့နေရာတွေမှာ တီဘီရောဂါဖြစ်ပွားစေပါတယ်။

အဆုတ်မှာဖြစ်လာခဲ့ရင် ချောင်းတွေဆိုးလာမည် ၊အချိန်အားဖြင့် တစ်လနည်းပါလောက်ထိ ချောင်းဆိုးရင်ခဲ့တော့ အဆုတ်တီဘီဖြစ်နိုင်ပါတော့တယ်။ တီဘီဖြစ်လာသည့် သူသည် ညနေဘက်မှာ ဖျားချင်သလိုလို ဖြစ်လာမယ် ခန္ဓာကိုယ်ကလည်း နေရင်းထိုင်ရင်း တရှောင်ရှောင်နဲ ပိန်ပိန်လိုက်လာတော့သည် တချို့မှာချောင်းဆိုးသူတွေဆိုရင် သွေးပါ ပါလားတတ်တော့တယ် ။ မိမိရဲ့  ရင်ဘတ်အောင့်တတ်လာပါတယ် ။ တီဘီဖြစ်ပြီဆိုရင် လူလည်း ပိန်ချုံး ပြီး တဖြည်းဖြည်းနဲ့ သေသွားတဲ့အဖြစ်မျိုး အဆင့်သို့ ရောက်နိုင်လို့  မပေါ့သင့်သော ရောဂါတမျိုးလည်း ဖြစ်ပါတော့သည် ။

ဒီလို ရောဂါကို အဖြစ်များတာက ကိုယ်ခံစွမ်းအားမကောင်းတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဓိကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ HIV/AIDS ဖြစ်တဲ့လူတွေ ဆိုရင် အများစုဟာ အဆုတ်တီဘီဖြစ်လာဖို့  အလွန်ပင် လွယ်ပါတယ်။

ငယ်ငယ်က တီဘီရောဂါ ကာကွယ်ဆေးထိုးထားတဲ့ လူတွေဆိုရင် ဦးနှောက်အမြှေး ပါး တီဘီရောဂါကို ကာကွယ်နိုင်ပါတယ် သို့ သော အဆုတ်ဖြစ်သော အဆုတ်တီဘီကိုတော့ မကာကွယ်နိုင်ပါဘူး။ အိမ်တအိမ်မှာ တီဘီပိုးတွေ့နေရင် အိမ်မှာရှိတဲ့ ကျန်တဲ့ လူတွေကို အချိန်မရွေး ရောဂါ ကူးစက်နိုင်တယ်။ ရောဂါရှိသူနဲ့နီးနီးကပ်ကပ်ရှိတဲ့လူတွေ၊ လုပ်ငန်းခွင်တွင် ရှိသော အပေါင်းအသင်းတွေကိုလည်း ကူးနိုင်တယ်။ အသက်ကြီးတဲ့လူတွေ၊ ဆီးချို၊ သွေးချိုရောဂါရှိတဲ့လူတွေ၊ စတီးရွိုက်ဆေး၊ ကင်ဆာကုသဆေး သောက်နေရတဲ့လူတွေ၊ ကျောက်ကပ် မကောင်းတဲ့လူတွေ၊ အာဟာရချို့တဲ့သူတွေလည်း တီဘီရောဂါကူးစက်ခံရနိုင်ပါသည် ။သလိပ်ထဲမှာ တီဘီပိုးတွေ့တဲ့သူတွေနဲ့ အတူနေတဲ့လူတွေပါ ဂရုစိုက် ကာကွယ်မှုမပြုရင် တီဘီပိုး အလျှင်အမြန် ကူးစက်ခံရနိုင်ပါတယ်။

အကြမ်းအားဖြင့် အထက်တွင် ဖော်ပြထားသည့် အချက်များဖြစ်လာပါကု လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးရပါတော့မည် ထို့ နောက် ဆေးကုသမှုခံကို မဖြစ်မနေ ခံယူရပါမယ်။
ရောဂါသိရှိရန် လုပ်ကြရပါတော့မယ် ၊ စစ်ဆေးသည်ပြု့ လုပ်ချက်များတွင် သလိပ်မှာလည်း ပိုးမတွေ့ဘူး၊ ဓာတ်မှန်မှာလည်း ပြတ်ပြတ် သားသားမတွေ့ဘူး။ သွေးအနည်ထိုင်နှုန်းတော့ များတယ်။ ညနေပိုင်းတော့ ဖျားတယ်ဆိုရင် လူနာလည်း လက်ခံမယ်ဆိုရင် (Test Trial) စမ်းသပ်ကုသခြင်း ပြုလုပ်ပါတယ်။

WHO ကနေပြီး ( တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု )ဆိုသည့်အတိုင်း ကုထုံးနဲ့တီဘီဖြစ်တဲ့လူတွေကို အခမဲ့ကုသ ပေးနေပါတယ်။ တီဘီရောဂါဖြစ်တဲ့ မည်သူမဆို သက်ဆိုင်ရာကျန်းမာရေးဌာနမှာ အခမဲ့ကုသနိုင်ပါတယ်။ ဒီတီဘီကုသဆေးတွေကို နိုင်ငံ တော်ပိုင်ဆေးရုံတွေရော၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတွေမှာလည်း အချိန်မီ အခမဲ့သွားရောက် ကုသနိုင်ပါတယ်။

ဒီရောဂါဖြစ်ပြီးဆိုရင် မပျောက်တော့ဘူးလို့  တချို့ က အစွဲထားကြပါတယ် မဟုတ်ပါဘူး
တီဘီရောဂါဟာ ကုသလို့ပျောက်တဲ့ရောဂါပါ။ မိမိကိုယ်တိုင်ရော၊ မိသားစုပတ်ဝန်းကျင်အတွက်ပါ ထည့် စဉ်းစားပြီး ထိထိရောက်ရောက် ဆရာဝန်မှာကြားတဲ့အတိုင်း ဆေးသောက်ရမယ့်သတ်မှတ်ကာလပြည့်အောင် တိတိကျကျ သောက်ဖို့တော့ အထူးလိုအပ်ပါတယ်။

ဆေးကို ၂-လသောက်သောက်လိုက်တာနဲ့  ကောင်းသွားပြီး သက်သာသွားတာနဲ ပ ပျောက်ပြီဆိုပြီး ဆေးမဖြတ်သင့်ပါဘူး သတ်မှတ်ကာထိရောက်အောင် သောက်ကိုသောက်ရပါလိမ့်မည် ရက်ပျက်လို့ သောက်လိုက် မသောက်လိုက်ဖြစ်နေပါက ဆေးယဉ်ပါးသော တီဘီမျီုးကို ရောက်ရှိတတ်ပါသည် ။

တီဘီဆေးဝါးများကိုလည်း နိုင်ငံတော်ကနေ အမျိုးသားအဆင့်သတ်မှတ်ပြီးကျန်းမာစောင့်ရှောက်ရေးအဖြင့် တီဘီရောဂါကို အခမဲ့ကုသပေးနေပြီဆို တဲ့အကြောင်း ထပ်မံ အသိပေးပြောကြားလိုက်ပါသည် ။

Mg Mandalay

HOTEL IN DUBAI INTRODUCES GOLD IPAD FOR GUESTS

 
ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်၇ပွင့် ဟိုတယ် Burj Al Arab မှာလာတည်းတဲ့ ဧည့်သည်တွေ အတွက် ၂၄ carat ရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို ဟိုတယ်က မိတ်ဆက် ပေးလိုက် ပါပြီ။
အကောင်းတကာ့ အကောင်းဆုံး နေချင်စရာ နေရာတစ်ခု၊ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်ခုနှစ်ပွင့် ဟိုတယ်ဖြစ်တဲ့ Dubai က Burj Al Arab ဟိုတယ်က တကယ့်ကို most luxurious hotel တစ်ခုပါ။ double room တစ်ခန်းတည်း ကိုပဲ ဒေါ်လာ ၁၅၀၀လောက်က စပြီးပေးရ ပါတယ်။ တကယ်လို့ သင်ဟာ ဒီလို နေရာမျိုးကို သွားခွင့်ရှိတဲ့ လက်တစ်ဆုပ်စာ လူတွေထဲက တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ရောက်ကတည်း က သင့်အတွက် ဟိုတယ်မှာ နေစဉ်အတွင်း အသုံးပြုဖို့ iPad တစ်လုံးကို ဟိုတယ်က ပေးပါလိမ့်မယ်။ ရိုးရိုး iPad လို့မထင်ပါနဲ့။
၂၄ကာရက် ရွှေနဲ့ပြုလုပ်ထားတဲ့ iPad တွေဖြစ်ပြီး အလုံးပေါင်း ၂၀၂လုံး ရှိပါတယ်။ Burj Al Arab ဟိုတယ်ရဲ့ လိုဂိုကိုပါ ထည့်သွင်း ထားပြီး တော့ ဗြိတိန်က brand တစ်ခုဖြစ်တဲ့ Gold & Co. ကဒီဟိုတယ် အတွက်သာ သီးသန့် ပြုလုပ် ပေးထားတာပါ။ ကိုင်တာများပြီး အကျင့် ပါမသွားနဲ့ ဦးနော်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဟိုတယ်မှာ တည်းခိုပြီးတာနဲ့ ပြန်ပေးခဲ့ ရမှာမို့လို့ပါ။ အခန်းတိုင်းမှာ iMac ကွန်ပျူတာတွေ ထည့်သွင်း ပေးထားတဲ့ အပြင် ဟိုတယ်မှာ လာတည်းတဲ့ လူတိုင်းကို ဒီရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို အသုံးပြုခွင့် ပေးမှာပါ။ ဒီ iPad တွေက virtual concierge service တွေကိုပါ ဆောင်ရွက် ပေးမှာဆိုတော့ ဟိုတယ်က ပေးနေတဲ့ ၀န်ဆောင်မှုတွေ၊ စားသောက်ဆိုင် မီနူးတွေ၊ spa treatments တွေကစလို့ အခန်း သန့်ရှင်းရေး၊ စားပွဲထိုး စတဲ့ ၀န်ဆောင်မှု တွေကိုပါ လုပ်ဆောင် ပေးမှာပါ။ ကိုင်တာများ သွားလို့ လိုချင်တယ် ဆိုရင်လည်း ဟိုတယ်ကနေ တဆင့် ၀ယ်ယူလို့ ရပါတယ်။ ဘယ်လောက် ကျမလဲ ဆိုတာတော့ မမေးပါနဲ့။ ဘယ် iPad model ကိုသုံးမလဲ ဆိုတာတော့ မသိရ ပေမယ့် နောက်ဆုံးပေါ် မော်ဒယ်ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Burj Al Arab ဟိုတယ်မှာ ဒီရွှေ iPad တွေအပြင် တခြားဇိမ်ခံ အသုံးအဆောင် တွေဖြစ်တဲ့ Walk-in showers နဲ့ Jacuzzis, huge plasma TVs, Rolls-Royce ကားတွေ အပြင် ကိုယ်ပိုင် စားပွဲထိုး ထားပေးတဲ့ ၀န်ဆောင်မှု တွေပါ package ထဲမှာ ပါဝင်ပါတယ်။ ဒါတွေက စံသတ်မှတ် ချက်တွေ ဖြစ်ပြီး ဒီလို အတွေ့အကြုံမျိုး ဘယ်မှာမှ မရနိုင်ပါဘူး။ တစ်ခုရှိ တာက IT ဘက်ကလူတွေ ဒီဟိုတယ်မှာ လာတည်းခို တာဟာ ဒီရွှေ iPad ထက်တခြား သူ့ရဲ့ ၀န်ဆောင်မှု တွေကြောင့် ပိုဖြစ်နိုင်ချေ ရှိပါတယ်။ iPad ရှိ၊ မရှိထက် Burj Al Arab မှာလာတည်းခို ရတာကို ပျော်နေပါပြီ။


Source and Images from Redmondpie

By MYMC

မရဏ သက်တန်. ဖား

 
အမေရိကတိုက် အလယ်ပိုင်း ကော်စတာရီကာနိုင်ငံနဲ့ ပနားမားတို့မှာ သာ တွေ့ရတဲ့ ဖားများ ဖြစ်ပါတယ်။
အသဲစားဘုရင်လိုခေါ်ရတဲ့ အကြောင်းကလော့ အရောင်လှသလောက် ဒုက္ခ ကြီးကြီးပေးတတ်တဲ့ဖားများမို့လိ
ု့ ဖြစ်ပါတယ်။ Atelopus varius လို့ခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရောင်အသွေးစုံပါတယ်။ မျိုးစိတ်ထပ်ကွဲပြိး အဝါရောင်၊အနက်ရောင်ရော၊ ခရမ်းရောင်၊နက်ရောင်ရော၊ ပန်းရောင်၊ စိမ်းရောင် အစရှိသဖြင့် အရောင်အသွေး စုံစုံလင်လင်ကို ရှိ ပါတယ်။ ဆေးခြယ်ထားတဲ့ အတိုင်းကို လှပတဲ့ဖားများ ဖြစ်ပါတယ်။ clow frog လို့လည်း ခေါ်ပါတယ်။
သို့ပေမယ့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဖားစာရင်းထဲမှာပါပါတယ်။ သူ့အဆိပ်က အရည်အပြားထိလိုက်တာနဲ့ကို သက်ရောက်ပါတယ်။ သက်ရှိ တော်တော် များများ သေပါတယ်။ လူကိုလည်း သေ စေတဲ့ ဖြေဆေးရှား ဖားဆိပ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဘယ်တိရစ္ဆာန်မှာ မထိရဲပါဘူး။ ဖားဘုရင်တစ်မျိုးပါပဲ။ ကမ္ဘာ့ရှားပါးမျိုးစိတ်ထဲမှာလည်း ပါဝင်တဲ့ ဖားများ ဖြစ်ကြောင်း သိရပါတယ်။

Ref: wiki

ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ


မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည်အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။
Ref: Good Health