ကျန်းမာရေးနှင့် အလှအပအတွက် ထောပတ်သီး
ဒီနေ့ ပြတိုက်အတွက်ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုးကိုတင်ပြပေးပါမယ်။ဒီအသီးကတော့ထောပတ်သီးဘဲဖြစ်ပါတယ်။ဒီအသီးဟာလည်းရှားပါးအသီးမျိုးတော့မဟုတ်ပါဘူး။အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ် ။ ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။ အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ်ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
အာရောဂျံအကျိုးကျေးဇူးများ
ထောပတ်သီးဟာ တခြားသော လူအများစားသုံးကြတဲ့ သစ်သီးတွေထက် ကာရိုတီနွိုက်လူတင်း (Carotenoid Lutein)ပါဝင်တာ ကြောင့် မျက်လုံးနဲ့ ပတ်သက်တဲ့ ဘေးဘယာများကိုကင်းရှင်းစေပါတယ်။ နှလုံးသမားများအတွက် ထောပတ်သီးဟာ အစဉ်သဖြင့် မှီဝဲ သင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးထဲက ဖိုလေး (Folate) ဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် နှလုံးရိုက်ခြင်း၊ ဖြတ်ခြင်း များကို ကာကွယ် ပေးနိုင်စွမ်း ရှိပြီးနေ့စဉ် ထောပတ်သီးဖျော်ရည်တဟ်ခွက် သောက်သုံးခြင်းဖြင့် ရုတ်တရက် နှလုံးရှော့ခ်ရိုက်ခြင်းမှ ၂၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ Monounsaturated Fats နဲ့ ဂလူတသီဝမ်ဓာတ်တို့ဟာ နှလုံးအတွက် အားပေးစေတဲ့ ဓာတ်များပဲ ဖြစ်ပါတယ်။
ဗီတာမင်တွေထဲမှာ ပျိုတို့အတွက် အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အရေးအကြီးဆုံး ဗီတာမင်တစ်ခု ဖြစ်တဲ့ ဗီတာမင် အီးကို ချို့တဲ့နေတယ်ဆိုရင် ထောပတ်သီးကို သုံးဆောင်ပေးသင့်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင်အီး ပေါကြွယ်ဝဆုံး သစ်သီးတစ်မျိုး ဖြစ်ပါတယ်။
ထောပတ်သီးဟာဝိတ်ကျစေတယ်လို့အမေရိကန်နှလုံးရောဂါအဖွဲ့ကြီးက ထောက်ခံချက်ပေးထားပါတယ်။ အမေရိကန်ဆီးချို ရောဂါကာကွယ်ရေး အဖွဲ့ကလည်း ထောပတ်သီးဟာ ဆီးချိုရောဂါမဖြစ်ပွားအောင် တားဆီးပေးနိုင်စွမ်းရှိရုံမျှမက ဝိတ်ကျစေတယ်လို့ အတည်ပြုထားပါတယ်။
ကာကွယ်တားဆီးပေးခြင်း
ထောပတ်သီးဟာ ကင်ဆာအတော်များများကို ကြိုတင်ကာကွယ် တားဆီးပေးပါတယ်။ အနောက်တိုင်းမှာ အမျိုးသမီးတွေ အဖြစ်များ နေတဲ့ ရင်သားကင်ဆာရောဂါကိုလည်း တားဆီးပေးပါတယ်။ ထောပတ်သီးထဲမှာ ပါတဲ့ အော်လီအစ် (Oleic) အက်ဆစ် ပါဝင်မှုကြောင့် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီ စာတမ်း အတော်များများမှာ တွေ့ရှိထားပါတယ်။
ထောပတ်သီးနဲ့ အလှပြင်နည်းများ
ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ အထူးကြွယ်ဝတာကြောင့် ပျိုတို့ရဲ့ အလှအပတိုးတက်ရေးအတွက် အထူးပဲ သင့်တော်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သာမန်စားသုံးပေးရုံနဲ့တင် လူကို အကျိုးပြုစေတဲ့ သစ်သီး ဖြစ်ပါတယ်။
မျက်လုံးမို့အစ်ဖောင်းနေခြင်း
ဖိအိပ်ထားလို့ပဲ ဖြစ်ဖြစ်၊ ငိုထားလို့ပဲ ဖြစ်ဖြစ် မျက်ဝန်းပေါ်က မျက်ခွံအိမ်လေးဟာ မို့မို့ဖောင်း နေတတ်ပါတယ်။ ဒီမို့မို့ဟာ ပျိုတို့အတွက် လိုလားအပ်တဲ့အရာတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီလိုမျိုး မျက်ခွံမို့မို့ဖောင်းနေရင် ထောပတ်သီးကို အခွံခွာပြီး အတွင်းသားလေးကို အ လွှာချပ်လေးပုံစံလှီးပြီး မျက်ခွံပေါ်သိပ်ပါ ကျန်အတွင်းသားတွေနဲ့ မျက်နှာအသားအရေကို လိမ်းကျံပါ။ မျက်လုံးအောက်ဘက်ခြမ်းနေရာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ်၂၀ ခန့်ထားပြီးတော့မှ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။ မို့မို့ဖောင်း မျက်ခွံလေးတွေ ပျောက်ကင်း သွားပါလိမ့်မယ်။
ကေသာဆံမြ နူးညံ့လှစေ
ပျိုတို့ကေသာအတွက် ဗီတာမင်အီးပါတဲ့ ရှမ်ပူတွေကို သုံးမယ့် အစား အောက်က ဖော်ပြထားတဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်မယ်ဆိုရင် ပျိုတို့ရဲ့ ကေသာဟာ သိသိသာသာ နူးညံ့ပြီး ချောမွေ့လာပါမယ်။ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဆဲလစ်တာဘန့်ခါဟာ ဆိုရင် ထောပတ်သီးနဲ့ အမြဲခေါင်းလျှော်ပြီး ကေသာ တောက်ပြောင်အောင် လုပ်တယ်လို့ သိရပါတယ်။
ဆဲလစ်တာရဲ့ ကေသာတောက်ပြောင် လျှို့ဝှက်ချက်နည်းကတော့ ထောပတ်သီး တစ်လုံးဝက်ခန့်ကို အနှစ်သားတွေပဲ ယူပြီးဆံပင်ကို လိမ်းကျံတာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့်ထားပြီးမှ ရေနဲ့ ပြန်ဆေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပန်းကန်ခွက် (သေးသေး)တစ်လုံးထဲကို ထောပတ်သီးတစ်လုံး (ဆံပင်တိုရင်တော့ တစ်ဝက်ခန့်သာသုံးရန်)၊ ကြက်ဥအကာရည်(ကြက်ဥတစ်လုံးစာ)၊ သံလွင်ဆီ ဇွန်းတစ်ဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ရောစပ်ပြီး ဆံပင်ကို လိမ်းပေးပါ။ လိမ်းပြီး နာရီဝက်ခန့်(သို့) အထက်ထားပြီး ခေါင်းလျှော်ပေးပါ။
လက်အသားအရေ နူးညံ့ချောမွေ့စေခြင်း
ရွှေဇွန်းကိုက်ပြီး မမွေးလာရလို့ပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားလက်ရန်းကိုင်ပြီး ကားတိုးစီး နေရလို့ပဲ ဖြစ်ဖြစ် မေတို့ရဲ့ လက်ချောင်းလေးတွေ ဟာ ထူထဲမာကြမ်းနေတယ်ဆိုရင် ထောပတ်သီးက နူးညံ့သွားအောင် တာဝန်ယူကူညီဖြေရှင်းပေးပါရစေ။
ထောပတ်သီး (အခွံနွာပြီးလေးပုံတစ်ပုံခန့်ထည့်ရန်)၊ ကြက်ဥအကာရည် (ကြက်ဥ တစ်လုံးစာ)၊ ကောက်ညှင်းဆန် ၂ ဇွန်းခန့် (စားပွဲတင်ဇွန်း)၊ သံပုရာရည်တစ်ဇွန်းခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ပေါင်းစပ်ရောနှောပြီး လက်ဖမိုးနဲ့ လက်ခုံတို့ကိ လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ ခန့်စောင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှရေနွေးနွေးနဲ့ ဆေးကြောပြီး လက်ကိုဖွဖွလေး ပြန်နှိပ်ပေးပါ။ လက်ဖမိုးအသားအရေဟာ နူးံညံ့ပျော့ပြောင်းလာမှာ ဖြစ်ပါတယ်။
ထောပတ်သီးနဲ့ နေလောင်ဒဏ်အသားအရေကို ကုစားနိုင်ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရဲ့အတွင်း သား နဲ့ နေလောင်ခံထားရတဲ့ အရေပြားတွေကို ညင်သာစွာ ပွတ်ပေးပါ။ နေလောင်အသားအရေများ ကင်းပသွားပြီး နေ့စဉ်ထော ပတ်သီးကို စားသုံးပေးမယ်ဆိုရင် အလွယ်တကူ ဖျားနာခြင်းများ၊ အားအင် ကုန်ခမ်းမောပန်းခြင်းများကိုလည်း တားဆီးကာကွယ်ပေးသွားပါတယ်။
လျှို့ဝှက်ချက် - ထောပတ်သီးအတွင်းသားနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံပေးရင်လည်း ကိုယ်အရေပြားနူးညံ့စေပါတယ်။
သတိထားရမည့်အချက်များ - ထောပတ်သီးကို ရေခဲသေတ္တာထဲမှာ လှီးပြီး၊ ခြမ်းပြီး၊ စိတ်ပြီး ၂ ရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်။
- ထောပတ်သီးကို ခွဲခြမ်းပြီးနောက် မြန်မြန်သုံးလေပိုပြီး အာနိသင်ရှိလေပဲ ဖြစ်ပါတယ်။ အကြာကြီး သိမ်းထားရန် မသင့်ပါ။
Credit - Ko Zaw Naing
Myanmar Sky Link
ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ
ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ
ရန်ကုန်၊ ဧပြီ- ၂၉
မြန်မာနိုင်ငံတွင် လာမည့် ဇွန်လ၂၇ ရက်၌ ဆန်ခါတင်ရွေးချယ်ထားသော မိုဘိုင်းဖုန်းကုမ္ပဏီ ၁၂ ခုထဲမှ နှစ်ခုကို လုပ်ပိုင်ခွင့်အတွက် ရွေးချယ်တော့မည်ဖြစ်ပါသည်။
ထူးခြားမှုတစ်ခုမှာ မကြီးမားလှသော ဆဲလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Digicel Group Ltd သည်လည်း ကုမ္ပဏီကြီးများနှင့် အပြိုင်လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။
ကမ္ဘာ့ဆဲလ်ဖုန်း သုံးစွဲသူအရေအတွက် စာရင်းတွင် အဆင့် ၆၅ သာ ပေါက်နေသည့် ကုမ္ပဏီငယ်တစ်ခုအတွက် ကုမ္ပဏီကြီးများနှင့်အပြိုင် လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်စေရန် Digicel သည် ၂၀၀၉ ခုနှစ်
ကတည်းက မြန်မာနိုင်ငံကို လေ့လာခဲ့ပြီး ၂၀၁၂ နှစ်ဆန်းကပင် စတင်ဝင်ရောက်ခဲ့သည်။
Digicel ၏ ဗျူဟာမှာ ၎င်းဝင်ရောက်လိုသည့် နိုင်ငံအတွင်း ကြိုတင်ရင်းနှီးမှုရယူခြင်းဖြစ်သည်။ Digicel သည် မြန်မာနိုင်ငံထဲသို့ စောလျင်စွာ ခြေစုံပစ်ဝင်ရောက်ရာတွင် ၀န်ထမ်းများကို ငှားရမ်းနေခဲ့ရုံသာမက ပြည်တွင်းအားကစားပွဲများကို ရန်ပုံငွေထောက်ပံ့ခြင်း၊ ဆဲလ်တာ ၀ါတိုင်စိုက်ထူမည့် ဒေသများအတွက် မြေနေရာငှားရမ်းရေး အကြိုညှိနှိုင်းမှုများ ပြုလုပ်နေပြီး လက်ကားရောင်းချမည့် စီးပွားဖက်များနှင့်လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးနေပြီဖြစ်ကြောင်း စင်ကာပူမှလာသော ရိုက်တာသတင်းတွင် ဖော်ပြသည်။
Digicel Group Ltd ၏ စီးပွားရေးဗျူဟာ အလုပ်ဖြစ်၊ မဖြစ် မသိရသေးသော်လည်း ကာရီဘီယန်နှင့် ပစိဖိတ်ကျွန်းစုတစ်ဝိုက် ပြင်ပတွင် လူသိနည်းသော Digicel သည် သာမန်အားဖြင့် သတိနှင့် ရင်းနှီးမြှုပ်နှံလေ့ရှိသည့် ဆက်သွယ်ရေးလုပ်ငန်းလောကကို အတော်လေး လှုပ်ခါသွားစေခဲ့သည်။
ကုမ္ပဏီကြီးများသည် Digicel ကို လျှော့မတွက်သင့်ကြောင်း အာရှဆက်သွယ်ရေးလုပ်ငန်းများတွင် ၂၅ နှစ်ကျော် အကြံပေး လုပ်ကိုင်နေသည့် ဟောင်ကောင်အခြေစိုက် စီးပွားရေး အကြံပေး ရော်ဂျာဘာလိုက မှတ်ချက်ချပြောဆို သည်။
Digicel ကုမ္ပဏီသည် ဈေးကွက်များကို ကြိုတင်ဝင်ရောက် ရင်းနှီးသည့်နည်းအားဖြင့် ဒေသခံများကို ၎င်းတို့၏ ကုမ္ပဏီအမည်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်လေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း မြန်မာအစိုးရက တင်ဒါခေါ်ယူရန်
ပြင်ဆင်နေစဉ်မှာပင် Digicel က မြန်မာပြည်တွင်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေခဲ့သည်။
စီးပွားရေးလောကအတွင်း အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၀င်ရောက်သော်လည်း အလုပ်မဖြစ်ခဲ့လျှင်မူ ပြန်လည်ဆုတ်ခွာသောသာဓက ရှိခဲ့ဖူးသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် Digicel ကုမ္ပဏီလိုင်စင်ရခဲ့စဉ်က
ကုမ္ပဏီ တစ်ခုတည်းထားရန်အကြံပြုချက်ကို ကမ္ဘောဒီးယားအစိုးရက လက်မခံဘဲ လိုင်စင်နှစ်ခုချပေးခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေမကိုက်သောကြောင့် ရရှိပြီး လိုင်စင်ကိုပြန်အပ်ခဲ့ဖူးသည်။
သို့သော် မြန်မာနိုင်ငံတွင်မူ ကမ္ဘာ့မိုဘိုင်းဖုန်းအနည်းဆုံးနိုင်ငံဖြစ်နေသဖြင့် သန်း ၆၀ သော လူထုဈေးကွက်က ဆဲလ်ဖုန်းဈေးကွက်များအတွက် အလားအလာကြီးမားသော ဈေးကွက်ဖြစ်နေသည်။ တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ၄ ရာခိုင်နှုန်းသာရှိသော မိုဘိုင်းဖုန်းကို မြန်မာအစိုးရက လာမည့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုနေသည်။
လက်ရှိဆန်ခါတင်ကုမ္ပဏီ ၁၂ ခု စာရင်းတွင် Digicel အပါအ၀င် Vodafonel China Mobile Ldt Telenor ASA တို့နှင့် အခြား ကုမ္ပဏီကြီးများ ပါဝင်သော်လည်း အချို့ကုမ္ပဏီကြီးများဖြစ်သည့် တောင်ကိုရီးယား SK Telecom Co Ltd နှင့် အီဂျစ်မှ Orascom telecom Holding SAE တို့ မှာမူ ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့ကြပေ။
Digicel ကုမ္ပဏီသည် အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ပိုင်သည့် Quantum Strategic Partners နှင့် မြန်မာပိုင် Yoma Stategic Holdings တို့နှင့် ပူးပေါင်းပြီး လိုင်စင်လျှောက်ထားခဲ့သည်။
credit:7daynews
အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ
အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။
၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းကတော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ။
၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ် သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူး သဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကိုကာကွယ် ပေးပါလိမ့်မယ်။
၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကိုရပ်ထား သင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင်နောက်နေ့မှာ လည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ပါ လိမ့်မယ်။
ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့်သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ဝိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ % မှ ၉ % ထိပါဝင်သည့် ဘီယာ 207.015 ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။
အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။
၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမဝင်ခင် ၁ နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။
၆။ အိပ်ရာမဝင်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေ များများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်း ကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။
၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အားအကျိုးဆက်တစ်ချို့ ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေး ထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့်ဆုံးရှုံးသွား တဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့စားထားတဲ့အစားအစာတွေ က သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။
၈။ အိပ်ရေးဝဝအိပ်ပေးပါ။
၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကိုစားမိတယ်ဆိုရင် တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။
၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင် မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။
အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံမှသာခံစားရ မယ်ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့် မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာ လည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
credit to>>>http://on.fb.me/14bZP6P
ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်
ခေါင်းကိုက်ခြင်းဟာ အလွန် အဖြစ်များတဲ့ နာကျင်မှု ဖြစ်ပြီး လူတိုင်း လိုလို ခေါင်းကိုက် ဖူးကြ ပါတယ်။
ခေါင်းကိုက်ခြင်းကို ဖြစ်စေ နိုင်တဲ့ အကြောင်းရင်းေ...တွ အများကြီးရှိပြီး ဖိစီးမှု ကတော့ အဓိက ကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက် စေတဲ့ နောက်ခံ အကြောင်းအရင်း ရောဂါ ကြီးကြီးမားမား မရှိရင်တောင် နေ့စဉ် ဘဝမှာ သင့်ရဲ့ လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်း...ကိုက် လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာ ရှေ့မှာ အချိန် အကြာကြီး အလုပ်လုပ် နေရင် ခေါင်းကိုက် လာနိုင်ချေ များပါတယ်။
ဒါကြောင့် သင်ခေါင်းကိုက် လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက် တာလဲ ဆိုတဲ့ အကြောင်း ရင်းကို ရှာဖွေ စစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူ တွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲ သင့်ပါတယ်။ အောက်ပါ အကြံပြုချက် တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေး တွေပါ။
၁။ကိုယ်ဟန် အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေ ပါတယ်။ ဒါကြောင့် ကိုယ်ဟန် အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီး ပါတယ်။ လည်ပင်းနဲ့ ပခုံးက ကြွက်သား တွေဟာ ကိုယ်ဟန် အနေအထား မမှန်ရင် တင်းတောင့် နေတဲ့ အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထား သင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်း နည်းပါပဲ။
၂။စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ ရေနွေးထဲမှာ တစ်ဘက် တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့ နေရာပေါ် အုပ်ထားပါ။
၃။အမျိုးသမီး တွေဟာ ရာသီ မလာခင်ရက်မှာ ခေါင်းကိုက် တတ်ပါတယ်။ ဒီလို ခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီး တွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီ နည်းတဲ့ အသားကို စားနိုင်ပါတယ်။
၎။ခေါင်းကိုက် တာကို ဖြစ်စေတဲ့ အဓိက အကြောင်း ကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့ အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက် အနားယူဖို့လည်း အရေးကြီး ပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီး မလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။
၅။ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်တဲ့ အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ် ပါတယ်။ ဒီလို ခေါင်း ကိုက်ခြင်းမျိုး အတွက်တော့ အနှိပ်ခံရင် သက်သာစေ ပါတယ်။ ဖိစီးမှုတွေ ပြေပျောက် စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင် သာသာ နှိပ်နယ်ပေးပါ။
၆။အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန် မှန်မှန်စားဖို့ အရေးကြီးပါတယ်။
၇။ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာ စေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။
၈။လဲလျောင်း နေပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့ အနားရစေပြီး ခေါင်းကိုက် သက်သာ စေပါတယ်။
၉။အကိုက်အခဲ ပျောက်ဆေး တွေက ခေါင်းကိုက် သက်သာ စေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ် အနာရောဂါ အပါအဝင် တခြား ကျန်းမာရေး ပြဿနာတွေ ရှိရင် ဆရာဝန် ညွှန်ကြားမှသာ အကိုက်အခဲ ပျောက်ဆေး သောက်ပါ။
၁၀။ခေါင်းတစ်ခြမ်းကိုက် ရောဂါ ရှိသူတွေ ကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်း ထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာ တွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တာကို ဖြစ်စေ နိုင်တဲ့ အတွက် ဘယ်လို အစားအစာ တွေကြောင့် သင့်ခေါင်းကိုက် တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။
  ခရက်ဒစ်....http://on.fb.me/14bZP6P
ဆေးဘက်ဝင် နံနံပင်
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။
ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။
အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။
credit to>>>Facebook
*ဟောက်တတ်သူများ အတွက် ဟောက်ခြင်း အကြောင်း*
ဟောက်ခြင်းသည် အိပ်နေစဉ် ပါးစပ်နှင့် နှာခေါင်းတို့မှ ထွက်ပေါ်လာသော
အသံဖြစ်ပါသည်တဲ့။ ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ အိပ်နေတုန်း
အသက်ရှူတဲ့ အခါ ရှူသွင်း ရှူထုတ်သော လေလမ်းကြောင်း ရှင်းရှင်းလင်းလင်း
မရှိလို့ပါပဲ။ ရှင်းရှင်းလင်းလင်းမရှိတဲ့ လမ်းကြောင်းမှာသွားရတဲ့လေဟာ
နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း စတာတွေရဲ့ နံရံတွေကို တိုက်ခတ်တုန်
လှုပ်စေခြင်းဖြင့် ဟောက်တဲ့ အသံတွေထွက်လာရတာပါ။ လေလမ်းကြောင်း
ပိတ်ဆို့ခြင်းဟာ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း တလျှောက် အသားပို
အဆီပိုတွေများနေခြင်း နဲ့ သက်ဆိုင်သလို၊ လူရဲ့ အိပ်တဲ့ပုံစံအနေအထား၊
အခြားရောဂါရှိမရှိနဲ့လည်း ဆိုင်ပါတယ်။
အများသိကြတဲ့အတိုင်း ဟောက်တဲ့သူအတွက် ဟောက်ခြင်းဟာ တော်ရုံ
ဒုက္ခပေးလေ့မရှိပါဘူး။ သူဟောက်တတ်တယ်ဆိုတာတောင် သူ့ကိုယ်သူ
သိချင်မှသိမှာပါ။ အဲ.. ဒုက္ခရောက်တာကတော့ သူ့ရဲ့ အိမ်ထောင်ဖက်၊ မိသားစု၊ အိမ်နီးနားချင်းစတာတွေပေါ့ဗျာ။ ကိုယ်ကလည်း အိပ်မပျော်တဲ့ညမှာ
ဟောက်တတ်တဲ့သူက ဘေးမှာဆိုရင်တော့ .. ခံစားရပြီပေါ့။
ဟောက်ခြင်းထက် တဆင့်ပိုလာရင်တော့ အိပ်နေစဉ်လေငတ်ခြင်း
Sleep Apnoea ဖြစ်တတ်ပါတယ်။ ဒါကတော့ တော်တော်ဆိုးပါတယ်။
ကျဉ်းကျဉ်းကျပ်ကျပ် အသက်ရှူလေလမ်းကြောင်း နဲ့ အားပါးတရဟောက်ပြီး
အသက်ရှူနေရတဲ့ အချိန်မှာ အခန့်မသင့်ရင် လေလမ်းကြောင်းလုံးဝ
ပိတ်သွားတတ်ပါတယ်။ ဒီလိုအချိန်မှာဆိုရင် ဟောက်တဲ့သူဟာ အသက်ရှူ
စက္ကန့်ပိုင်းလောက် ရပ်ရပ်သွားပါတယ်။ တခါတလေ အသက်ရှူရပ်ပြီးလန့်နိုးပါတယ်။
ခဏခဏ လန့်လန့်နိုးလို့ နောက်ဆို အဲသလို နိုးတာကိုတောင်
သတိမထားမိနိုင်တော့ပါဘူး။ သူ့ဖာသာမသိပဲ တစ်ညလုံး ဟောက်လိုက်၊
အသက်ရှူရပ်လိုက်၊ လန့်နိုးလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။
ဒါကြောင့် ဟောက်တဲ့လူ တချို့ ဆို ဘယ်တော့မဆို အိပ်ရေးမ၀ ဖြစ်နေပြီး
နေ့ခင်းဖက်လည်း တချက်တချက် ငိုက်ငိုက်သွားတတ်ပါတယ်။
(ဟောက်ခြင်းရဲ့အနုပညာ)။
တစ်ယောက်နဲ့တစ်ယောက် ဟောက်တာခြင်းမတူကြပါဘူး။
ကျနော်ကတော့ Soundbox ဆိုက်ကွာ လို့ထင်ပါတယ်။ အသံ
အတိုးအကျယ်အပြင်၊ အနုအကြမ်းလည်း ကွာပါတယ်။ အတက်
အဆင်းလဲရှိပါတယ်။ ဂီတလိုပြောရရင် Crescendo, Descendo ဖြစ်ပါတယ်။
Timing လည်းကွာပါတယ်။ ဟောက်တဲ့ အသံကိုသေသေချာချာ
လိုက်နားထောင်ရင် Human Beatbox (Classical)ဖြစ်ပါတယ်။
ဟောက်ရာကနေ အပေါ်မှာပြောခဲ့သလို အသက်ရှူရပ်ရပ်သွားတဲ့
အဆင့်ကို ရောက်နေပြီဆိုရင်တော့ အရေးကြီးလာပါပြီ။ ဆရာဝန်နဲ့ပြသင့်ပါပြီ။
(ဘာကြောင့်ဟောက်တာလဲ )။
လူတစ်ယောက် အိပ်ပျော်သွားတဲ့ အချိန်မှာ ပုံမှန်တင်းနေတဲ့ ကြွက်သားတွေဟာ
ယေဘူယျအားဖြင့် လျော့သွားပါတယ်။ အာခေါင်၊ လည်ပင်း၊ နှာခေါင်း စသည် အသက်ရှူလမ်းကြောင်းတစ်လျှောက် ကြွက်သားတွေ လျော့ရဲသွားခြင်းကြောင့်
လေရှူသွင်း ရှူထုတ်တဲ့ အခါ ကြွက်သားနံရံတွေကို တုန်ခါမှုတွေဖြစ်စေပါတယ်။
ရူပဗေဒမှာ ပြောသလိုပါပဲ တုန်ခါမှု = အသံ။
ဝသောသူများမှာ အသက်ရှူလမ်းကြောင်း တလျှောက်အသားပိုအဆီပိုများ
စုလာခြင်းကြောင့် လေလမ်းကြောင်းပိုကျဉ်းပါတယ်
ဒါကြောင့်ပုံမှန်သူများထက် ပိုဟောက်နိုင်ပါတယ်။
အသက်ကြီးသူများကတော့ ကြွက်သားများပိုမို လျော့ရဲတဲ့ အတွက် ပိုဟောက်ကြပါတယ်။
အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းကြောင့်လည်း အိပ်ပျော်နေစဉ်
်ကြွက်သားများပိုမိုလျော့ရဲပါတယ်။
ပက်လက်အိပ်သူများကျတော့ လျှာက အနောက်ကို ပျော့ကျပြီး အသက်ရှူလမ်းကြောင်းကို သွားဖိထားသလိုဖြစ်လို့ အသက်ရှူလမ်းကြောင်း ကျဉ်းပြီးဟောက်ပါတယ်။
အအေးမိ၊ နှာစေး၊ နှာခေါင်းပိတ်နေသူများလည်း အသက်ရှူရခက်ခဲလို့ ဟောက်ပါတယ်။
ပုံမှန် ဆေးလိပ်သောက်ရင် အသက်ရှူလမ်းကြောင်းနံရံများ ယောင်နေတတ်ပါတယ်။
ဒီအခါမှာ လေလမ်းကြောင်းကျဉ်းသွားစေပြီး ဟောက်နိုင်ပါတယ်။
ရုပ်ခန္ဓာချို့ယွင်းချက်အရ အသက်ရှူလမ်းကြောင်းပုံမှန်မဟုတ်သူများ၊
အာသီးယောင်သူများ၊ အာသီးကြီးသူများ၊ အာခေါင်စောက် တိမ်သူများ
လည်းဟောက်ကြပါတယ်။
(ဘယ်လိုကုကြမလဲ )။
ဟောက်ခြင်းအတွက် ဥုံဖွ ကုထုံးမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုး စမ်းလုပ်ကြည့်နေကြတာပါပဲ။ အဓိကလုပ်ရမှာတွေကတော့ -
၁။ ၀နေရင် ၀ိတ်ချပါ။ ပုံမှန်ဆိုရင်တော့ ထိန်းထားပါ။
၂။ ကာယလေ့ကျင့်ခန်းများပုံမှန်လုပ်ပြီး တစ်ကိုယ်လုံးက ကြွက်သားများ တောင့်တင်းနေရန် လုပ်ပါ။
၃။ ပက်လက်အိပ်မယ့်အစား ဘေးစောင်းအိပ်ပါ။
၎။ အိပ်ခါနီး အရက်သောက်ခြင်းကိုရှေုာင်ပါ
၅။ ဆေးလိပ် ဖြတ်ပါ၊ မဖြတ်နိုင်သေးရင် လျှော့ပါ။
နှာစေးပြီး နှာခေါင်းမပိတ်ပါစေနဲ့။ နှာခေါင်းပိတ်နေပြီး ပါးစပ်နဲ့ အသက်ရှူခြင်းမလုပ်ပါနဲ့။
နှာခေါင်းပွင့်အောင် ပရုတ်ဆီ၊ ယာပန်းဆီ ရှူခြင်းလုပ်ပါ။ ယာပန်းဆီ တစက် နှစ်စက် ခေါင်းအုံးတွင်ဆွတ်ထားပါ။ နှာခေါင်းပိတ်ခြင်းအတွက် နှာခေါင်းထဲ ပန်းဆေးများကို
အသုံးပြုနိုင်ပါတယ်။ မြန်မာပြည်မှာ လွယ်လွယ်ကူကူ ၀ယ်လို့ရပါတယ်။
ဘယ်နည်းနဲ့မှ မရရင်တော့ ဆရာဝန်နဲ့ပြပါတော့။ တခါတလေ ဟောက်ခြင်းအတွက်
ခွဲစိတ်မှု တောင်လုပ်ရင် လုပ်ရတတ်ပါတယ်။
(နောက်ဆက်တွဲများ)။
သာမန်ဟောက်ခြင်းကတော့ ညညကျ မိန်းမ ထထဆိတ်ခြင်း ခံရတာက
လွဲလို့ ပြဿနာ အထူးအထွေမရှိပါ။ ဒါပေမယ့် အသက်ရှူရပ်ရပ်သွားတဲ့
Obstructive Sleep Apnoea ဆိုရင်တော့ အိပ်ရေးမ၀ခြင်း၊
နေ့ဖက်အိပ်ငိုက်ခြင်းတွေအပြင် မကုသပဲထားမယ်ဆိုလျှင်
သွေးတိုး၊ နှလုံး၊ လေဖြတ် ရောဂါတွေ နောက်ဆက်တွဲ ဖြစ်တတ်ပါတယ်။
မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။
credit to>>>http://www.facebook.com/AP.NewsLover
ဖုန်းပြော လွန်းသောကြောင့် ကင်ဆာ တစ်မျိုး တွေ့ရှိ
အမေရိကန် နိုင်ငံမှ Dr. Brian Berry ဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါ တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်...
သင်ဟာ ဖုန်းငွေဖြည့် ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့ မခြစ်မိပါစေနဲ့..
အဲ့ဒီမှာ အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ်လို့ ဆိုပါတယ်... ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက်
၁. ဖုန်းပြောတဲ့ အခါ ဘယ်ဘက်နားနဲ့ ပြောပါ
၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့
၃. ညနေ ၅ နာရီနောက်ပိုင်း အစာများများ မစားပါနဲ့
၎. မနက်ပိုင်းမှာ ရေများများ သောက်ပြီး ညဘက်မှာ လျော့သောက်ပါ
၅. ည၁၀ နာရီမှ မနက် ၄ နာရီ အတွင်းဟာ အိပ်စက်ဖို့ အကောင်းဆုံး အချိန်ပါ
၆. ဆေးသောက်ပီး သို့မဟုတ် အစာစား ပီးပီးချင်း ရုတ်တရက် လှဲချခြင်းမျိုး ရှောင်ပါ
၇. ဖုန်းရဲ့ ဘက်ထရီ နောက်ဆုံး ကုန်ခါနီး ကျသွားခဲ့ရင် ဖုန်းမဆက် ပါတော့နှင့်
(( radiation အဆ ၁၀၀၀ လောက် ပိုပြင်းထန် ပါတယ်))
credit >>>Facebook
နေကာမျက်မှန်
နွေရာသီမှာ အပြင်ထွက်မယ်ဆိုရင် ပူပြင်း လှတဲ့ နေအပူဒဏ်ကို အန်တုနိုင်ဖို့ နေရောင် ကာ ခရမ်၊ ထီး ဒါမှ မဟုတ် ဦးထုပ်ဝိုင်း နဲ့ နေကာ မျက်မှန် . . . စတာတွေက မရှိမဖြစ် လိုအပ်လှပါတယ်။
နေကာမျက်မှန်ဟာ မျက်လုံးကို နေရောင် ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အတွက် မျက်စိ အတွင်းတိမ် ဖြစ်ခြင်းနဲ့ မျက်စိကြည် လင်တောက်ပမှု လျော့နည်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နေကာ မျက်မှန်တိုင်းကတော့ မျက်စိကို ကာကွယ်မှု အပြည့်အဝပေးနိုင်တာ မဟုတ်ပါဘူး။ နေရောင်ခြည်ကို ရာနှုန်းပြည့် ကာကွယ်နိုင်တယ်ဆိုတဲ့ မျက်မှန် အမျိုးအစားတွေ ကသာ ကာကွယ်ပေး နိုင်တာပါ။ ဒါကြောင့် နေကာမျက်မှန် အ ကြောင်း သိလိုကြတဲ့ အမေးအဖြေတွေကို ဖော်ပြပေးလိုက်ပါတယ်။
အမေး - နေကာမျက်မှန် တပ်ဆင်ဖို့ ဘာကြောင့် လိုအပ်တာပါလဲ။
အဖြေ - နေကာမျက်မှန်ဟာ လူတွေကို အရေးကြီးတဲ့ နည်းလမ်းနှစ်မျိုးနဲ့ အကူအညီပေး နိုင်ပါတယ်။ နေကာမျက်မှန်ဟာ အလင်းရောင်ကို စစ်ထုတ်ထားပြီး မျက်စိကို UV ရောင်ခြည် ဒဏ်မသင့်အောင် ကာကွယ်ပေးပါတယ်။ UV ရောင်ခြည်ဟာ မျက်စိကို ထိခိုက်စေပါတယ်။ UV ရောင်ခြည်နဲ့ ထိတွေ့တာကြာလာပါက အတွင်းတိမ်ရောဂါ၊ မျက်ကူလာယိုယွင်း ပျက်စီး ခြင်း၊ မျက်ခွံပတ်လည်ရှိ အရေပြားကင်ဆာရောဂါတို့ကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်စိ ထိခိုက်မှုကင်းအောင် နေကာမျက်မှန် တပ်ဆင်သင့်တာ ဖြစ်ပါတယ်။ နေကာမျက်မှန် ရွေးချယ်တဲ့အခါ UV ရေင်ခြည်ကို ၉၉-၁၀၀ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ခြင်း၊ ဝတ်ဆင်ရတာ သက်သောင့်သက်သာရှိခြင်း၊ စူးရှ တောက်ပတဲ့ အလင်းရောင်ကို လျှော့ချပေးနိုင်ခြင်း . . .စတဲ့ အချက်တွေနဲ့ ကိုက်ညီရပါမယ်။
မေး - UV ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ခြေရျိသူတွေထဲမှာ ကျွန်တော်ကော ပါဝင်နေပါသလား။
ဖြေ - လူတိုင်းဟာ နေရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ခြေရှိပါတယ်။ ကလေးတွေ များ တောင် မျက်စိ ထိခိုက်နိုင်ခြေ ရှိပါတယ်။ ကလေး တွေမှာတောင် မျက်စိ ထိခိုက်နိုင်တဲ့ အန္တရာယ်မြင့်မားပါတယ်။ သူများတွေထက်နေရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ခြေ ပိုများတဲ့သူတွေကတော့ နေရောင်ထဲမှာ နာရီကြာကြာနေရသူ၊ အတွင်းတိမ်ခွဲစိတ်ထားသူ၊ မြင်လွှာဆိုင်ရာ အားနည်းသူနဲ့ နေရောင်ခြည်ကို ခံနိုင်အားနည်းစေတဲ့ ဆာလဖာ ဆေးဝါး၊ ပဋိသန္ဓေတားဆေးဝါး၊ ဆီးဆေးနဲ့ တက်ထရာဆိုက်ကလင်း ဆေးဝါးတွေကို မှီဝဲထားသူတွေပဲ ဖြစ်ပါတယ်။
မေး - နေကာမျက်မှန်ဝယ်တဲ့အခါ ဘယ်လို နေကာမျက်မှန်မျိုးလို့မေးပြီး ဝယ်သင့်ပါသလဲ။
ဖြေ - မျက်မှန်ဝယ်မယ်ဆိုရင် UV ရောင်ခြည်ကို ဘယ်လောက်ကာကွယ်နိုင်တယ်ဆိုတဲ့ ရာခိုင်နှုန်း အတိအကျပါဝင်တဲ့ အညွှန်းကို ကြည့်ပါ။ UVA ကော UVB ကိုပါ ၉၉ - ၁၀၀ ရာခိုင် နှုန်း ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုး ရွေးသင့်ကြောင်း ကျွမ်းကျင်သူတွေက သတိ ပေးထားပါတယ်။ နေကာမျက်မှန် တပ်ချိန်မှာ အနားကျယ်တဲ့ ဦးထုပ်ဆောင်းထားရင် နဖူး ပေါ်က ကျလာတဲ့ နေရောင်ခြည်ကိုပါ ကာကွယ်နိုင်ပါလိမ့်မယ်။
မေး - ကလေးတွေကော နေကာမျက်မှန် တပ်ဆင်သင့်ပါသလား။
ဖြေ - ကလေးတွေရဲ့ မျက်စိဟာလည်း လူကြီးတွေလိုပဲ နေရောင်ခြည်ဒဏ်ကို ခံနိုင်အားနည်း တာကြောင့် အပြင်ထွက်တဲ့အခါ နေကာမျက်မှန် လိုအပ်ပါတယ်။ ကလေးတွေအတွက် နေကာမျက်မှန်ရွေးတဲ့အခါ အောက်ပါအချက်တွေကို လိုက်နာပေးပါ။
• နေကာမျက်မှန်ဟာ ကလေးရဲ့ မျက်နှာနဲ့ အံဝင်ခွင်ကျရှိပြီး မတော်တဆ လွတ်ကျသွား ပါက မထိခိုက်နိုင်တာမျိုး ဖြစ်သင့်ပါတယ်။
• ကလေးရဲ့ မျက်စိကို ထောင့်မျိုးစုံကနေ အကာအကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုး ဖြစ် သင့်ပါတယ်။
• အပြင်ထွက်တဲ့အခါ နေကာမျက်မှန်နဲ့ လိုက်ဖက်တဲ့ အနားကျယ်ဦးထုပ်ကိုပါ ဆောင်းထားသင့်ပါတယ်။
Credit - Good Health
အမေး၊ အဖြေ
ကောင်မလေး ။ ။ ဟိတ် .. . နင် Online မှာ ရည်းစား ရှိလား?
ကောင်လေး ။ ။ ငါ Online မှားရည်းစား မထားဘူး
ကောင်မလေး ။ ။ ဘာဖြစ်လို့မထားတာလဲ အလိမ်ခံရလို့လား?
ကောင်လေး ။ ။ ဟုတ်ဘူးငါက ရည်းစားကို Offline နဲ့ထားတာလေ Online ဆိုရင် နင်နဲ့ပြောလို့မရတော့မှာစိုးလို
ကောင်မလေး ။ ။ တိန် ~~~~~~။
ရေး/ နန်းမီမီမိုးစက်
နယ်စပ်ဖြတ်ခရီးသည်တွေကို မြ၀တီမှာ တပတ်ဗီဇာပေးမယ်
နယ်စပ်ဖြတ်ဝင်ရောက်မယ့် နိုင်ငံခြားသားခရီးသွားတွေကို ဗီဇာ တပတ်ပေးတော့မယ်လို့ မြ၀တီခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတဦးကပြောပါတယ်။
ဒီအစီအစဉ်ကို မေလထဲမှာ အစပြုမယ်လို့ အဲဒီအရာရှိက ဆိုပါတယ်။
”ဒီကိစ္စကိုအမြန်ဆုံးဖြစ်အောင် ကရင်ပြည်နယ်အစိုးရကလည်း စီစဉ်နေပါတယ်။ အမှန်က ပြီးခဲ့တဲ့လက စပေးဖို့ပါပဲ။ လုံခြုံရေးနဲ့ ငွေလဲမဲ့ကိစ္စတွေ မပြီးသေးလို့”
မြ၀တီခရိုင်လ၀ကအဖွဲ့ကတော့ ဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို အရင်လကစပြီး မိခင်ဝန်ကြီးဌာနရဲ့အမိန့်ရတဲ့အတွက် ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးကတော့ တပတ်ဗီဇာပေးမှာကတော့ ဟုတ်ပါတယ်။ ဘယ်တော့ ဒီအစီအစဉ် အစပြုမယ် ဆိုတဲ့ ရက်အတိအကျကိုတော့ ၀န်ကြီးချုပ်ကိုယ်တိုင်တောင် မပြောနိုင်သေးဘူးလို့ သိရတဲ့အကြောင်း ဧရာဝတီသတင်းဌာန http://blog.irrawaddy.org/ ကို ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဘယ်ဒေသတွေ သွားလာခွင့် ရမလဲ
မြ၀တီကနေ တပတ်ဗီဇာနဲ့ဝင်ရောက်လာမယ့် နိုင်ငံခြားသားတွေအနေနဲ့ ဘားအံ၊ မော်လမြိုင်၊ကျိုက်ထိုမြို့တွေက အထင်ကရနေရာတွေကို သွားရောက် လည်ပတ်ခွင့်ရှိမယ်၊
ပြီးတော့ သတ်မှတ်ထားတဲ့ရက်အတွင်း နယ်စပ်မြ၀တီကနေဘဲ ပြန်လည်ထွက်ခွာရမယ်ဆိုတဲ့ အနေအထားလောက်ပဲ သိရှိထားတယ်လို့ မြ၀တီက လ၀က အရာရှိတဦးက ဆိုပါ တယ်။
မဲဆောက်က နိုင်ငံတကာ NGO တခုမှာ လုပ်နေတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဒေးဗစ်က ”နိုင်ငံခြားသားတွေကို မြ၀တီနယ်စပ်ကနေ ၀င်ခွင့်ပြုပြီး ရန်ကုန်ကနေတဆင့် နိုင်ငံတကာကို ဆက်လက် ထွက်ခွာနိုင်မဲ့ အစီအစဉ်တွေကို ၀န်ဆောင်မှု ပေးနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွက် အတော်လေးကို အကျိုးရှိလာမယ်" လို့ သုံးသပ်ပါတယ်။
ထိုင်းတို့ရဲ့ တုံ့ပြန်မှု
ထိုင်းနိုင်ငံဘက်ကတော့ ဒီအစီအစဉ်ကမြန်မာဘက်မှာပဲ မူတည်တယ် လို့ ဆိုပါတယ်။
မြန်မာဘက်က တပတ်စာဗီဇာပေးတာနဲ့ တပြိုင်နက် ထိုင်းဘက်ကလည်း ၀င်လာမဲ့လူတွေကို အလားတူလက်ခံဖို့ အသင့်ရှိပါတယ်လို့ တာ့ခ်ခရိုင်အုပ်ချုပ် ရေးအဖွဲ့ဝင်အရာရှိတဦးက ဆိုပါတယ်။
ထိုင်းခရီးသွားလုပ်ငန်းတွေအပြင် ထိုင်းနိုင်ငံသား အများအပြားကတော့ မြန်မာဘက်ကပေးမဲ့ တပတ်စာဗီဇာကို အတော်လေး စိတ်ဝင်စားနေကြတာပါ။
ရှားရှားပါးပါးအခွင့်အရေးတရပ်လို့တောင် ပြောဆိုနေကြပါတယ်။
သူတို့စိတ်ဝင် စားတဲ့အထဲမှာ ကျိုက်ထီးရိုးဘုရား၊ ထိုင်းတွေနဲ့ရာဇ၀င်နွယ်ခဲ့ကြတယ်လို့ ဆိုကြတဲ့ မော်လမြိုင်က ကျိုက်သံလန်ဘုရား(ရှမ်းသံလန်)နဲ့ မော်လမြိုင်တဘက်ကမ်းက မုတ္တမမြို့အပါအ၀င် ကျိုက်က္ခမီနဲ့စက်စဲပင်လယ်ကမ်းခြေတွေလည်း ပါတယ်လို့ ဆိုကြပါတယ်။
မကြာခင်မြန်မာဘက်ကဖွင့်မယ့် နယ်စပ်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ထိုင်းဘက်ခြမ်း မဲဆောက်မှာတော့ ကြိုတင် ပြင်ဆင်မှုတွေဖြစ်တဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်လာပြီး ဘန်ကောက်-မဲဆောက်နဲ့ ချင်းမိုင်ကိုပြေးဆွဲမဲ့ မော်တော်ယာဉ်လိုင်းတွေနဲ့ လေကြောင်းလိုင်းတွေကိုပါ တိုးချဲ့ထားပြီးဖြစ်တယ်လို့ တာ့ခ်ခရိုင် ခရီးသွားလုပ်ငန်းက လုပ်ငန်းရှင်တဦးကပြောပါတယ်။
ဒီကနေ့အထိတော့ မြန်မာနိုင်ငံကို အလယ်အပတ်သွားကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ ဘန်ကောက်ကနေတဆင့် ရန်ကုန်ကို လေကြောင်းလိုင်းကနေပဲ သွားနေကြရတာပါ။
ဒီနှစ်ဆန်းပိုင်းကနေ မတ်လကုန်အထိ ရန်ကုန်လေ ဆိပ်ကနေ တဆင့် ၀င်ရောက်တဲ့ ထိုင်းနိုင်ငံသားအရေအတွက် ၃ဝ,ဝဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။
မကြာသေးခင်က မြ၀တီ-မဲဆောက်ဒေသမှာ တွေ့ရတဲ့ ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ် နဲ့ အရာရှိများ
(ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ)
Facebook တို့ ဘယ်လိုငွေရသလဲ
အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။
အကောင့်အခမဲ့ လုပ်လို့ရ။ ပုံတွေတင်လို့ရ။ စာတွေအလကားပို့ရ။ ခင်သူ မင်သူတွေနဲ့ တွေ့ဆုံ၊ ပြောဆိုလို့ ရအောင် ဖန်တီးထားပေးတဲ့ Facebook က အခမဲ့ကြီး ဖြစ်နေတော့ သူတို့ ဘယ်လို ပိုက်ဆံရသလဲ၊ စီးပွားရှာသလဲဆိုတာ စဉ်းစားစရာပဲလေ။ ဒီတော့ Facebook က ငွေရပုံ ငွေရနည်းလေးကို အကြမ်းဖျင်း မြင်ရသလောက် လေး မျှဝေ ပါ့မယ်။
အဓိက အကြောင်းအရင်း
စကားပုံက အရှိသား။ ငါးပွက်ရာ ငါးစာချတဲ့။ ဘာပဲ ဖြစ်ဖြစ် တစ်နေရာရာမှာ ဘုရားပွဲ စည်လာရင် အဲ့နေရာမှာ ဈေးသည်က မဖြစ်မနေ ပေါ်ကိုလာတော့မှာပဲ။ ဟုတ်ကဲ့။ အခုလည်း ဒီလိုပါပဲ။ Facebook က ရေကန်ကြီးပါ။ ကျနော်တို့ကတော့ ငါးတွေပေါ့။ Facebook ဆိုတဲ့ ရေကန်ကြီးထဲကို ခုန်ဆင်းမိတဲ့ စာရေးသူတို့က ပွက်ပွက်ဆူအောင်ထနေပြီး ငါးစာလာချကြတော့တာပဲ။ ငါးစာ ဘယ်သူ ချတာပါလဲ။
ငါးစားချသူများကတော့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပါတယ်။ ရေကန်ပိုင်ရှင်က မတ်ဇူကာဘတ်တို့ အုပ်စု၊ ငါးစာလာချသူတို့က စီးပွားရေး လုပ်ငန်းရှင်တွေ၊ ငါးများ ကတော့ ကျနော်တို့လို Facebook အသုံးပြုသူတွေပေါ့။
Page သည်သာ အဓိက
သူအဓိက ငွေရတာ Facebook Page ကနေပါ။ Facebook ရဲ့  ရည်ရွယ်ချက်က အဲဒါပါပဲ။ အလကား ပေးသုံးနေရတဲ့သူ့တို့အဖြစ် က ငွေရှာဖို့ မလွယ်ဘူးလေ။ ဒီတော့ ပိုက်ဆံပေးစရာမလိုပဲ အခမဲ့ ဆောက်လို့ရတဲ့ မြေကွက်တွေ လျှောက်ပေးတော့တာပေါ့။ ဒီတော့ ကုန်ပစ္စည်းထုတ်လုပ်ရေး ပိုင်ရှင်တွေက ယင်းမြေကွက်ကို အလကား ယူလိုက်ပါလေရော။
ယင်းမြေကွက် Facebook Page ကို သီချင်း၊ ဂီတ၊ အယ်လ်ဘမ်၊ အဝတ်အထည်၊ ပစ္စည်း၊ အိမ်သုံး၊ စက်ရုံသုံး၊ အနုပညာ၊ မီဒီယာ အစရှိသဖြင့် စုံနေအောင် သုံးကြတယ်လေ။
ပွဲဈေးမှာဆိုင်ဖွင့်ဖူးသလား။ ကိုယ့်ဆိုင် လူလာဖို့အတွက် မြေနေ ရာ ကောင်းကောင်းရမှ။ ကိုယ့်ဆိုင်ဆီ ရောက် လမ်းကောင်းကောင်းလေး ခင်းထားပေးမှ ရတာလေ။ ဒီမှာလာပါပြီ။ Facebook က ဒီနေရာမှာ ပိုက်ဆံ ရပါတယ်။ ကိုယ့် Page ကို၊ ကိုယ့် ကုန်ပစ္စည်းကို လူသိများ၊ Like များဖို့အတွက် Facebook က ပရိုမိုးရှင်း အမျိုးမျိုး လုပ်လို့ရအောင် Feature တွေပေးတယ်လေ။ ယင်း Feature ရဖို့ကျတော့ ငွေသွင်းမှ ရမှာ တစ်ရက်မှ ဒေါ်လာ ၅၀ မကုန်တဲ့ ကြော်ငြာ မျိုး နိုင်ငံခြားမှာ လေသလပ်အောင် မဟတ်မပါဘူး။ တစ်ရက်ကို ဒေါ်လာ ထောင်သောင်းချီပြီး Facebook ကိုငွေပေးတယ်လေ။ ကျနော့ Page လေး Like တက်အောင်။ ကျနော့ ကုန်ပစ္စည်း ကို Like များ၊ Share များအောင် ဆိုပြီးတော့ပေါ့။ ခုနေ Facebok ဘေးက နေရာကို ကြည့်လိုက်လေ။ Recommended page တွေ၊ Feature page တွေ၊ Promotion Page တွေ စုံနေတာပဲ။
တစ်နေ့ကို ဒေါ်လာ ၅၀ တန် ကုမ္မဏီအခုပေါင်း သိန်း ၁၀၀ပဲ ရအုံး။ Facebook ရဲ့  ဝင်ငွေက ကန်ဒေါ်လာ သိန်း ၅၀၀ ရှိနေပါပြီ။ ကမ္ဘာမှာ Facebook သုံးသူ သန်း ၈၀၀ မကတော့ပဲ ၃ ယောက်မှာ တစ်ယောက်က Page လုပ်ထားတယ်။ တကယ် Offcial စီးပွား ရည်ရွယ် Page ကလည်း နိုင်ငံတစ်ခုတည်းမှာတင် သိန်းချီ ကို ရှိတယ်လေ။ မြန်မာမှာကျ ဒီ Feature အသုံးပြုဖို့ ခက်နေ သေး ပါတယ်။ ဒီအတွက် ဆားဗစ်ပေးတဲ့ ကုမ္မဏီတွေလည်း ပေါ်နေပါပြီ။ မြန်မာ Page တွေကြော်ငြာထားတာ အောင် မြင်နေရပြီလေ။
Facebook Game
Facebook ဂိမ်းကနေလည်း ငွေရသဗျ။ ဂိမ်းတစ်ခုလုပ်ဖို့အတွက် Developer တစ်ယောက်အနေနဲ့ အလကားမရပါဘူး။ တစ်ဒေါ်လာ ကနေ အစားစား သွင်းပြီး ဂိမ်းတွေဖန်တီးပေးပါတယ်။ နောက်တော့ ဖွဘုတ်မှာ အင်မတန် ဆော့လို့ကောင်းတဲ့ လယ်စိုက်တာတို့၊ မာဖီးယား ဂိုဏ်းစတား လုပ်တာတို့ ဖြစ်လာပါရော။ အဲဒီ ဂိမ်းစာမျက်နှာတွေ ဖွင့် တဲ့အခါ ကြော်ငြာတွေ တစ်စီတစ်တန်းကြီး တွေ့ရလိမ့်မယ်။ ဆိုဒ်ကို သွားဖို့ ခေါ်တာတွေရော၊ အဲ့ဒီမှာတင် ကြော်ငြာတာတွေရော စုံစံစိနေတာပါပဲ။ အချို့  ဆို ပိုက်ဆံထည့်မှ ဆော့ရတာမျိုး လုပ်သေးသဗျ။ ဒီမှာ Facebook က ကော်မရှင်သဘောနဲ့ ဖြတ် တယ်လေ။ Facebook ရဲ့  ဝင်ငွေက တစ်ရက်တစ်ရက်ကို ကြောက်မခန်းလိလိ များပါတယ်။
အခြားအခြားများ
အထက် ဖော်ပြပါ Page နဲ့ ဂိမ်းက စာရေးသူတို့ မြင်သလောက်ပဲလေ။ စာရေးသူတို့ မမြင်ရတဲ့ နောက်ကွယ်မှာ သူတို့ ငွေရနေတဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်။ ခုတောင် သတင်း ကြားနေ တယ်။ Message ပို့တာတို့ကို ပိုက်ဆံကောက်မယ်တဲ့။ နာမည်ကြီးတွေဆီ ပို့လေလေ ပိုက်ဆံကုန်လေလေတဲ့လေ။ Friend Request တောင်အလကားပို့လို့မရတော့မယ့် အနေအထား တစ်ခု အလားတောင် ထင်မှတ်ရတယ်။ Facebook မှာ ရှယ်ယာဝင်တွေ လည်း အများကြီး ရှိပါတယ်။ မတ်ဇူကာဘတ်က ဦးဆောင်နေပေမယ့် သူတစ်ယောက်တည်း ပိုင်ပါတယ်ဆိုတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။ Facebook နဲ့ Contract ယူထားတဲ့ ကုမ္မဏီတွေထဲမှာလည်း ကမ္ဘာ့အကြီးဆုံး စီးပွားရေး ကုမ္မဏီ၊ ထုတ်ကုန် ပစ္စည်း ကုမ္မဏီတွေ ပါဝင်နေပါတယ်။
နိဂုံးချုပ်
သို့ပေမယ့် တော်တော်လေး လှတဲ့ ရေကန်တစ်ခုတော့ သူ ဆောက်ပေး နိုင်ခဲ့တယ်လေ။ သူ့ရေကန် ကောင်းမှုကြောင့် စာရေး သူတို့လည်း ကန်ပျော်တဲ့ ငါးတွေ ဖြစ်ကုန်ကြပြီ။ Facebook ကိုအခြေခံ ပြီးတော့ ဆိုးကျိုးထက် ကောင်းကျိုးတွေက ပိုပြီးတော့ များနေတော့လည်း တစ်ဖက်တစ်လမ်းက ကျေးဇူး တင်ရမှာပေါ့။
စာဖတ်သူတို့ထဲမှာလည်း ရေကန်တစ်ခုဆောက်ချင်သူများ ရှိရင် မတ်ဇူကာဘတ်ကို အတုယူလို့ ကြိုးစားဖန်တီးနိုင်ပါကြောင့် တိုက်တွန်း အကြံပြုလိုက် ရပါတယ်။
--
အောင်ခမ်း (ရိုးရာလေး)
အနိမ့်အမြင့်မတူညီတဲ့ချစ်သူနှစ်ဦး
၂ ပေ၊ ပေါင် ၂၀၀ ကွာသော ချစ်သူသစ်နှင့် NBA စတား O’Neal
အနားယူလိုက်ပြီဖြစ်သော အမေရိကန် ဘတ်စကတ်ဘော အားကစားသမား ချန်ပီယံဟောင်း Shaquille O’Neal ဟာ အမေရိကန် NBA လောကမှာ အရပ်အရှည်ဆုံး၊အထွားဆုံး အားကစားသမားအဖြစ် စံချိန်တင်ခဲ့ ဖူးပါတယ်။ လက်ရှိအချိန်မှာ NBA inside လို့ခေါ်တဲ့ အမေရိကန် ဘတ်စကတ်ဘောဝေဖန်ဆွေးနွေးရေး ရုပ်သံလိုင်းမှာ ပါဝင်တင်ဆက်နေတဲ့ Presenter တစ်ဦးလည်း ဖြစ်ပါတယ်။
အရပ် ၇ ပေ ၁ လက်မရှိပြီး ပေါင်ချိန် ၃၂၅ ပေါင်ရှိတဲ့ Shaquille O’Neal ရွေးချယ်လိုက်တဲ့ ချစ်သူကြောင့် ပရိတ်သတ်အများအံ့သြခဲ့ရပါတယ်။ အမေရိကန် ရုပ်သံဖျော်ဖြေရေး စီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ပြီး လူသိများလာတဲ့ Nicole Alexander ဟာ O’Neal ရဲ့ ချစ်သူအသစ် ဖြစ်နေပါပြီ။ အရပ် ၅ ပေသာရှိပြီး ပေါင်ချိန် ၁၀၀ ကျော်မျှသာရှိတဲ့ Nicole Alexander ကို O’Neal ဘာကြောင့်ရွေးချယ်သလဲဆိုတာ ဟောလိဝုဒ်အသိုင်း အဝိုင်းမှာ လောင်ရယ်စရာ ဖြစ်နေကြပါတယ်။
အရပ် ၂ ပေကွာပြီး ပေါင်ချိန် ၂၀၀ ကွာတဲ့ ချစ်သူ O’Neal နဲ့ Alenader တစ်ယောက် ဘယ်လိုရှေ့ဆက်မယ် ဆိုတာ မသိပေမယ့် တစ်နေ့ကျ လက်ထက်တော့မယ် ချစ်သူဖြစ်တယ်လို့ O’Neal မှကြေညာထားပါတယ်။
O'Neal ဟာ အသက် ၄၀ အရွယ်ရှိပြီဖြစ်ပြီး သူ့ချစ်သူကတော့ ၂၉ နှစ်အရွယ် သာ ရှိပါသေးတယ်။
credit to >>Facebook
ဒေါက်တာဆိတ်ဖွားအား စုံစမ်းသိရှိ
Onlineမှ တစ်ဆင့် လွှတ်တော် ကိုယ်စားလှယ်များအား Is Parliament Above the Lawနှင့် Parliament speaker and His Cohorts ဟူသော ခေါင်းစဉ်များဖြင့် တိုက်ခိုက်နေသူဖြစ်သော ဒေါက်တာ ဆိတ်ဖွား အမည်ခံ လုပ်ဆောင်နေသူအား ဖော်ထုတ်သိရှိပြီ ဖြစ်ကြောင်း ဒေါက်တာ ဆိတ်ဖွားဆိုင်ရာ စုံစမ်းရေးအဖွဲ့ဝင် ကိုဖုန်းမြင့်အောင်မှ ပြောပါတယ်။ သူ့ရဲ့ပြောပြချက်များအရ စုံစမ်းရေးအဖွဲ့က ဒေါက်တာ ဆိတ်ဖွားဟာ မည်သူမည်ဝါ ဖြစ်ကြောင်း သိထားပြီလို့ ပြောပါတယ်။ “ဒီအကြောင်းတွေကို လွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ဒေါက်တာ ဆိတ်ဖွားရဲ့ အကြောင်းကိုတော့ ဇွန်လကုန်ပိုင်းလောက်မှာ ကြေညာ သွားမှာပါ”ဟု ကိုဖုန်းမြင့်အောင်က ဆက်လက် ပြောကြားခဲ့ပါတယ်။ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဆိုပါအဖွဲ့ဟာ ဒေါက်တာ ဆိတ်ဖွားအကြောင်း စုံစမ်း သိရှိနိုင်ရန်အတွက် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ သမ္မတရုံး၊ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးများနှင့် အချို့သော သတင်းမီဒီယာများနှင့် ပူးပေါင်း စုံစမ်းခဲ့ရကြောင်းနှင့် စုံစမ်းမှုကာလ နှစ်လအတွင်းမှာ ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒေါက်တာ ဆိတ်ဖွားအား မည်သို့ အပြစ်ပေးသွားမည်ကို လွှတ်တော်မှသာ ဆုံးဖြတ်သွားမည် ဖြစ်ပါတယ်။
credit to:http://www.ict.com.mm/
မြန်မာနိုင်ငံပေါ် အီးယူ ပိတ်ဆို့မှုများ ရုပ်သိမ်း
အီးယူ ဥရောပ သမဂ္ဂ ကနေ မြန်မာ နိုင်ငံ အပေါ် ချမှထားတဲ့ ကုန်သွယ်ခွင့်၊ စီးပွားရေး နဲ့ လူပုဂ္ဂိုလ် တဦးချင်းစီ ဆိုင်ရာ ပိတ်ဆို့မှု အားလုံးကို ဒီကနေ့က စလို့ အပြီးတိုင် ပြန်ရုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အခုလို လုပ်ဆောင်တာဟာ မြန်မာ နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကိုအသိအမှတ် ပြု တုံ့ပြန် ဆောင်ရွက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ အပေါ်လက်နက် ရောင်းချခွင့်ကိုတော့ ထားရှိဦးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကတော့ ပိတ်ဆို့မှုတွေကို ယာယီ ရုပ်သိမ်း ပေးခဲ့တာ ဖြစ်ပြီး၊ အခုတော့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေဟာ အပြီးတိုင် ရုပ်သိမ်းသင့်တဲ့ အခြေအနေ ဖြစ်လာခဲ့တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးကလည်း ပြောပါတယ်။
ref:bbc
ကမ္ဘာ့ဈေးအကြီးဆုံး iPhone 5
ပုံမှာ ပြထားတဲ့ iPhone 5 ရဲ့  ကာလတန်ဖိုးက ဗြိတိန်ပေါင် ၁၀ သန်း အထက်မှာ ရှိပါတယ်။
ဗြိတိန်အခြေဆိုက် ကျောက်မြတ်ရတနာ အလှဆင်နှင့် ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုက ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီဇိုင်နာ ကတော့ Stuart Hughes ဖြစ်ပါတယ်။ Home Button ကို ကမ္ဘာ့ အရှားပါး စာရင်းဝင်တဲ့ အပြစ်အနာဆာမယ့် အနက်ရောင် စိန်တုံးကို အသုံးပြု ထားပါတယ်။ အလေးချိန်ကတော့ 26 cts ရှိပါတယ်။
အခြား ကိုယ်အစိတ်အပိုင်းတွေကိုတော့ စိန်၊ရွှေ အစေ့ပေါင်း ၈၀၀ ကျော်နဲ့ အလှဆင်ပါတယ်။ အလေးချိန်အားဖြင့် ၁၃၅ ဂရမ် မက လေးစေပါတယ်။ ကာဗာအနေနဲ့ မဟုတ်ပဲ၊ iPhone 5 အသားပေါ် အသေ အလှဆင်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကြွေကျ ပျက်ဆီးမှာကိုလည်း မစိုးရိမ် ရပါဘူး။
ကာလတန်ဖိုး အားဖြင့် ဗြိတိန်ပေါင် ၁၀ သန်း အထက် တန်ဖိုးရှိတဲ့ ယင်း ဇိမ်ခံ iPhone 5 ကို အမည်မဖော်လိုသူ တရုတ် စီးပွားရေး လုပ်ငန်း ရှင် တစ်ဦးက အော်ဒါမှာ ပြုလုပ်စေခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။ 
credit to>>>stuff myanmar magazine
ကျန်းမာသော စားသောက်မှုကို အကူအညီပေးမယ့် ခရင်း
ဒီ ခရင်းလေးဟာ နည်နည်ရရတော့ မဟုတ်ပါဘူး..နေ့ စဉ် ကျန်းမာသော
စားသောက်နေထိုင်မှု ဘ၀ကို လမ်းပြပေးမဲ့ digital စနစ် သုံး ခရင်းလေးပဲ ဖြစ်ပါတယ်။
အဓီက က အစာကြေညက်မှုအတွက် အထောက်အပံ့အနေနဲ့ 
သတိပြုစရာတွေကို မိမိအသုံးပြုသည့် အပေါ်မှတ်သားထားပြီး
ပြန်လည်ဖော်ပြပေးနိုင်တာပဲ ဖြစ်ပါတယ်။
မိမိစားတဲ့ အစားအသောက်က ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိသလား
ဗိုင်တာမင် အဟာရဓာတ် အဆီ စသဖြင့် ခရင်းနဲ့ ထိုးပြီး
ထိတွေ့ စားသောက်လိုက်သည် မှန်သမျှကို သူက အတွင်းရှိ Memory တွင် မှတ်သားထားပေးပြီး..မိမိအသုံးပြုတဲ့ စမတ်ဖုန်း ၊ ကွန်ပြုတာ USB နဲ့ 
ချိတ်ဆက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အစားအသောက် ဆင်ဆင်ခြင်ခြင်နဲ့ ကျန်းမာရေး နဲ့ ညီညွတ်သော
အစားအသောက်တွေကို စားသောက်ဖို့  သူက လမ်းညွန်ပြသပေးနိုင်ပါတယ်။
ဖြည်းဖြည်းမှန်မှန်စား အစာကြေညက်ပြီး ကျန်းမာစေသားလို့  ဖော်ပြချက်နဲ့ 
သူက မိမိ နေ့ စဉ်စားသောက်မှုကို အကူအညီပေးပါလိမ့်မယ်။
အစားအသောက် နဲ့ ကျန်းမာရေး သတိရှိလိုသူများအတွက် ဆောင်ထားရန် သင့်ပြီး ပထမဆုံးအနေနဲ့ ဒေါ်လာ ၃၀၀ ခန့် နဲ့ ရောင်းချဖို့ ရှိတယ်လို့ ဆိုထားပါတယ်။
ဒီတော့ ကျန်းမာတဲ့ အစားအသောက် ဂရုစိုက်မှုကို လမ်းညွန်ပေးနိုင်တဲ့ ..
ဒီ Digital device လေးကို မျှဝေပေးလိုက်ပါတယ် ခင်ဗျ ။
credit to>>>Stuff myanmar Magazine
ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..
ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...
ဖေါ်စပ်နည်း
သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...
အသုံးပြုနည်း
ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...
မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။
credit to>>>MyawadyNews
ဗုဒ္ဓဘာသာဝင်တိုင်းသိသင့်တဲ့အကြောင်းအရာများ
(၁) - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက်
တာဝန်မဲ့ရာ မရောက်ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
(၁၀) - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကိုအလွန်အထင်ကြီးတာပဲ။သင်ဟာသင့်ဘာသာတရားကိုမှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
(၁) မေး - ဗုဒ္ဓဘာသာဆိုတာ ဘာလဲ။
ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတ္ထ မင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာသက်တော်၃၅နှစ်မှာ(ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ဗုဒ္ဓဘာသာဝင်ပေါင်းသန်းသုံးရာကျော် ရှိနေပါပြီ။လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်အထိတော့ဗုဒ္ဓဘာသာဟာအရှေ့တိုင်းဒဿနပညာရပ်တစ်ခုအဖြစ်သာတည်ရှိခဲ့ပါတယ်။သို့သော်လဲယခုအချိန်မှာဥရောပနှင့်အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေတဖြည်းဖြည်း တိုးပွါးနေပါတယ်။
(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့သင်ပေးပါတယ်။ပြီးတော့ကျွန်ုပ်တို့ဟာသတ္တ၀ါအားလုံးရဲ့မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။
(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။
ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ဆုံးဖြတ်လိုက်တယ်။အသက်၂၉နှစ်ရှိတဲ့အခါဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော် (ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကိုစွန့်၍အာနာပါနဈာန်အခြေခံလျက်မဂ္ဂင်ရှစ်တန်ပွါးမှသာဘုရားအဖြစ်သို့ ရောက်ပါသည်။) ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့မဟာကရုဏာတော်နှင့်ခန္တီတရားကြောင့်များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက်အိုခြင်းတရား၊နာခြင်းတရားများဖိစီးနှိပ်စက်ခံရသော်လဲချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။
(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန်အကြာကြီးစဉ်းစားပြီးတွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။
(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။
ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။
(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။
ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုးကိုးကွယ်နေကြသလဲ။
ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။
(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။
(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။
ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။ မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက်ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။” ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ်သင့်ပါဘူး။
(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓ ဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။
(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။
ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။
ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက
ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။
(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။
ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။
ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက်အကန်
ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊
ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ
အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။
(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။
ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။
ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစားသိမြင်လို့လဲ ရပါတယ်။
ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။
တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။
စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။
ဒီဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။
ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့် အစဉ်အဆက် ယုံကြည်လက်ခံလာတာ
ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။ သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့် စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊
ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။
ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။
နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။
နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။အရှင်မုနိန္ဒ(ပန်းထော်) ပြန်လည်မျှဝေပါသည်
(by Ven S Dhammika)
credit to >>>Facebook
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်
တင်ပါးကြီး ခြင်းသည် ကျန်းမာ ရေး အတွက် ကောင်းကြောင်း လေ့လာ ချက် အသစ်အရ သိရသည်။ တင်ပါးနှင့် ပေါင်လုံး ကြီးခြင်းသည် ဗိုက်ပူခြင်း ထက် စာလျှင် ကျန်းမာရေးကို ဆိုးရွား စေသော ကိုယ်လက်စထရော အမျိုး အစား ကို လျော့နည်းစေပြီး သွေးလွှတ်ကြော နံရံများ မာကြောမှုကို ကာကွယ် ပေး သည့် ကျန်းမာ ရေးအတွက် ကောင်းသော ကိုယ်လက် စထရော အမျိုးအစား ကို မြင့်တက် စေကြောင်း လေ့လာချက် အသစ် များအရ သိရ သည်။ တင်ပါး လုံး ကြီးခြင်းသည် ဆီးချို ရောဂါ ဖြစ်နိုင် ခြေကို လည်း လျော့ ချ ပေးနိုင် သည်။
ယခု တွေ့ရှိချက် အသစ်သည် ယခင်တွေ့ ရှိချက်ဖြစ်သော မြေပဲတောင့်ပုံ ခန္ဓာကိုယ် ရှိခြင်းသည် အကျိုး ကျေးဇူးရှိကြောင်း တွေ့ရှိ ချက်ကိုလည်း .ထောက် ခံရာ ရောက်သည်ဟု ဆိုသည်။ ယခု တွေ့ရှိချက်အရ ဂျနီဖာ လိုပက်ဇ်သည် ခန္ဓာကိုယ်တွင် အဆီများက ဝမ်းဗိုက် ထက်စာလျှင် တင်ပါးနှင့် ပေါင်လုံးတို့တွင် စုဝေးနေ သောကြောင့် ပို၍ အသက်ရှည် လိမ့်မည်ဟု ဆိုသည်။
အောက်စဖို့ဒ် တက္ကသိုလ်မှ သုတေသန ပညာရှင်များသည် အတူတကွ ပူးပေါင်းကာ ခန္ဓာကိုယ် အောက်ပိုင်းနှင့် ပတ်သက်၍ ကျန်းမာရေးအတွက် အကျိုးရှိနိုင်မည့် အချက်များကို သုတေသန ပြုခဲ့ရာ ခန္ဓာကိုယ် အလယ်ပိုင်း ထက် အောက်ပိုင်းတွင် အဆီများ စုဝေးခြင်းက ကျန်းမာ ရေးအတွက် ပို၍ ကောင်းကြောင်း တွေ့ရှိ ခဲ့ရသည်။
သုတေသန ပညာရှင် ကန်စတန် တီနိုမန်လိုပိုးလောက်စ်က “ကျွန်မတို့ရဲ့ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေဟာ ဝမ်းဗိုက်တစ်ဝိုက်မှာ ရှိတဲ့အဆီတွေနဲ့ မတူပါဘူး။ ကျန်းမာရေး အတွက် ကောင်းတဲ့ ကိုလက် စထရောနဲ့ မကောင်းတဲ့ ကိုလက်စထရော ရှိသလိုပဲ ကောင်းတဲ့ အဆီနဲ့ မကောင်းတဲ့အဆီဆိုတာ ရှိပါတယ်။
ခန္ဓာကိုယ်အောက်ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေဟာ ခန္ဓာကိုယ် အထက် ပိုင်းမှာ ရှိတဲ့ အဆီဆဲလ်တွေနဲ့ မတူပါဘူး” ဟုဆို၏ ယခုတွေ့ရှိချက်အရ လူတစ်ဦး၏ ခါးနှင့် တင်ပါးအချိုးသည် ကိုယ်အလေးချိန်နှင့် အရပ်အမြင့် အချိုးဖြစ်သော BMI ထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ခန့်မှန်းရန် အသုံးဝင် သည်ဟု ဆိုသည်။ ဘီယွန်ဆေးနိုးသည် ဝသော်လည်း တင်ပါးနှင့် ပေါင်လုံး ကြီးပြီး ကျန်းမာသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။
credit to>>>facebook
ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း
ဗုဒ္ဓဘာသာသည် ကိုးကွယ်ရုံမျှသောဘာသာ(Religion
)မျိုးမဟုတ် (သီတဂူဆရာတော်)
( ကိုးကွယ်ခြင်း နှင့် ကျင့်သုံးခြင်း )
ဇာတံ သရဏတော ဘယံ-ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်-ဟူသော ဗုဒ္ဓစကားတော်အရ
သတ္တ၀ါများစွာတို့သည် ကိုးကွယ်မှား၍ ဘေးဒုက္ခများစွာ ရောက်ခဲ့ကြသည်။
ရောက်နေကြသည်။ ရောက်ကြလိမ့်ဦးမည်။ သတ္တ၀ါများစွာတို့သည် စည်းစိမ်ချမ်းသာ
အဖြာဖြာကို လိုလားတောင့်တ သောကြောင့်လည်း ကိုးကွယ်ရာရှာကြသည်။
ဘေးအန္တရာယ်တခုခုဖြင့် ခြိမ်းခြောက်ခံရသော ကြောင့်လည်း ကိုးကွယ်ရာ
ရှာကြသည်။
ကိုးကွယ်ရာ ရသောအခါ ထိုကိုးကွယ်ရာက ချမ်းသာစည်းစိမ်အမျိုးမျိုးကို
ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ ဘေးအန္တရာယ်ကို
ကာကွယ်ပေးလိမ့်မည်ဟူ၍လည်း ယုံကြည်ကြသည်။ သစ်သီးစားချင်သူသည်
သစ်ပင်ပေါ်မတက်ဘဲ သစ်ပင်အောက်က ထိုင်၍ သစ်ပင်ကို
ရှိခိုးဆုတောင်းခြင်းဖြင့် သစ်သီး မစားရပေ။ သစ်ပင်ပေါ်တက်မှ သစ်သီးစားရမည်
ဖြစ်၏။
ဒီဘက်ကမ်းမှ မြစ်ကို ဖြတ်၍ ဟိုဘက်ကမ်း သွားလိုသူသည် လှေရှာ၍ ခပ်မြန်မြန်
ကူးရမည်သာ ဖြစ်၏။ ဟိုဘက်ကမ်းသည် ငါ့ဆီလာပါစေဟု ဆုတောင်းနေရုံဖြင့်
ဟိုဘက်ကမ်း မရောက်ပေ။ ရောဂါ အနာ စွဲကပ်သူသည် ဆရာဝန်ကို ရှိခိုးရုံဖြင့်
အနာရောဂါ မပျောက်ပေ။ ဆရာဝန် ညွှန်ကြားသည့် ဆေးကို သောက်ရမည်သာဖြစ်၏။
ဆရာဝန် တားမြစ်သည်ကို လိုက်နာရမည်သာ ဖြစ်၏။ သို့မှ အနာရောဂါ ပျောက်ပေမည်။
သစ်သီးစားချင်လျက် သစ်ပင်ပေါ် မတက်ဘဲ သစ်ပင် ရှိခိုးနေသလို-ဟိုဘက်ကမ်း
သွားချင်လျက် လှေရှာ၍ မကူးဘဲ မြစ်ကြီးကို ရှိခိုးနေသလို-အနာရောဂါ
ပျောက်လိုလျက် ဆေးမသောက်ချင်ဘဲ ဆရာဝန်ကို ရှိခိုးနေသလို
ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်၍ ချမ်းသာသုခများစွာကို လိုလားကြကုန်သော
သတ္တ၀ါတို့သည် ကိုးကွယ်ရာ အမှန်ကို မရကြသည့်အတွက် ချမ်းသာသုခ မရသည့်အပြင်
ပို၍ပင် ဆင်းရဲဒုက္ခရောက်နေကြသည်။
( ကျင့်သုံးမှုနှင့် သတိတရား )
ကိုးကွယ်ရာအမှန်ကား အကျင့်တရား။(စရဏ) ပင် ဖြစ်၏။
သစ်သီးစားချင်သူသည် သစ်ပင်ပေါ်တက်ရမည်သာ ဖြစ်၏။
ဟိုဘက်ကမ်း ရောက်လိုလျှင် လှေရှာ၍ ကူးရမည်သာ ဖြစ်၏။
အနာရောဂါ ပျောက်လိုလျှင် ဆေးသောက်ရမည်သာ ဖြစ်၏။
ထိုနည်းတူစွာ ဆင်းရဲလွတ်လိုလျှင် မကောင်းကျင့်ကို ရှောင်ရမည်။
ချမ်းသာရလိုလျှင် အကောင်းကျင့်ကို ကျင့်ရမည် ဖြစ်၏။
မိမိအကျင့်မကောင်းလို့ မိမိဆင်းရဲတာ၊ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာ
ထင်ရှားပါသည်။
ဒုစရိုက်ဟူသည် အပြစ်လည်း သင့်၏။ ဒုက္ခလည်း ပေးတတ်သည်။ သုစရိုက်ဟူသည်
အပြစ်လည်း ကင်း၏။ သုခကိုလည်း ပေးတတ်သည်။ သို့ဖြစ်၍ ချမ်းသာရလိုလျှင်
သုစရိုက်ကို ကျင့်သုံးရမည်သာ ဖြစ်၏။ ဆင်းရဲကင်းလိုလျှင် ဒုစရိုက်ကို
ရှောင်ရှားရုံသာဖြစ်၏။
တရားကျင့်သူကို တရားက ပြန်၍ စောင့်ရှောက်ပါသည်။ (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ )
ထို့ကြောင့် ကိုးကွယ်ခြင်းဟူသည် ကျင့်သုံးခြင်းပင် ဖြစ်၏။
ကျင့်သုံးရာ၌လည်း ယုံကြည်မှုနှင့် အသိဉာဏ် (သဒ္ဓါနှင့်ပညာ) ညီညွတ်စွာ
ပေါင်းစပ်၍ သတိဖြင့် ကျင့်သုံးရပါသည်။
ဤကျင့်သုံးခြင်းဖြင့် ဒုက္ခနှင့် ဒုက္ခဖြစ်ခြင်းအကြောင်းရင်းကိုလည်း
သိရမည်။ သုခနှင့် သုခ၏ အကြောင်းရင်းကိုလည်း သိရမည်။
( ကျင့်ကြံမှုနှင့် အမှန်တရား )
ဤအမှန်တရား လေးပါးကို သိစေသော အကျင့်မျိုးကို ဗုဒ္ဓ၀ါဒ ခေါ်သည်။
ဗုဒ္ဓ၀ါဒသည် ယုံကြည်မှုကိုသာ ဦးစားပေး၍ အသိဉာဏ် မပါသော (Religion)
မျိုးလည်း မဟုတ်။ အသိဉာဏ်ကိုသာ ဦးစားပေး၍ ယုံကြည်မှုမပါသော (Philosophy)
မျိုးလည်း မဟုတ်ပေ။ စရဏ ခေါ် ကိုယ်တိုင်ကျင့်ရသည့် အကျင့်တရားကတော့
Religion နှင့် Philosophy နှစ်မျိုးစလုံးမှာ မရှိပေ။ ဗုဒ္ဓ၀ါဒမှာ စရဏ
(အကျင့်) က ပဓာန ဖြစ်ခြင်းကြောင့် ကိုယ့်ကိုယ်ကို အားကိုးရသော ၀ါဒဖြစ်၏။
လူဖြစ်ဖို့ ခက်၏။ သဒ္ဓါနှင့် ပညာ ပြည့်စုံသော လူ ဖြစ်ဖို့ ပို၍ခက်၏။
ထိုထက် ပို၍ ခက်သည်ကား စရဏ (အကျင့်) ဖြစ်၏။ သစ္စာသိဖို့ကား
အခက်ဆုံးဖြစ်၏။ သစ္စာမသိသောကြောင့် ချမ်းသာမရ၊ ဆင်းရဲနေကြရ၏။
( ဗုဒ္ဓ၀ါဒသည် ဘာကို အခြေခံသလဲ )
ယနေ့ကမ္ဘာလောကမှာ Religion ဆိုသော စကားကို လူတိုင်း
သုံးစွဲပြောဆိုနေကြပါတယ်။ သူတို့ပြောနေတဲ့ အဓိပ္ပါယ်က လူသားတွေ
ကိုးကွယ်တဲ့ ဘာသာတရားအားလုံး Religion လို့ ဆိုနေကြတာပါပဲ။
အများပြောကြတဲ့အတိုင်းဆိုရင် ဗုဒ္ဓ၀ါဒလည်း Religion အထဲ
ပါဝင်နေပါလိမ့်မယ်။ ဗုဒ္ဓ၀ါဒကို Religion မဟုတ်ဘူးလို့ဆိုချင်ပါတယ်။
ပြီးတော့ ယုံကြည်မှု၊ မျှော်လင့်တောင့်တမှုထားပြီး ကိုးကွယ်နေရတဲ့
စနစ်မျိုးလည်း မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ ဗုဒ္ဓ၀ါဒသည် တစုံတယောက်သော
တန်ခိုးရှင်ကို ယုံကြည်ပြီး မှီခိုနေရတဲ့ ၀ါဒမျိုး မဟုတ်ပါဘူး။
အသိဉာဏ်နှင့် အကျင့် မပါတဲ့ ယုံကြည်မှု (သဒ္ဓါ) မျိုးကို ဗုဒ္ဓ၀ါဒက
လက်မခံလိုပါဘူး။ ယုံကြည်မှု (သဒ္ဓါ) ဆိုတာဟာ အသိဉာဏ်ပေါ်မှာ အခြေခံရပါတယ်။
အသိဉာဏ်ပေါ်မှာ အခြေခံမှ ယုံကြည်မှု (သဒ္ဓါ) ဟာ အကျင့်တရားပါတယ်။
အကျင့်တရားပါမှ ချမ်းသာစစ်၊ ချမ်းသာမှန်ကို ရနိုင်ပါတယ်။
ဗုဒ္ဓရဲ့ အဆင်းတော်၊ အသံတော်၊ ဘုန်းတော်၊ တန်ခိုးတော်၊ ဉာဏ်တော်တွေကို
အလွန်အမင်း ကြည်ညိုပြီး ဗုဒ္ဓအနားက မခွာနိုင်အောင် ဖြစ်နေတဲ့ ဝက္ကလိ
ရဟန်းတော်ကို ဗုဒ္ဓက-
အို-ဝက္ကလိ၊ ငါ၏ ပူတိကာယ (အပုပ်ပြည့်တဲ့ကိုယ်ကြီး) ကို ကြည်ညို၍နေခြင်းဟာ
ဘာအကျိုး ရှိမည်နည်း။ သွားလော့၊ ကျင့်လော့၊-ဟု နှင်ထုတ်ခဲ့ထူးပါတယ်။
ဝက္ကလိ ရဟန်းကို နှင်ထုတ်တာဟာ သဒ္ဓါသာရှိပြီး ပညာနှင့် အကျင့်ကို
အသုံးမချလို့ ဖြစ်ပါတယ်။
( ဗုဒ္ဓကို ဘယ်လို ယုံကြည်အားကိုးသလဲ )
ဗုဒ္ဓ၀ါဒမှာ သဒ္ဓါကို လက်မခံဘူးတော့ မဟုတ်ပါဘူး။ သဒ္ဓါကို အရေးကြီးတဲ့
သဘာဝတရားတခု အနေနဲ့ လက်ခံပါတယ်။ ဥပမာ-အနာရောဂါ ရနေတဲ့ လူမမာဟာ သူ့ကိုဆေးကုတဲ့ ဆေးဆရာရဲ့ အရည်အချင်းကို ယုံကြည်ထားရသလိုပါပဲ။ ထို့ပြင်
ပညာသင်နေတဲ့ ကျောင်းသား တပည့်ဟာ မိမိအား ပညာသင်ပေးနေတဲ့
ဆရာ့အရည်အချင်းနှင့် မေတ္တာ၊ ကရုဏာကို ယုံကြည်ထားရသလိုပါပဲ။
ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓအပေါ်မှာ ဒုက္ခအားလုံးးမှ လွတ်မြောက်ရေး လမ်းစဉ်၊
ချမ်းသာစစ် ချမ်းသာမှန် ရရှိရေး လမ်းစဉ်တွေကို ရှာဖွေပေးတဲ့
ပုဂ္ဂိုလ်အဖြစ်ဖြင့် ယုံကြည်ကြတယ်။ အားကိုးကြတယ်။
သို့သော် ယုံကြည်အားကိုးနေကြတဲ့ သတ္တ၀ါတွေရဲ့ အပြစ်တွေ၊ အညစ်အကြေးတွေ၊
ဆင်းရဲဒုက္ခတွေကို ဗုဒ္ဓက တန်ခိုးတော်နဲ့ ပယ်ဖျောက်ပေးလိမ့်မယ်၊
ချမ်းသာသုခအားလုံး ပစ်ချပေးလိမ့်မယ်၊ ချမ်းသာတဲ့ ဘုံဌာနကြီးတခုသို့
ဆွဲခေါ်ကယ်တင်သွားလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့
ဗုဒ္ဓကို ယုံကြည်အားကိုးနေကြတာ မဟုတ်ပါဘူး။
( ဗုဒ္ဓ ဘယ်လို ညွှန်ကြားခဲ့သလဲ )
ဗုဒ္ဓကလည်း-သင်တို့ရဲ့ ကျူးလွန်ထားတဲ့ အပြစ်တွေ ငါ အားလုံး
ဆေးကြောသုတ်သင်ပေးမယ်၊ အပြစ်နှင့် ဒုက္ခမှ လွတ်မြောက်စေပြီး ချမ်းသာတဲ့
ဘုံဌာနကြီးတခုသို့ ငါ ပို့ဆောင်ပေးမယ်-လို့ ဘယ်တော့မှ ဘယ်တုန်းကမှ
အာမခံချက် မပေးပါဘူး။ ဒီအာမခံချက်မျိုး ဘယ်ပုဂ္ဂိုလ်မှလည်း
မပေးနိုင်ပါဘူး။
တစုံတယောက်ရဲ့ ပြစ်မှုတွေကို ပယ်ရှားပေးနိုင်တဲ့ တန်ခိုးသတ္တိဟာ ဗုဒ္ဓမှာ
မရှိပါဘူး။ တကယ်စင်စစ်တော့ တစုံတယောက်သည် အခြားတစုံတယောက်ကို
သန့်ရှင်းအောင်လည်း လုပ်မပေးနိုင်ပါဘူး။ ညစ်နွမ်းအောင်လည်း
လုပ်မပေးနိုင်ပါဘူး။ မိမိသည်သာလျှင် မိမိကိုယ်ကို ညစ်နွမ်းစေနိုင်ပြီး
မိမိသည်ပင် မိမိ၏ သန့်ရှင်းရေးကို ဆောင်ရွက်နိုင်ပါတယ်။ တယောက်က
တယောက်ကို ကယ်တင်နိုင်ကြတာ မဟုတ်ပါဘူး။
ထို့ကြောင့် ကျောင်းဆရာ တယောက်ဟာ ကျောင်းသားတယောက်ကို သင်ကြားပြသသလိုပါပဲ။ ဗုဒ္ဓသည် ဆရာနှင့်တူစွာ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့ပါတယ်။
မိမိကိုယ်ကို မိမိတို့ အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ တရားကို
အားကိုးကြပါ။ ကိုယ်ကျင့်ထားတဲ့ ကိုယ်ကျင့်တရားက လွဲလို့ တခြား အားကိုးစရာ
မရှိပါဘူး-တဲ့။
( လွတ်လပ်မှုအပြည့်ရှိတဲ့ ဗုဒ္ဓဘာသာ )
ဗုဒ္ဓဘာသာဝင်တယောက်သည် ဗုဒ္ဓကို ကိုးကွယ်ဆည်းကပ်နေပေမယ့် စစ်ရှုံးလို့
လက်နက်ချ အရှုံးပေး၊ အညံ့ခံ လိုက်တာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တယောက်
ဖြစ်လာတာနဲ့ပဲ လွတ်လပ်စွာ တွေးတောကြံစည် စဉ်းစား ဝေဖန်ခြင်းတို့ကို
စွန့်လွှတ်ရတာမျိုး မဟုတ်ပါဘူး။ မိမိစိတ်ထဲမှာ အချုပ်အနှောင်မရှိ
လွတ်လပ်စွာ ကျင့်ကြံအားထုတ်နိုင်ပါတယ်။ ဘယ်လောက်အထိ လွတ်လပ်ပါသလဲဆိုရင်
ကိုယ်ကိုယ်တိုင် ဗုဒ္ဓ ဖြစ်လာသည်အထိ မိမိရဲ့ အသိဉာဏ်များကို
ပွားများနိုင်ပါတယ်။ တို့ချဲ့နိုင်ပါတယ်။
ဗုဒ္ဓ၀ါဒရဲ့ အစကတော့ သမ္မာဒိဋ္ဌိ ပါပဲ။ သမ္မာဒိဋ္ဌိ ဆိုတာ အသိဉာဏ် မှန်ကန်ဖို့၊
အယူအဆ မှန်ကန်ဖို့ ပါပဲ။ ဒုက္ခ နှင့် ဒုက္ခအကြောင်းမှန်ကို
သိရှိနားလည်ရမယ်။ ဤအချက်တို့ကို သိရှိနားလည်ဖို့ရန် မိမိတို့၏ စိတ်၊
စေတသိက် တို့ရဲ့ စွမ်းရည်သတ္တိကို လွတ်လပ်စွာ အသုံးချဖို့ လိုအပ်ပါတယ်။
ထိုသစ္စာတရားတို့ကို ရှာဖွေပေးခဲ့တဲ့ ဗုဒ္ဓက ကောသလတိုင်း ကေသမုတ္တိရွာသား
ကာလာမလူမျိုးတို့အား အောက်ပါအတိုင်း ဟောထားခဲ့ပါတယ်။
( ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း )
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး
လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ တွေးအကြံတွေအားလုံး မှန်ပြီလို့
လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး
ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက်
ဟောပြောချက်၊ ရေးသားချက်၊ အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး
လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး
ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
( ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ )
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား
မကောင်းသော အကျင့်တို့ပါတကား။ ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သောအကျင့်တို့ပါတကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့
သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို ပယ်လိုက်ကြ၊
စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို ကျင့်လို့ အကျိုးမဲ့
ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့ ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည်
အပြစ်ကင်း၍ သန့်ရှင်းသော တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ
သူတော်ကောင်းများ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသောအခါ
ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။ သင်တို့ ကိုယ်တိုင်
ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။ ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။
ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော
စွမ်းရည်သတ္တိတွေကို အသုံးချလိုက်ပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိမှိတ်နေကြတဲ့
ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့ စွမ်းအားတမျိုး ဖြစ်ပါတယ်။
ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့
မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
(သီတဂူ ဆရာတော်)
credit to>>>facebook
၁၅၀၀ တန်ဆင်းမ်ကဒ်တွေမဲဖောက်
ငွေကျပ် ၁၅၀၀တန်ဖုန်းဆင်းကဒ်တွေကို ၇န်ကုန်မြို့ ရပ်ကွက် ရုံး တော် တော် များများမှာ ဒီနေ့ မဲဖောက်ပေးပါတယ်။
ဒီနေ့ ဖုန်းကဒ်မဲပေါက်တဲ့သူတွေဟာ ဧပြီလ ၂၄ရက်မှာ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ဆက်သွယ် ရေးရုံးတွေမှာ ငွေသွင်းပြီး သွားထုတ်ကြရမှာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းအတွင်း ၁၅၀၀တန်ဖုန်းဆင်းကဒ် ၁သိန်း၂သောင်းလောက် မဲနှိုက်ပြီး ဖြန့်ချီရောင်းချပေးမှာ ဖြစ်တယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။
မန္တလေးမြို့မှာတော့ ဒီနေ့မှာ ဖုန်းဆင်းကဒ်မဲနှိုက်တာ မတွေ့ရသေးဘဲ ရပ်ကွက်ရုံးတချို့မှာ အထက်က ညွှန်ကြားချက် တစုံတရာ မလာသေးလို့ ဆိုင်းဘုတ်မှာရေးထားတာတွေ့ရတဲ့အကြောင်း မန်းသတင်း ထောက် တဦးက ပြောပါတယ်။
မန္တလေးတိုင်းအတွင်း ၁၅၀၀တန်ဖုန်းဆင်းကဒ် ၆၅၀၀၀ ရောင်းချပေးဖို့ ရှိတဲ့အကြောင်း သက်ဆိုင်ရာ အစိုးရအဖွဲ့က ကြေငြာချက်ထုတ်ထားကြောင်းလဲ သိရပါတယ်။
ဧပြီလ ၂၄ရက်မှာ ရောင်းချပေးမယ့် ၁၅၀၀တန် ဆင်းကဒ်တွေဟာ MECTel အမှတ်တံဆိပ်ပါ ငွေဖြည့် ကဒ်တွေနဲ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုခငွေ ဖြည့်မှ ဆက်သွယ်ပြောဆိုနိုင်မှာဖြစ်တဲ့အကြောင်း မြန် မာ့ဆက်သွယ်ရေးက ဧပြီလ ၂၀ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိ အနီးအနားက ကွမ်းယာဆိုင်၊စတိုးဆိုင်တွေမှာ အလွယ်တကူ ၀ယ်ယူရနိုင်တဲ့ MPT ငွေဖြည့် ကဒ်တွေ အစား၊ သတ်မှတ်ထားတဲ့ဆိုင်တွေမှာပဲ သွားဝယ်ရမယ့် MEC ငွေဖြည့်ကဒ် ၀ယ်ဖြည့်မှ ဖုန်း သုံးလို့ ရမှာဖြစ်ပြီး၊ဖုန်းပြောသမျှငွေကိုလဲ MEC ကပဲ ရမယ့်သဘောဖြစ်ပါတယ်။
MEC ဆိုတာ မြ၀တီထရေးဒင်းလက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ဖြစ်ပါတယ်။
credit to:Aye Chan Mon
ကျေးဇူးဥပကာရ အထူး တင်ရှိခြင်း
"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်းပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
မြန်မာအွန်လိုင်း ကြော်ငြာလုပ်ငန်း
Ad Innwa
Myanmar Online Advertising & Affiliate Network
Publishers(website တည်ထောင်သူများ)
ကိုယ်ပိုင် website ရှိတယ်၊ AdInnwa ရှိတယ်။သင်၏ website (သို့) parked-domain တွင်
 AdInnwa မှာ ကြော်ငြာများ ထည့်သွင်းခြင်းဖြင့်
page တွင် ဖော်ပြထားသကဲ့သို့ AdInnwa
 မှ ၀န်ဆောင်မှုပေးသော Ad model များမှာ
 CPC (Cost Per Click) နှင့် CPA (Cost Per Action)
 တို့ ဖြစ်ပါသည်။
CPC ကြော်ငြာထည့်သွင်းခြင်း
Website တည်ထောင်သူများက မိမိတို့ website နှင့် သင့်လျော်သော ကြော်ငြာပုံစံ (Ad Format) ကိုရွေးချယ်ပြီး AdInnwa system မှ generate လုပ်ကာ ရရှိလာသော code weight ကို သင့်လျှော်ရာ coding ပိုင်းတွင်ထည့်သွင်းရုံဖြင့် site ပေါ်တွင် အလိုအလျှောက် ကြော်ငြာပေါ်လာမည်ဖြစ်သည်။ ထိုကြော်ငြာများကို website user များ click နှိပ်ပါက Ad impression ပေါ်မူတည်၍ ကြော်ငြာခ ရပါမည်။
CPA ကြော်ငြာထည့်သွင်းခြင်း
Site တည်ထောင်သူများမှာ ကြော်ငြာထည့်သွင်းရုံ၊ ထိုကြော်ငြာများသို့ user များ click နှိပ်ရုံဖြင့် ပိုက်ဆံရမည် မဟုတ်ပါ။ ထိုကြော်ငြာများမှ တစ်ဆင့် ကြော်ငြာထည့်သွင်းသူ လုပ်စေချင်သော action တစ်ခုကို user များလုပ်မှသာ site တည်ထောင်သူ အနေဖြင့် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ ထို action များမှာ user များ e-commerce site များတွင် ဈေးဝယ်ခြင်း၊ member register ပြုလုပ်ခြင်း၊ newsletter signup ပြုလုပ်ခြင်းများ ဖြစ်နိုင်ပါသည်။
Website တည်ထောင်သူများက မည်သည့် CPA program ထည့်သွင်းမည်ကို ရွေးချယ်ပြီး join ရန်လိုအပ်သည်။ CPA ကြော်ငြာများသည် CPC ကဲ့သို့ အလိုအလျှောက် site ပေါ်တွင် ပေါ်လာမည်မဟုတ်ပါ။ Website တည်ထောင်သူမှ CPA တစ်ခုကို join ပြီဆိုလျှင် ထို CPA ပိုင်ရှင်ဖြစ်သော ကြော်ငြာထည့်သွင်းသူမှ လက်ခံရန်လိုအပ်သည်။ ကြော်ငြာထည့်သွင်းသူ လက်ခံမှသာ ထို CPA ကြော်ငြာသည် website တည်ထောင်သူမှ သူ၏ site တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။
ဥပမာ။ ။ သင်က Hotel booking website တစ်ခုလုပ်ထားပြီး CPA နှင့် ပိုက်ဆံရှာမည်ဆိုပါစို့။ သင်၏ website တွင် Hotel လုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်သော CPA ကိုသာ သင်ထည့်ချင်မှာပါ။ ထို Hotel CPA, Travel CPA များထဲမှ commission ပိုပေးသော CPA များကိုသာ သင်က ပိုစိတ်ဝင်စားမှာပါ။ ထို့ကြောင့် သင်က ထို CPA များကိုသာ join ပြီး ကြော်ငြာရှင်က လက်ခံ (approve) ဖြစ်သည်နှင့် သင်က ထို CPA code widget ကို သင့် website တွင်ထည့်သွင်းနိုင်ပါသည်။
Account မှ ပိုက်ဆံထုတ်ခြင်း
website တည်ထောင်သူများ မိမိ account ထဲတွင် 30,000 Kyats သို့ US$40 ရရှိပြီဆိုပါက ပိုက်ဆံထုတ်ယူနိုင်ပါသည်။ ပိုက်ဆံထုတ်ယူရာတွင်
  • International Bank Account Number (IBAN) ရှိပါက International bank account များသို့ transfer ပြုလုပ်နိုင်ခြင်း
  • PayPal သို့ transfer ပြုလုပ်နိုင်ခြင်း
  • ထို service များအသုံးမပြုနိုင်ပါက ရန်ကုန်တွင် လူကိုယ်တိုင် မြန်မာကျပ်ငွေဖြင့် ပိုက်ဆံထုတ်ယူနိုင်ခြင်း တို့ ဖြင့် လွယ်ကူအဆင်ပြေစေရန် စီစဉ်ထားပါသည်။
Plug and Play
AdInnwa ၏ ကြော်ငြာ code အား သင်၏ website သို့ ထည့်သွင်းခြင်းမှာ လွန်စွာ လွယ်ကူလှပါသည်။ မည်သည့် site ၊ မည်သည့် platform (ဥပမာ - static HTML, PHP, JSP, ASP, .NET) တွင်မဆိုထည့်သွင်း နိုင်ပါသည်။
သင်၏ Publisher account သည် active ဖြစ်ပြီဆိုသည်နှင့် account ထဲတွင် CPC သို့ CPA ကို ရွေးချယ်ပြီး သင့် website နှင့် သင့်လျှော်သည့် Ad format ၏ကြော်ငြာ code ကို generate လုပ်နိုင်မည်ဖြစ်သည်။ ထိုကြော်ငြာ JavaScript code ကို သင့် website ၏ Persentation layer ဖြစ်သော template, theme, HTML code ၏ သင့်လျှော်ရာနေရာတွင် ထည့်သွင်းသည်နှင့် AdInnwa ၏ ကြော်ငြာပေါ်လာမည်ဖြစ်သည်။
ထိုကြော်ငြာများကို သင့် site ၏ user များစတင် click နှိပ်ချိန်မှစ၍ AdInnwa system ၏ report တွင် ကြော်ငြာ၏ impression မည်မျှရှိသည်၊ user မည်မျှ click နှိပ်သည်၊ သင် တစ်ရက် ပိုက်ဆံ မည်မျှရှာနိုင်သည် စသည့် report များ ကြည့်ရှုနိုင်မည်ဖြစ်သည်။
Publisher အတွက် အကျိုးကျေးဇူးများ
  • သင်၏ ကိုယ်ပိုင် website တွင် လွယ်ကူစွာ ပိုက်ဆံရှာနိုင်ခြင်း
  • ရင်းနှီးမြှုပ်နှံစရာမလိုသော စီးပွားရေးဖြစ်ခြင်း
  • သင့် site မှ ကြော်ငြာများသည် ၂၄ နာရီနှင့် ၇ ရက်ပတ်လုံး သင့်အတွက် ပိုက်ဆံရှာပေးနေခြင်း
  • Ad format များ အမျိုးမျိုးရှိသောကြောင့် သင့် site ကို ပုံစံမပျက်ဘဲ သင့် site နှင့် သင့်လျော်ရာ Ad format ကို ထည့်သွင်းနိုင်ခြင်း
  • AdInnwa system သည် responsive web design ဖြင့်ဖန်တီးထားသောကြောင့် Smart phone များ၊ Tablet များမှ အသုံးပြု (သို့) report များကြည့်ရှုနိုင်ခြင်း
  • အဆင်ပြေလွယ်ကူစွာ ငွေထုတ်ယူနိုင်ခြင်း
Ad Formats
AdInnwa တွင် အသုံးပြုသော Ad format များမှာ
  • Skyscraper – 120px width နှင့် 600px height
  • Banner – 468px width နှင့် 60px height
  • Medium Rectangle – 300px width နှင့် 250px height
  • Small Square – 200px width နှင့် 200px height
  • Leaderboard – 728px width နှင့် 90px height
  • Wide Skyscraper – 160px width နှင့် 600px height
Ad format များ ဥပမာ ကြည့်ရန် ဤနေရာနှိပ်ပါ
Screenshots
Join AdInnwa as a Publisher
AdInnwa သို့ website တည်ထောင်သူ (publisher) အနေဖြင့် (join) လျှောက်တင်ခြင်းမှာ အခမဲ့ ဖြစ်ပြီး အခုချက်ချင်း Publisher account ဖွင့် နိုင်ပါသည်။
လိုအပ်သော information များ ရရှိရန်နှင့် AdInnwa system အား အလွဲသုံးစား မပြုလုပ်စေရန် sign-up အဆင့် ၂ ခုအား ပြီးမြောက်အောင်ပြုလုပ်ရန်လိုအပ်ပါသည်။
Ref;adinnwa