အမျိုးသမီးများအတွက် ဆံပင်ကျွတ်စေသော အကြောင်းရင်းများ

 
ဆံပင်ကျွတ်နှုန်းများတာဟာ အမျိုးသမီးတွေကို စိတ်အနှောင့်အယှက်ဖြစ်ရစေပါတယ်။ ဆံပင်ကျွတ်နှုန်းများတာကို ဖုံးကွယ်ထားဖို့တော့ မလိုပါဘူး။ တစ်နေ့မှာ ဆံပင်အရေအတွက် ၁၀၀လောက် ကျွတ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ဆံပင်ကျွတ်စေတဲ့ အခြေခံကျန်းမာရေး ပြဿနာတစ်စုံတစ်ရာများ ရှိသလားဆိုတာကို ရှာဖွေနိုင်ပါလိမ့်မယ်။


၁။ ခန္ဓာကိုယ်တွင်း အခြေအနေ

အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ရတာဟာ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းနဲ့ တခြားဓာတုပစ္စည်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ သွေးအားနည်းခြင်း၊ သံဓာတ်ချို့တဲ့လွန်းတဲ့ အစားအသောက်တွေစားခြင်းနဲ့ သိုင်းရွိုက်ရောဂါတွေဟာလည်း အမျိုးသမီးတွေကို ဆံပင်အများအပြား ကျွတ်စေနိုင်ပါတယ်။ CNN ကျန်းမာရေးရဲ့ ဖော်ပြချက်အရ အမျိုးသမီးတွေကို ဆံပင်ကျွတ်နှုန်းများစေနိုင်တဲ့ ဆေးဝါးပေါင်း ၂၉၀ ကျော်ရှိကြောင်း၊ အဲဒီအထဲမှာ သွေးကျဲစေတဲ့ဆေး၊ စိတ်ကျကုသဆေးနဲ့ ဘီတာဘလော်ကာ (Betablocker) ဆေးဝါးတို့ပါဝင်နေကြောင်း သိရပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ သွေးဆုံးချိန်အတောအတွင်း အီစထရိုဂျင် မဟော်မုန်း ပမာဏ ကျဆင်းသွားတဲ့အခါ ဆံပင် ကျွတ်တာမျိုး၊ ကလေးမွေးပြီးချိန်မှာ ဆံပင်ကျွတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။

၂။ ဆံပင် ပုံသွင်းခြင်း

ဆံပင်ကို အမျိုးမျိုး ပြုပြင်ဖန်တီးခြင်းနဲ့ ဆံပင်ပုံသွင်းရာမှာ သုံးတဲ့ ပစ္စည်းတချို့ကြောင့်လည်း ဆံပင်သား ထိခိုက်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်း ဖြစ်တတ်ပါတယ်။ ဆံပင်ကို ပိုနီတေးစည်းတာ၊ ကျစ်ဆံမြီးကျစ်တာ စတဲ့ ဆံပင်သားကို ဆွဲခြင်း၊ ဖိထားခြင်းတွေကြောင့်လည်း ဆံပင်ကျွတ်ရတတ်ပါတယ်။ ဆံပင်သားဟာ ဓာတုပစ္စည်းနဲ့ အပူထိတွေ့မှုများလေလေ၊ ကျွတ်နှုန်းများလေလေ ဖြစ်နိုင်တာကြောင့် ဆံပင်ဖြေင့်စက်၊ လေမှုတ်စက်စတာတွေနဲ့ ဓာတုပစ္စည်းပါတဲ့ ဆံပင်သုံး ပစ္စည်းတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

၃။ မျိုးရိုးဗီဇလိုက်ခြင်း

အသက်ကြီးလာတာကြောင့် အမျိုးသားရော အမျိုးသမီးပါ ဆံပင်ကျဲပါးလာတတ်ပါတယ်။ တချို့ အမျိုးသားတွေမှာ ဆံပင်ကျဲပါးပြီး ထိပ်ပြောင်းခြင်း ဖြစ်ရတာဟာ မျိုးရိုးဗီဇကြောင့်ပါလို့ CNN ကျန်းမာရေးက ဆိုပါတယ်။ အမျိုးသမီးတွေမှာ မျိုးရိုးအရ ဆံပင်ကျွတ်နှုန်းများရင် နဖူးစပ်တစ်လျှောက်မှာ ပါးနေတတ်ပါတယ်။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်နှုန်းများတာကိုတော့ အပြည့်အဝ ကာကွယ်မှု မယူနိုင်ပါဘူး။ ဒါပေမဲ့ ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေတော့ ခံယူလို့ ရပါတယ်။

Ref: Good Health

အာဖရိက အကောင်ကြီး အဆိပ်ပြင်း မြွှေပွေး

 
Gaboon Viper လို့ခေါ်ပြီး သိပ္ပံအမည်ကတော့ Bitis gabonica ဖြစ်ပါတယ်။ အာဖရိက တိုက် အလယ်ပိုင်းမှာ နေထိုင်ကျက်စားပြီး ကမ္ဘာ့အဆိပ်အပြင်း ဆုံး မြွှေများ စာရင်းများလည်း ပါဝင်ပါသေးတယ်။အရှည်အားဖြင့် ၄ ပေနဲ့ ၅ ပေကြားမှာ ရှိပြီး အလေးချိန်က ၁၉ ပေါင်ထိ ရှိတာကြောင့် ကမ္ဘာ့အလေးဆုံး မွေးစာရင်းမှာတောင် ပါဝင်လိုက်ပါသေး တယ်။ သူ့ရဲ့  ထူးခြားချက်က အပြင်က အရေခွံပါ။ ရေမြေဒေသကို လိုက်လျောညီထွေပြီး အညိုနု၊ အသားရောင်၊ သစ်ပုပ်ရောင်၊ အနက်ရောင် အစရှိသဖြင့် ရှိနေတတ်ပါတယ်။ ရုတ်တရက်ဆိုရင် မြင်နိုင်မှာတောင် မဟုတ် ပါဘူး။ခပ်နှေးနှေးသွား ရှင်သန် စားသောက်တတ်တဲ့ အဆိပ်ပြင်း မြွေပွေးပါ။ အာဖရိက တိုက် အလယ်ပိုင်း၊ အနောက်ပိုင်းတို့မှာသာ မြင်တွေ့ရတဲ့ Gaboon မြွှေပွေးဟာလည်း မျိုးသုန်းတော့မယ့် မြွှေပွေးစာရင်းမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

“Super Sex Bug” ဆူပါပိုး အစိုးရိမ်မကြီးပါနဲ


New sex superbug could be global killer "(ဆူပါဘဂ်) သစ်ဟာ တကမ္ဘာလုံးမှာ သေစေလာက်အောင် ကြောက်စရာ ကောင်းတယ်" ဆိုတဲ့သတင်းကို ၁-၅-၂ဝ၁၃ နေ့က “ဆန်း” သတင်းစာမှာ စပြီးရေး လိုက်ပါတယ်။ ဒိနောက်မှာ Sex Superbug could be worse than AIDS "(အေအိုင်ဒီအက်စ်) ထက်ဆိုးတဲ့ (ဆူပါဘဂ်)" ဆိုတဲ့သတင်းကို ၂-၅-၂ဝ၁၃ နေ့က CNBC ကနေရေးလိုက်ပါတယ်။ ဒိနောက်မှာ Worse than AIDS - sex superbug discovered in Japan "(အေအိုင်ဒီအကစ်) ထက်ဆိုးတဲ့ လိင် (ဆူပါဘဂ်) ဂျပန်မှာတွေ့တယ်" လို့ ၆-၅-၂ဝ၁၃ နေ့မှာ ထပ်ထွက်လာပါတယ်။ မြန်မာ့သတင်းလောကထဲလဲ ရောက်လာပါပြီ၊
MRTV 4 ကနေ ၁၈-၅-၂ဝ၁၃ မှာ တင်ဆက်သွားပါတယ်။

HIV ပိုးက ဗိုင်းရပ်စ်ဖြစ်ပြီး ဒီပိုးသစ် “Super Sex Bug” ဆိုတာက ဗက်တီးရီးယားဖြစ်ပါတယ်။ ကူးစက်တာမြန်လွန်းလို့ ပိုဆိုးတာပါ။ ပိုးနာမည်ကတော့ HO41 ဖြစ်ပါတယ်။ ၂ဝဝ၉ ကတည်းက ဂျပန်မှာ လိင်လုပ်ငန်းလုပ်နေတဲ့ ၃၁ နှစ်အရွယ် အမျိုးသမီးဆီကနေ စတွေ့ ထားတာပါ။ ဒိနောက် ပိုးဟာ ဟာဝိုင်ယီကို ၂ဝ၁၁ ထဲမှာ ရောက်ပါတယ်။ HO41 ပိုးဟာ ပဋိဇီဝဆေးတွေမှန်သမျှ မတိုးလို့ဆိုးတာလဲပါတယ်။

တိတိကျကျပြောရရင် HO-41 ကို ၁၂-၇-၂ဝ၁၁ နေ့မှာ ကနေဒါနိုင်ငံ ကွိဘက်မှာ ၄ ရက်တာကျင်းပတဲ့ International Society for Sexually Transmitted Disease Research (ISSTDR) နိုင်ငံတကာ လိင်ကတဆင့် ကူးစက်ရောဂါများ အသိုင်းအဝိုင်းကွန်ဖရင့်အပြီးမှာ ထုတ်ဖေါ်လိုက် တာဖြစ်ပါတယ်။

အမှန်က ဒီပိုးဟာ ဂနိုးရီးယား (ဆီးပူညောင်းကျ) ရောဂါပိုးသစ်ဖြစ်ပါတယ်။ ပိုးကူးစက်တာခံရရင် ရှော့ခ် ရမယ်။ ရက်ပိုင်းအတွင်းမှာ သေနိုင်တယ်။ ပိုးရှိနေပေမဲ့ အမျိုးသမီးတွေမှာ ၅ဝ%၊ အမျိုးသားတွေမှာ ၂-၅%
ရောဂါလက္ခဏာ မပြဘဲရှိတတ်လို့ ကာကွယ်ရေးလုပ်ရတာ ခက်ပါတယ်။ ဂနိုးရီးယားပိုးက ဆေးယဉ်တာတွေ များများလာတာ အမှန်ဖြစ်တယ်။ Ceftriaxone ထိုးဆေးကို တခြားဆေးနဲ့ တွဲသုံးလာရတယ်။ Azithromycin ဒါမှမဟုတ် Doxycycline ပေးလေ့ရှိတယ်။ (ကွန်ဒွမ်) ကို စနစ်တကျ သုံးတာနဲ့ အတော်များများကာကွယ်နိုင်တယ်။ “လိုက်နာနိုင်ရင်တော့ အကောင်းဆုံးနည်းက လိင်မဆက်ဆံပါနဲ့။”

Superbugs ဆူပါဘဂ်အဆင့်လို့ သတ်မှတ်ခံထားရတဲ့ ဆေးမတိုးတဲ့ပိုးပေါင်း (၆) မျိုးရှိပါတယ်။
1. Klebsiella pneumonia နူမိုးနီးယားဖြစ်စေတဲ့ပိုး၊
2. Methicillin-resistant Staphylococcus aureus အနာဖြစ်စေတဲ့ပိုး၊
3. Clostridium difficile လေမကြိုက်တဲ့ အခွံနဲ့နေတဲ့ပိုး၊
4. Extensively Drug Resistant Tuberculosis တီဘီ၊
5. Drug-resistant Gonorrhea ဆေးမတိုးတဲ့ ဂနိုးရီးယား နဲ့
6. Shiga toxin-producing Escherichia coli အဆိပ်ထွက်စေတဲ့ (အီး-ကိုလိုင်) ပိုးတွေ ဖြစ်ပါတယ်။

အမေရိကားမှာ STDs လိင်ကတဆင့် ကူးစက်ခံရသူပေါင်း တနှစ်မှာ သန်း ၂ဝ ရှိတယ်။ ဂနိုးရီးယားလူနာ ၇ သိန်းပါတယ်။ ဆေးကုသစရိတ်က ၁၆ ဘီလျန်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ကွန်ဂရက်မှာ ဒီပိုးကို တိုက်ဖျက်ဘို့အတွက် ဒေါ်လာ ၅၄ သန်း တောင်းလိုက်ပါသတဲ့။

တချို့မီဒီယာသမားတွေက (ကျွန်တော်တို့နိုင်မှာသာ မဟုတ်ပါ) ဖတ်တဲ့သူ မျက်လုံးပြူးစေမှာမျိုးကို တင်ချင်တဲ့ ဝါသနာ ရှိကြတယ်။ ဆေးသုတေသန သစ်တွေကို သတင်းစာ၊သတင်းဌာနကြီးတိုင်းကနေ နေ့တိုင်း တင်ပေးနေတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ “သုတေသနဆိုတိုင်း မကိုင်းရှိုင်းပါနဲ့” လို့ စာလေးတပုဒ်ရေးထားရတယ်။ ခေါင်းစဉ်လေးသာ ဖတ်ပြီး စိတ်ပျက်စရာ၊ အားတက်စရာတွေဖြစ်နိုင်ပေမဲ့ အခုမှစတွေ့တိုင်း လက်တွေ့နယ်မှာ အသုံးမကျသေးပါ။

မဆိုးတဲ့သတင်းကိုလဲ သိထားပါ။ AIDS ထက်ဆိုးတယ်လို့ တခြား ဆရာဝန်တွေက လက်မခံပါ။ ခုထိတော့ ဒီပိုးကနေ သေတယ်လို့ သတင်းမထွက်သေးပါ။ ဟာဝိုင်ယီ၊ ကာလီဖိုးနီးယားနဲ့ နော်ဝေမှာ ဆင်တာတာတွေ တွေ့ပေမဲ့ လူနာတွေကို ပဋိဇီဝဆေးတွေနဲ့
နိုင်အောင်ကုနိုင်ထားတာမို့ ပိုးဟာ ဂျပန်မှာသာရှိသေးတယ်လို့ ယူဆနိုင်ပါတယ်။ ဥပမာ နယူးယော့ခ်က ဒေါက်တာ (ဘရုစ် ဟာ့ရှ်) ကလက်မခံပါ။ ပိုးဝင်လို့ (ရှော့ခ်) ရပြီး သေနိုင်ပေမဲ့ ၁% သာ ဖြစ်နိုင်တယ်။ AIDS မှာဆိုရင် ၉၈% သေနိုင်တယ်။ ခိုင်းနှိုင်းမှုလွန်ကဲလွန်းပါသတဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၅-၂ဝ၁၃

တီဘီရောဂါ ( tuberculosis )အကြောင်း သိကောင်းစရာ


တီဘီရောဂါ စတင်ဖြစ်ပေါ်စေသည့် အကြောင်းအရင်းကို စတင်ပြောရမည်ဆိုပါက … မိုင်ကိုဘက်တီးရီးယမ်းကျူဘာကူလိုဆစ် လို့ခေါ်တဲ့ ဘက်တီးရီးယာ ကြောင့် တီဘီရောဂါကို စတင်ဖြစ်ပေါ်စေပါသည် ။ လူ့ခန္ဓာကိုယ်အစိတ် အပိုင်း တော်တော်များများမှာ ဖြစ်သော အဆုတ်၊ အရေပြား၊ အူ၊ အရိုးစတဲ့နေရာတွေမှာ တီဘီရောဂါဖြစ်ပွားစေပါတယ်။

အဆုတ်မှာဖြစ်လာခဲ့ရင် ချောင်းတွေဆိုးလာမည် ၊အချိန်အားဖြင့် တစ်လနည်းပါလောက်ထိ ချောင်းဆိုးရင်ခဲ့တော့ အဆုတ်တီဘီဖြစ်နိုင်ပါတော့တယ်။ တီဘီဖြစ်လာသည့် သူသည် ညနေဘက်မှာ ဖျားချင်သလိုလို ဖြစ်လာမယ် ခန္ဓာကိုယ်ကလည်း နေရင်းထိုင်ရင်း တရှောင်ရှောင်နဲ ပိန်ပိန်လိုက်လာတော့သည် တချို့မှာချောင်းဆိုးသူတွေဆိုရင် သွေးပါ ပါလားတတ်တော့တယ် ။ မိမိရဲ့  ရင်ဘတ်အောင့်တတ်လာပါတယ် ။ တီဘီဖြစ်ပြီဆိုရင် လူလည်း ပိန်ချုံး ပြီး တဖြည်းဖြည်းနဲ့ သေသွားတဲ့အဖြစ်မျိုး အဆင့်သို့ ရောက်နိုင်လို့  မပေါ့သင့်သော ရောဂါတမျိုးလည်း ဖြစ်ပါတော့သည် ။

ဒီလို ရောဂါကို အဖြစ်များတာက ကိုယ်ခံစွမ်းအားမကောင်းတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဓိကတော့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ HIV/AIDS ဖြစ်တဲ့လူတွေ ဆိုရင် အများစုဟာ အဆုတ်တီဘီဖြစ်လာဖို့  အလွန်ပင် လွယ်ပါတယ်။

ငယ်ငယ်က တီဘီရောဂါ ကာကွယ်ဆေးထိုးထားတဲ့ လူတွေဆိုရင် ဦးနှောက်အမြှေး ပါး တီဘီရောဂါကို ကာကွယ်နိုင်ပါတယ် သို့ သော အဆုတ်ဖြစ်သော အဆုတ်တီဘီကိုတော့ မကာကွယ်နိုင်ပါဘူး။ အိမ်တအိမ်မှာ တီဘီပိုးတွေ့နေရင် အိမ်မှာရှိတဲ့ ကျန်တဲ့ လူတွေကို အချိန်မရွေး ရောဂါ ကူးစက်နိုင်တယ်။ ရောဂါရှိသူနဲ့နီးနီးကပ်ကပ်ရှိတဲ့လူတွေ၊ လုပ်ငန်းခွင်တွင် ရှိသော အပေါင်းအသင်းတွေကိုလည်း ကူးနိုင်တယ်။ အသက်ကြီးတဲ့လူတွေ၊ ဆီးချို၊ သွေးချိုရောဂါရှိတဲ့လူတွေ၊ စတီးရွိုက်ဆေး၊ ကင်ဆာကုသဆေး သောက်နေရတဲ့လူတွေ၊ ကျောက်ကပ် မကောင်းတဲ့လူတွေ၊ အာဟာရချို့တဲ့သူတွေလည်း တီဘီရောဂါကူးစက်ခံရနိုင်ပါသည် ။သလိပ်ထဲမှာ တီဘီပိုးတွေ့တဲ့သူတွေနဲ့ အတူနေတဲ့လူတွေပါ ဂရုစိုက် ကာကွယ်မှုမပြုရင် တီဘီပိုး အလျှင်အမြန် ကူးစက်ခံရနိုင်ပါတယ်။

အကြမ်းအားဖြင့် အထက်တွင် ဖော်ပြထားသည့် အချက်များဖြစ်လာပါကု လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပေးရပါတော့မည် ထို့ နောက် ဆေးကုသမှုခံကို မဖြစ်မနေ ခံယူရပါမယ်။
ရောဂါသိရှိရန် လုပ်ကြရပါတော့မယ် ၊ စစ်ဆေးသည်ပြု့ လုပ်ချက်များတွင် သလိပ်မှာလည်း ပိုးမတွေ့ဘူး၊ ဓာတ်မှန်မှာလည်း ပြတ်ပြတ် သားသားမတွေ့ဘူး။ သွေးအနည်ထိုင်နှုန်းတော့ များတယ်။ ညနေပိုင်းတော့ ဖျားတယ်ဆိုရင် လူနာလည်း လက်ခံမယ်ဆိုရင် (Test Trial) စမ်းသပ်ကုသခြင်း ပြုလုပ်ပါတယ်။

WHO ကနေပြီး ( တိုက်ရိုက်ကြည့်ရှု အချိန်တိုနှင့်ကု )ဆိုသည့်အတိုင်း ကုထုံးနဲ့တီဘီဖြစ်တဲ့လူတွေကို အခမဲ့ကုသ ပေးနေပါတယ်။ တီဘီရောဂါဖြစ်တဲ့ မည်သူမဆို သက်ဆိုင်ရာကျန်းမာရေးဌာနမှာ အခမဲ့ကုသနိုင်ပါတယ်။ ဒီတီဘီကုသဆေးတွေကို နိုင်ငံ တော်ပိုင်ဆေးရုံတွေရော၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာနတွေမှာလည်း အချိန်မီ အခမဲ့သွားရောက် ကုသနိုင်ပါတယ်။

ဒီရောဂါဖြစ်ပြီးဆိုရင် မပျောက်တော့ဘူးလို့  တချို့ က အစွဲထားကြပါတယ် မဟုတ်ပါဘူး
တီဘီရောဂါဟာ ကုသလို့ပျောက်တဲ့ရောဂါပါ။ မိမိကိုယ်တိုင်ရော၊ မိသားစုပတ်ဝန်းကျင်အတွက်ပါ ထည့် စဉ်းစားပြီး ထိထိရောက်ရောက် ဆရာဝန်မှာကြားတဲ့အတိုင်း ဆေးသောက်ရမယ့်သတ်မှတ်ကာလပြည့်အောင် တိတိကျကျ သောက်ဖို့တော့ အထူးလိုအပ်ပါတယ်။

ဆေးကို ၂-လသောက်သောက်လိုက်တာနဲ့  ကောင်းသွားပြီး သက်သာသွားတာနဲ ပ ပျောက်ပြီဆိုပြီး ဆေးမဖြတ်သင့်ပါဘူး သတ်မှတ်ကာထိရောက်အောင် သောက်ကိုသောက်ရပါလိမ့်မည် ရက်ပျက်လို့ သောက်လိုက် မသောက်လိုက်ဖြစ်နေပါက ဆေးယဉ်ပါးသော တီဘီမျီုးကို ရောက်ရှိတတ်ပါသည် ။

တီဘီဆေးဝါးများကိုလည်း နိုင်ငံတော်ကနေ အမျိုးသားအဆင့်သတ်မှတ်ပြီးကျန်းမာစောင့်ရှောက်ရေးအဖြင့် တီဘီရောဂါကို အခမဲ့ကုသပေးနေပြီဆို တဲ့အကြောင်း ထပ်မံ အသိပေးပြောကြားလိုက်ပါသည် ။

Mg Mandalay

HOTEL IN DUBAI INTRODUCES GOLD IPAD FOR GUESTS

 
ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်၇ပွင့် ဟိုတယ် Burj Al Arab မှာလာတည်းတဲ့ ဧည့်သည်တွေ အတွက် ၂၄ carat ရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို ဟိုတယ်က မိတ်ဆက် ပေးလိုက် ပါပြီ။
အကောင်းတကာ့ အကောင်းဆုံး နေချင်စရာ နေရာတစ်ခု၊ ကမ္ဘာပေါ်မှာ တစ်ခုတည်းသော ကြယ်ခုနှစ်ပွင့် ဟိုတယ်ဖြစ်တဲ့ Dubai က Burj Al Arab ဟိုတယ်က တကယ့်ကို most luxurious hotel တစ်ခုပါ။ double room တစ်ခန်းတည်း ကိုပဲ ဒေါ်လာ ၁၅၀၀လောက်က စပြီးပေးရ ပါတယ်။ တကယ်လို့ သင်ဟာ ဒီလို နေရာမျိုးကို သွားခွင့်ရှိတဲ့ လက်တစ်ဆုပ်စာ လူတွေထဲက တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် ရောက်ကတည်း က သင့်အတွက် ဟိုတယ်မှာ နေစဉ်အတွင်း အသုံးပြုဖို့ iPad တစ်လုံးကို ဟိုတယ်က ပေးပါလိမ့်မယ်။ ရိုးရိုး iPad လို့မထင်ပါနဲ့။
၂၄ကာရက် ရွှေနဲ့ပြုလုပ်ထားတဲ့ iPad တွေဖြစ်ပြီး အလုံးပေါင်း ၂၀၂လုံး ရှိပါတယ်။ Burj Al Arab ဟိုတယ်ရဲ့ လိုဂိုကိုပါ ထည့်သွင်း ထားပြီး တော့ ဗြိတိန်က brand တစ်ခုဖြစ်တဲ့ Gold & Co. ကဒီဟိုတယ် အတွက်သာ သီးသန့် ပြုလုပ် ပေးထားတာပါ။ ကိုင်တာများပြီး အကျင့် ပါမသွားနဲ့ ဦးနော်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဟိုတယ်မှာ တည်းခိုပြီးတာနဲ့ ပြန်ပေးခဲ့ ရမှာမို့လို့ပါ။ အခန်းတိုင်းမှာ iMac ကွန်ပျူတာတွေ ထည့်သွင်း ပေးထားတဲ့ အပြင် ဟိုတယ်မှာ လာတည်းတဲ့ လူတိုင်းကို ဒီရွှေနဲ့ ပြုလုပ်ထားတဲ့ iPad တွေကို အသုံးပြုခွင့် ပေးမှာပါ။ ဒီ iPad တွေက virtual concierge service တွေကိုပါ ဆောင်ရွက် ပေးမှာဆိုတော့ ဟိုတယ်က ပေးနေတဲ့ ၀န်ဆောင်မှုတွေ၊ စားသောက်ဆိုင် မီနူးတွေ၊ spa treatments တွေကစလို့ အခန်း သန့်ရှင်းရေး၊ စားပွဲထိုး စတဲ့ ၀န်ဆောင်မှု တွေကိုပါ လုပ်ဆောင် ပေးမှာပါ။ ကိုင်တာများ သွားလို့ လိုချင်တယ် ဆိုရင်လည်း ဟိုတယ်ကနေ တဆင့် ၀ယ်ယူလို့ ရပါတယ်။ ဘယ်လောက် ကျမလဲ ဆိုတာတော့ မမေးပါနဲ့။ ဘယ် iPad model ကိုသုံးမလဲ ဆိုတာတော့ မသိရ ပေမယ့် နောက်ဆုံးပေါ် မော်ဒယ်ပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Burj Al Arab ဟိုတယ်မှာ ဒီရွှေ iPad တွေအပြင် တခြားဇိမ်ခံ အသုံးအဆောင် တွေဖြစ်တဲ့ Walk-in showers နဲ့ Jacuzzis, huge plasma TVs, Rolls-Royce ကားတွေ အပြင် ကိုယ်ပိုင် စားပွဲထိုး ထားပေးတဲ့ ၀န်ဆောင်မှု တွေပါ package ထဲမှာ ပါဝင်ပါတယ်။ ဒါတွေက စံသတ်မှတ် ချက်တွေ ဖြစ်ပြီး ဒီလို အတွေ့အကြုံမျိုး ဘယ်မှာမှ မရနိုင်ပါဘူး။ တစ်ခုရှိ တာက IT ဘက်ကလူတွေ ဒီဟိုတယ်မှာ လာတည်းခို တာဟာ ဒီရွှေ iPad ထက်တခြား သူ့ရဲ့ ၀န်ဆောင်မှု တွေကြောင့် ပိုဖြစ်နိုင်ချေ ရှိပါတယ်။ iPad ရှိ၊ မရှိထက် Burj Al Arab မှာလာတည်းခို ရတာကို ပျော်နေပါပြီ။


Source and Images from Redmondpie

By MYMC

မရဏ သက်တန်. ဖား

 
အမေရိကတိုက် အလယ်ပိုင်း ကော်စတာရီကာနိုင်ငံနဲ့ ပနားမားတို့မှာ သာ တွေ့ရတဲ့ ဖားများ ဖြစ်ပါတယ်။
အသဲစားဘုရင်လိုခေါ်ရတဲ့ အကြောင်းကလော့ အရောင်လှသလောက် ဒုက္ခ ကြီးကြီးပေးတတ်တဲ့ဖားများမို့လိ
ု့ ဖြစ်ပါတယ်။ Atelopus varius လို့ခေါ်ပြီး ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အရောင်အသွေးစုံပါတယ်။ မျိုးစိတ်ထပ်ကွဲပြိး အဝါရောင်၊အနက်ရောင်ရော၊ ခရမ်းရောင်၊နက်ရောင်ရော၊ ပန်းရောင်၊ စိမ်းရောင် အစရှိသဖြင့် အရောင်အသွေး စုံစုံလင်လင်ကို ရှိ ပါတယ်။ ဆေးခြယ်ထားတဲ့ အတိုင်းကို လှပတဲ့ဖားများ ဖြစ်ပါတယ်။ clow frog လို့လည်း ခေါ်ပါတယ်။
သို့ပေမယ့် ကမ္ဘာ့ အဆိပ်အပြင်းဆုံး ဖားစာရင်းထဲမှာပါပါတယ်။ သူ့အဆိပ်က အရည်အပြားထိလိုက်တာနဲ့ကို သက်ရောက်ပါတယ်။ သက်ရှိ တော်တော် များများ သေပါတယ်။ လူကိုလည်း သေ စေတဲ့ ဖြေဆေးရှား ဖားဆိပ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဘယ်တိရစ္ဆာန်မှာ မထိရဲပါဘူး။ ဖားဘုရင်တစ်မျိုးပါပဲ။ ကမ္ဘာ့ရှားပါးမျိုးစိတ်ထဲမှာလည်း ပါဝင်တဲ့ ဖားများ ဖြစ်ကြောင်း သိရပါတယ်။

Ref: wiki

ခေါင်းအုံးကို မကြာခဏ နေပူလှန်းပေးပါ


မည်သူမဆို အိပ်ရာဝင်သည့်အခါ ခေါင်းအုံးနှင့် အိပ်စက်ကြသည်။ လူ့ခန္ဓာကိုယ်အတွင်းမှ စွန့်ထုတ်သော ညစ်ညမ်းသည့် အခိုးအငွေ့နှင့် အရေပြားမှ ချွေးများသည် ခေါင်းအုံးအတွင်းပိုင်းသို့ စိမ့်ဝင်သွားတတ်သည်။ ဦးခေါင်းမှ စိမ့်ထွက်သော ချွေးစေးနှင့် အဆီများသည်လည်း ခေါင်းအုံးကို ညစ်ညမ်းစေနိုင်သည်။
အချိန်ကြာလျှင် ခေါင်းအုံးသည်အညစ်အကြေးစု၍ နေသောနေရာ ဖြစ်တတ်သည်။

ခေါင်းအုံးထဲသွတ်ထားသော ဂွမ်းကပ်သည်လည်း အစိုဓာတ်ကို စုပ်ယူတတ်သဖြင့် ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ပေါက်ဖွားလာတတ်သည်။ အထူးသဖြင့် အသက်ရှူလမ်းကြောင်းရောဂါရှိသူ၊ အစာခြေလမ်းကြောင်း ရောဂါရှိသူ၊ အရေပြားရောဂါရှိသူနှင့် ကူးစက်ရောဂါရှိသူ သုံးစွဲခဲ့သော ခေါင်းအုံးထဲ၌ ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများရှိသဖြင့် အနာရောဂါကူးစက်တတ်သည်။

ထို့ကြောင့် ခေါင်းအုံးကို သန့်စင်အောင် ခေါင်းအုံးစွပ်၊ ခေါင်းအုံးဖုံးပဝါကို မကြာခဏ လျှော်ဖွပ်ပေးရမည့်အပြင် ခေါင်းအုံးစွပ်ကိုလည်း ပိုးသန့်စင်အောင် မကြာခဏ နေပူလှန်းပေးရပါမည်။

အထူးသဖြင့် အအေးမိရောဂါနှင့် အခြားကူးစက်တတ်သည့် ရောဂါများ ဖြစ်နေသည့်အချိန် ခေါင်းအုံးစွပ်ကို သန့်စင်အောင် လျှော်ဖွပ်ပေးရပါမည်။ ခေါင်းအုံးကို နေပူလှန်းပေးရပါမည်။ သို့မှသာ ရောဂါပိုးနှင့် ဗိုင်းရပ်စ်ပိုး ကင်းစင်သွားပြီး ရောဂါဘယ ကင်းဝေးကြမည် ဖြစ်ပါသည်။
Ref: Good Health

အင်ဒိုနီးရှားတွင် မိုင်းတွင်းပြိုကျမှုကြောင့် လူ ၁၄ ဦးသေဆုံး


Monday, May 20, 2013

အမေရိကန် လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်သည့် မြေအောက် ရွှေနှင့် ကြေးနီ တူးဖော်ရေး မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး ယနေ့တွင် နောက်ထပ် ရုပ်အလောင်း (၅)ခုကို ထပ်မံ ရယူနိုင်ခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပြိုကျသွားသော မိုင်းတွင်းအတွင်းမှ နောက်ထပ် အလောင်းများ ထပ်မံ ရရှိနေဆဲဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ အမေရိကန် လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်သည့် မြေအောက် ရွှေနှင့် ကြေးနီ တူးဖော်ရေး မိုင်းတွင်းတစ်ခု ပြိုကျခဲ့ပြီး ယနေ့တွင် နောက်ထပ် ရုပ်အလောင်း (၅)ခုကို ထပ်မံ ရယူနိုင်ခဲ့သည်။ ထို့ကြောင့် အသေအပျောက် စာရင်းသည် (၁၄)ဦး ရှိလာပြီဟု တာဝန်ရှိသူများက ဆိုသည်။ နောက်ထပ် (၁၄)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့၏ အသက်ဘေးအတွက် စိုးရိမ်နေရကြောင်း သိရှိရသည်။ Freeportက ပိုင်ဆိုင်သော မြေအောက် မိုင်းတွင်းသည် ပြီးခဲ့သည့် သီတင်းပတ် အင်္ဂါနေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး (၃၈)ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ထို့အပြင် ဒဏ်ရာရနေသည့် မိုင်းလုပ်သား (၁၀)ဦးလည်း လွတ်မြောက်ခဲ့ပြန်သည်။

လတ်တလောတွင် ပြိုကျမှု ဖြစ်ပွားပြီး ကတည်းက ပါပူအာရှိ ဂရက်စ်ဘာ့ဂ် မိုင်းတွင်းတွင် လုပ်ငန်းအားလုံး ရပ်ဆိုင်းထားခဲ့သည်။ အဓိကအားဖြင့် သေဆုံးခဲ့သူများအတွက် ဝမ်းနည်းမှုနှင့် ရိုသေ လေးစားမှု ပြသရန်ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများအတွက်သာ ဇောက်ချက လုပ်ဆောင်နေခြင်းဟု ကုမ္ပဏီက ဆိုသည်။ ပါပူအာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယရဲမှူး ဂျီဒီဆူမာတာ ဂျာယာက တနင်္လာနေ့တွင် တန်နှင့်ချီ လေးလံသည့် ကျောက်တုံးနှင့် မြေစိုင်များအောက် ပိမိနေသည့် နောက်ထပ် အလောင်း (၅)ခုကို ပြန်လည် ရရှိခဲ့ကြောင်း ပြောဆိုသွားသည်။

"(၅)ရက်လောက် ကြာပြီးချိန်မှာ အတွင်းထဲမှာ အသက်ရှင် ကျန်နိုင်မယ့် အရိပ်အယောင်မျိုး ဘာမှ မတွေ့ရဘူး။ တကယ့်ကို နာကျင် ကြေကွဲစရာ မတော်တဆမှုပါပဲ"ဟု ၎င်းက ဆိုသည်။ ကုမ္ပဏီက လတ်တလောတွင် မြေညှိရခြင်းနှင့် တူးဖော်ခြင်း လုပ်ငန်းများသည် ကျောက်တုံးများ ပြိုကျနေခြင်းကြောင့် နှောင့်နှေးမှုများ ရှိနေကြောင်း ဝန်ခံခဲ့သည်။ မိခင် ကုမ္ပဏီ၏ CEOနှင့် ဥက္ကဋ္ဌဖြစ်သူ ရစ်ချတ် အက်ကာဆန်သည် စနေနေ့က အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာကာ ဒဏ်ရာရသူ မိုင်းလုပ်သားများထံ သွားရောက်ပြီး နှစ်သိမ့် အားပေးမှုများ ပြုလုပ်ခဲ့သည်။ "ခုဖြစ်ရပ်အတွက် ကျွန်တော် အရမ်း ဝမ်းနည်းမိပါတယ်။ ညီအစ်ကိုတွေရဲ့ ဆုံးရှုံးမှုနဲ့ထပ်တူ ခံစားရပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်းက Freeportနှင့် ဒေသဆိုင်ရာ အရာရှိများအား မိုင်းတွင်းပြိုကျမှု ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေးရန် အမိန့်ထုတ်ပြန်ထားကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။


Planet.com.mm

ဒေါက်ဖိနပ်နှင့် နောက်ဆက်တွဲပြဿနာများ

 
အနာမခံဘဲ အသာမစံရနိုင်ပေ။ ဒေါက်မြင့်ဖိနပ်နှင့်နာကျင်မှုမှာ ဒင်္ဂါးပြားမှခေါင်းနှင့် ပန်းကဲ့သို့ ခွဲခြား၍မရပေ။လေ့လာမှုအချို့အရဒေါက်ဖိနပ်စီးခြင်း ကဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးကို ပိုမိုဆိုးဝါးစေသည်ဟု အကြံပြု ခဲ့သည်။ ဒေါက်မြင့် ဖိနပ်များကိုအချိန် ပမာဏတစ်ခုအထိ ဝတ်ဆင်ပြီးပါက ကျန်းမာရေး၌ ဆိုးဝါးသောနောက်ဆက် တွဲပြဿနာများကို ဖြစ်ပေါ်စေသည်။ ဒေါက်မြင့် ဖိနပ်တစ်ကြိမ်စီးတိုင်း ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ ခြေချောင်းတွေကို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို သယ်ခိုင်းထားသလို ဖိအားအများကြီး ဖြစ် ပေါ်စေပါတယ်။ အဲဒီအခါ ကျန် တဲ့ခန္ဓာကိုယ်တစ်ခုလုံးက ခန္ဓာကိုယ် ကို ထိန်းညှိပေးရန် ကြိုးစားရပါတယ်။ အဲဒီခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်က ရှေ့ကိုငိုက်ပြီး၊ အပေါ်တစ်ဝက်က နောက်ကိုလှန်ထားရပါတယ်။ အဲဒီ အခါ ခန္ဓာကိုယ်ရဲ့သဘာဝ ''ပုံစံ ကောက်ကြောင်းကိုပျက်စေပြီး လည် ပင်းရိုးများနဲ့ ခါးရိုးများကိုဟသွားစေ ပါတယ်။ ဒါ့အပြင် ဒေါက်မြင့်ဖိနပ် စီးပြီး လမ်းလျှောက်ပုံကြည့်ရတာ တကယ်ကိုထူးဆန်းပြီး၊ မသက်မသာ ဖြစ်ရပါတယ်။ အကယ်၍ အမျိုးသမီး တစ်ဦးက နေ့စဉ်ဒေါက်မြင့်ဖိနပ်ဝတ် ပါက သူမ၏ ခြေချောင်းများသည် အမြဲတမ်းကွေးနေရသည့်အတွက် ပုံပျက်ယွင်းမှုများ ဖြစ်ပေါ်စေပါသည်။ ဒေါက်မြင့်စီးသူများ လမ်းလျှောက်ချိန် ကြာလာတာနဲ့အမျှ သူမတို့ခြေသလုံး ရှိ ကြွက်သားများ တဖြည်းဖြည်းတို လာကြပြီး နာကျင်မှုကို ခံစားလာရကာ၊ ဟန်ချက်ထိန်းသိမ်းနိုင်မှုလျော့ နည်းလာပြီး၊ ချော်လဲခြင်း၊ ထိခိုက် ဒဏ်ရာရခြင်းတို့ ဖြစ်နိုင်ပါတယ်။ ထို့ပြင် ဒေါက်မြင့်စီး၍ လမ်းလျှောက်ချိန်တွင် ပေါင်ရှေ့ခြမ်းရှိ ကြွက်သား များမှာနားချိန်မရဘဲတောက်လျှောက် အလုပ်လုပ်ရသည့်အတွက် တဖြည်း ဖြည်းတိုလာကြပြီး ရလဒ်အနေဖြင့် အရိုးအဆစ်ရောင်ခြင်းများဖြစ်ပွားနိုင်သည်။ ဥပမာ ခြေမနာခြင်း၊ ဖနောင့်နာခြင်း၊ ခြေကျင်းဝတ်နာခြင်း၊ ပေါင်ရိုးနာခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ခေါင်းကိုက် ခြင်းတို့ဖြစ်စေနိုင်သည်။ ဒေါက်မြင့် စီးခြင်းက ကျောရှိ ကြွက်သားများကို တောင့်တင်းသွားစေပြီးယင်းကတစ်ဖန် ပြန်၍အာရုံကြောများကို ဖိစေသည့် အတွက်နာတာရှည်ခေါင်းကိုက်ရောဂါ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးများက လှပပြီး စတိုင်ကျဖို့အတွက်ဆိုရင်၊ နာတာရှည်ဖြစ်နိုင်သည့် ပြဿနာများကို လျစ်လျူရှုပြီးဒေါက်မြင့်စီးလေ့ရှိသည့် အတွက်မိမိနှင့် သင့်လျော်သော ဖိနပ်သာ စီးသင့်ကြောင်းအကြံပေးလိုက်ရပါသည်။
ခရက်ဒစ်...facebook

မွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ပါက ကလေးတွင် သွေးအားနည်း ရောဂါဖြစ်နိုင်

 
ကလေးမွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ခဲ့ရင် မွေးဖွားလာတဲ့ ကလေးငယ်မှာ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ရနိုင် တယ်လို့ ကျွမ်းကျင်သူတွေက ထုတ်ဖော်လိုက်ပါတယ်။ မွေးပြီးပြီး ချင်း ချက်ကြိုးမဖြတ်ဘဲ မိနစ်အနည်းငယ်ခန့် စောင့်ဆိုင်းနေ တာဟာ မိခင်ရဲ့အချင်းမှ သွေးတွေ ကလေးဆီရောက်ရှိစေပါတယ်။ ကလေးမွေးပြီးပြီးချင်း ချက်ကြိုးဖြတ်တာဟာ အကောင်း ဆုံးလို့ ၂၀ဝ၇ ခုနှစ်က ဖော်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀ဝ၉ ခုနှစ်က လေ့လာမှုအရ မွေးပြီးပြီးချင်း ချက်ကြိုးဖြတ်ခံရတဲ့ ကလေးငယ်တွေဟာ ခြောက်လသားအရွယ်ထိ သံဓာတ်ချို့တဲ့ နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သံဓာတ်ချို့တဲ့တာဟာ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ပြဿနာဖြစ်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။ ကလေးမွေးပြီး နှစ်မိနစ်မှ ငါးမိနစ်အထိ စောင့်ဆိုင်းပြီးမှ ချက် ကြိုးဖြတ်တာဟာ ကလေးငယ်မှာ သံဓာတ်မချို့တဲ့အောင် ကူညီနိုင်တယ်လို့ ဆိုပါတယ်။ ကလေးငယ်မွေးကာစ အချိန်မှာ ကလေးငယ်ရဲ့ သွေးသုံးပုံတစ်ပုံခန့်ဟာ ချက်ကြိုးနဲ့ အချင်းထဲမှာ ကျန်ရှိနေတဲ့အတွက် မွေးပြီးပြီးချင်း ချက်ကြိုးကို ဖြတ်လိုက်ရင် ကလေးမှာ သွေးရရှိမှု နည်းသွားကြောင့် သံဓာတ်ချို့တဲ့တဲ့ သွေး အားနည်းရောဂါကို ခံစားရတယ်လို့ ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

 
လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။
http://www.myawady.com.mm/

မြောက်ကိုရီးယားပင်လယ်ကမ်းရိုးတန်းရှိ ဒုံးလက်နက်များဖယ်ရှား

 
မြောက်ကိုရီးယားကပင်လယ်ကမ်းရိုးတန်းတွင် တပ်ဆင်ထားသော
ရွှေ့ပြောင်းနိုင်သည့် ဒုံးလက်နက်နှစ်ခုကို မေလ(၆)ရက်တွင် ဖယ်ရှား
လိုက်ပြီဖြစ်ကြောင်း သိရသည်။ပြီးခဲ့သောရက်အနည်းငယ်အတ
ွင်း နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဝန်ဆန်မြို့အနီးတွင် တပ်ဆင်ထားသော လက်နက်
များအား ပြန် လည်ရုတ်သိမ်းခဲ့ခြင်းကြောင့် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှု
များသည် လေသံလျော့လာသည့်လက္ခဏာတစ်ရပ်ဖြစ်
နိုင်ကြောင်း ဂျပန်နှင့်
အမေရိ ကန်သတင်းရင်းမြစ်များမှ သိရသည်။အမေရိကန်နိုင်ငံတွင် ဂြိုဟ်တု
မှတစ်ဆင့်ဆက်လက်စောင့်ကြည့်နေဆဲ
ဖြစ်ပြီး မြောက်ကိုရီးယား၏
လုပ်ဆောင်မှုသည် တိုးတက်လာသောလက္ခဏာတစ်ရပ်ဟု အသေအချာ
ပြောရန်စောနေသေးကြောင်း အိမ်ဖြူတော်ထိပ်တန်းအရာရှိတစ်ဦး
မှ
ပြောကြားခဲ့ကြောင်း NHKသတင်းဌာနမှသိရသည်။
credit to>>မြဝတီ

မြန်မာ-ထိုင်း နယ်စပ်ဂိတ်သစ် ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် တရားဝင်ဖွင့်

 
မြန်မာ-ထိုင်းနယ်စပ်မှ ဆင်ခေါင်း ယာယီ စစ်ဆေးရေးဂိတ်ကို အဆင့်မြှင့်တင်ပြီးပြီဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် အမြဲတမ်းဝင်ပေါက် အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်သည်။
ယင်းသို့ဖွင့်လှစ်မည့် အစီအစဉ်ကို နှစ်နိုင်ငံစလုံးက အတည်ပြုထားပြီးဖြစ်၍ ဗုဒ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓဟူးနေ့တွင် ဆင်ခေါင်းဂိတ်၌ အခမ်းအနားဖြင့်ဖွင့်လှစ်သွားမည်ဟု ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗီရာဆရီဝပ်တန်နာထရာကူးက ပြောကြားသည်။
ဖရာချွတ်ကီရီစဉ် ခရိုင်ရှိ ဆင်ခေါင်းဂိတ်သည် မြန်မာနိုင်ငံဖက်မှ မောတောင်စစ်ဆေးရေးဂိတ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် အတွက် အမြဲတမ်းဂိတ်အဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်မည့် နယ်စပ်ဂိတ် ၃ ခု အနက်မှ တစ်ခုဖြစ်ပါသည်။
Credit To: Yangon Chronicle

အလွယ်ကူဆုံး အိမ်သုံးခြင်ဖမ်းကိရိယာ

 မိမိအိမ်ပတ်ဝန်းကျင်မှာ ခြင်တွေများနေလို့စိတ်ညစ်နေပါသလား... ခြင်ဆေးခွေတွေကြောင့် ကျန်းမာရေးထိခိုက်မှာစိုးရိမ်နေပါသလား... ခြင်အန္တရာယ်ကာကွယ်ပေးမယ့် ဓာတုဆေးဝါးတွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်နေပါသလား... လျှပ်စစ်ခြင်ဖမ်းစက်တွေ အလွယ်တကူမဝယ်ယူနိုင်တဲ့နေရာမျိုးရောက်နေပါသလား... ဒီပြဿနာတွေကို အလွယ်ကူဆုံးဖြေရှင်းနိုင်ဖို့ တရုတ်တိုင်ပေ (ထိုင်ဝမ်) က ကျောင်းသားလေးတွေ တီထွင်ခဲ့တဲ့ အိမ်သုံးခြင်ဖမ်းကိရိယာလေးကို ကိုယ်တိုင်လုပ်ကြည့်လိုက်ကြရအောင်...

လိုအပ်မယ့်ပစ္စည်းတွေကတော့
ရေ
သကြားအညို >>> ၅၀ ဂရမ်
တဆေး (yeast) >>> ၁ ဂရမ် နဲ့
၂ လီတာဆံ့ ရေသန့်ဘူးခွံ့တစ်ဘူးတို့ဖြစ်ပါတယ်...

တခြားဟာတွေက ပြဿနာမရှိပေမဲ့ တဆေးကိုတော့ ရှင်းဖို့လိုမယ်ထင်ပါတယ်... တဆေးအမျိုးမျိုးရှိပြီး နယ်ပယ်အမျိုးမျိုးမှာသုံးကြပါတယ်... ဒီနေရာမှတော့ ပေါင်မုန့်ဖုတ်တဲ့နေရာမှာသုံးတဲ့ တဆေးရှိရင်ရပါပြီ... အလွယ်တကူဝယ်လို့မရဘူးဆိုရင်တော့ ကိုယ့်ဘာသာလုပ်နိုင်ပါတယ်... သစ်သီးအစိတ်တွေ.. ဒါမှမဟုတ်သစ်သီးခြောက်တွေကို ပုလင်းအလွတ်ထဲ ရေမပြည့်တပြည့်ထည့်ပြီးစိမ်ထားပါ... အဖုံးကိုတော့ ခပ်ချောင်ချောင်လေးဖုံးထားရင်ရပါပြီ... ပိုမြန်ချင်ရင်တော့ ပုလင်းထဲ သကြားနည်းနည်းထည့်ထားပါ... ရက်နည်းနည်းကြာလာရင် အမြှုပ်ကလေးတွေထလာပြီး အနံ့ကလည်းဝိုင်နံ့လိုထွက်လာပါလိမ့်မယ်.. ဒါဆိုရင် သုံးလို့ရပါပြီ... အချဉ်ဖောက်လိုက်တဲ့သဘောပါပဲ...

ကဲ ခြင်ဖမ်းတဲ့ဖက်ကို ပြန်သွားလိုက်ကြရအောင်... ပထမဆုံး ရေသန့်ဘူးခွံကို အလယ်ကနေဖြတ်လိုက်ပါ... သကြားညိုနဲ့ ရေနွေး ၂၀၀ မီလီမီတာလောက်ကိုအရင်ဖျော်ပါ... အအေးခံပါ... ၄၀ံ C လောက် အေးသွားပြီဆိုရင် ဖြတ်ထားတဲ့ ရေသန့်ဘူးရဲ့ အောက်ပိုင်းထဲကိုလောင်းထည့်ပါ... ပြီးရင် တဆေး (yeast) ကိုထပ်ထည့်ပါ... မွှေစရာမလိုပါဘူး... အဲ့ဒီကနေ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်နေပါလိမ့်မယ်... ပြီးရင် ရေသန့်ဘူးအပေါ်ပိုင်းကို ဘူးအခြေပိုင်းမှာ ပြောင်းပြန်ပြန်စွပ်လိုက်ပါ... ပုံမှာပြထားသလိုပါပဲ... သေချာအောင် တိပ်နဲ့ကပ်ထားရင်ပိုကောင်းပါတယ်... ရေသန့်ဘူးကို အနက်ရောင်တစ်ခုခုနဲ့ပတ်ထားလိုက်ပါ... အပေါ်ပိုင်းကိုတော့ အလွတ်ထားပါ... ပြီးပြီဆိုရင် သင့်အိမ်ရဲ့ ထောင့်တစ်နေရာရာမှာချထားလိုက်ပါ...

နှစ်ပတ်လောက်ကြာတဲ့အခါ ရေသန့်ဘူးထဲမှာ ခြင်တွေအများကြီးရောက်နေပြီး သေနေတာကိုတွေ့ရပါလိမ့်မယ်... အထဲမှာရောစပ်ထားတာတွေကိုတော့ နှစ်ပတ်တစ်ကြိမ်လဲပေးဖို့လိုပါမယ်.... ခြင်များတဲ့ဒေသမှာရောက်နေလို့ပဲဖြစ်ဖြစ် သင့်အိမ်ထဲမှာခြင်တွေရှင်းအောင်လုပ်ချင်တာပဲဖြစ်ဖြစ် ဒီနည်းလမ်းလေးကိုစမ်းပြီး အသုံးပြုကြည့်လိုက်ပါ... တကယ်အသုံးဝင်ပါလိမ့်မယ်...


နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway 

အမျိုးသားနှင့် အမျိုးသမီး အကြား စိတ်ဝင် စားဖွယ်ရာ စိတ်အခြေ အနေများ



အမျိုးသားနဲ့ အမျိုးသမီးဟာ ကိုယ်ခန္ဓာ တည်ဆောက်ပုံချင်း ကွဲလွဲမှု ရှိရုံသာမက စိတ်ပိုင်း ဆိုင်ရာ အခြေအနေ တွေကလည်း မတူဘဲ ကွဲပြားမှု ရှိနေ တာကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိ ထားပါတယ်။

(၁) အမျိုးသားတွေက အမျိုးသမီးတွေထက် နှစ်ဆ-သုံးဆ ပိုပြီး စိတ်အပြောင်းအလဲ မြန်တတ် ပါတယ်။ အမျိုးသမီး အများစုက အမျိုးသား အများစုထက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုကြာ တတ်ပါ တယ်။ ဒါပေမဲ့ အမျိုးသားတွေက သူတို့ ဆုံးဖြတ် ထားပြီးသား အရာ တစ်ခုကို ပိုပြီး ပြီးဆုံးအောင် ဆောင်ရွက်လေ့ ရှိပါတယ်။

(၂) အိုင်ကျူ စစ်ဆေးနည်း ခံယူထားတဲ့ သူတွေကိုလေ့လာမှု တစ်ရပ်အရ အမျိုးသမီးတွေက အမျိုးသား တွေ ထက် ပျမ်းမျှအားဖြင့် အိုင်ကျူအနည်းငယ် ပိုမြင့်တာကို တွေ့ရပါတယ်။

(၃) အမျိုးသမီးတွေက အမျိုးသားတွေထက် မျက်နှာတွေ၊ အထူးသဖြင့် အမျိုးသမီးတွေရဲ့ မျက်နှာတွေကို ပိုမိုမှတ်မိ တတ်ကြပါတယ်။

 (၄) အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုပြီး ကူညီ တတ်ကြပါတယ်။

(၅) အမျိုးသမီးတွေက အလုပ်ကြောင့် ရလာနိုင်တဲ့ ရလဒ်တွေကို ခန့်မှန်းတဲ့ အခါမှာ ပိုပြီး အဆိုးမြင် တတ်ကြပါတယ်။

(၆) အမျိုးသမီး အများစုက တချို့အလုပ် ကိစ္စတွေမှာ တော်တယ်လို့ ယုံကြည်ကြပေမယ့် အရာရာ တိုင်းကို ကောင်းအောင် မစွမ်းဆောင်နိုင် ကြပါဘူး။

(၇) အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ကြောက်ရွံ့တတ်၊ စိုးရိမ်ပူပန် တတ်ကြ ပါတယ်။

(၈) အမျိုးသမီး တွေက အမျိုးသားတွေထက် နှစ်ဆပိုပြီး စကားများ ကြပါတယ်။ တစ်နေ့မှာ အမျိုးသား တွေက ပျမ်းမျှအားဖြင့် စကားလုံး ၁၂၅,၀၀ လုံး ပြောကြပြီး အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် ၂၅၅,၀၀ လုံးပြောလေ့ ရှိကြပါတယ်။

(၉) အမျိုးသား အများစုက ပျမ်းမျှအားဖြင့် ခုနစ်စက္ကန့် ကြာတိုင်း Sex အကြောင်း စဉ်းစားလေ့ ရှိကြပါတယ်။

(၁ဝ) အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ မျက်နှာ အမူအရာနဲ့ စိတ်ခံစားမှုကို အကဲခတ်ရာမှာ ပိုပါးနပ် တတ်ပါတယ်။ အမျိုးသားတွေက မိန်းမတွေရဲ့ မျက်ရည်ကို တွေ့တဲ့အခါကျမှ သူတို့ လုပ်ရပ် မှားသွားမှန်း တကယ် သဘောပေါက် သွားတယ်လို့ တချို့ အမျိုးသမီးတွေက ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက (အမျိုးသား တွေထက်) နာကျင်ဝမ်းနည်း တဲ့အခါ လေးဆ ပိုပြီး ငိုကြွေး တတ်တာပါ။

Good health News
credit to >>>myawady

နေ့စဉ် ဆေးလိပ်အနည်းငယ် သောက်ခြင်းကြောင့် အဆစ်ရောင်ရောဂါ ဖြစ်နိုင်

 
အမျိုးသမီးတွေ အနေနဲ့ နေ့စဉ် ဆေးလိပ် အနည်းငယ် သောက်ရုံနဲ့ လေးဖက်နာ အဆစ်ရောင် ရောဂါဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မား တယ်လို့ လေ့လာမှု အသစ်အရ တွေ့ရှိ ထားပါတယ်။ တစ်နေ့ကို ဆေးလိပ် တစ်လိပ်မှ ခုနစ်လိပ်အတွင်း သောက်သူ တွေဟာ ဆေးလိပ် မသောက်သူ တွေထက် အဆစ်ရောင် ရောဂါ ဖြစ်နိုင်ခြေဟာ နှစ် ဆခန့် မြင့်မား ပါတယ်။ ဆေးလိပ် ဖြတ်ပြီး ၁၅ နှစ်ကြာရင် တောင်မှ ရောဂါဖြစ်နိုင် ခြေဟာ နှစ်ဆခန့် ဆက်လက် မြင့်မားနေ တယ်လို့ သိရပါတယ်။
RA လို့ခေါ်တဲ့ လေးဖက်နာ အဆစ် ရောင်ရောဂါဟာ မိမိရဲ့ဆဲလ်တွေကို မိမိ ရဲ့ခုခံအား စနစ်က ပြန်လည် တိုက်ထုတတဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး အဆစ်တွင်းမှာ ရောင်ရမ်း နာကျင်မှုတွေ ဖြစ်ပေါ်တဲ့ ရောဂါပါ။ အဆစ်အပြင် အဆစ်ပတ်ဝန်းကျင် မှ တစ်သျှူးတွေနဲ့ ခန္ဓာကိုယ်မှ တခြား အင်္ဂါတွေကိုပါ ရောင်ရမ်း တတ်ပါတယ်။ အစပထမမှာ လက်နဲ့ခြေထောက်က အ ဆစ်တွေ ရောင်ရမ်းပြီး နာကျင်မှုဖြစ်ပေ မယ့် နောက်ပိုင်းမှာ ခန္ဓာကိုယ်တစ်ကိုယ် လုံးမှ အဆစ်တွေကိုပါ နာကျင်မှုဖြစ်တတ် ပါတယ်။
RA ရောဂါရှိတဲ့ သူတွေဟာ အဆစ်တွေ တောင့်တင်း နေတတ်ပါတယ်။ အသက် အရွယ်မရွေး ဖြစ်တတ်ပေမယ့် အသက် ၄၀ ကျော်အရွယ်မှာ ပိုပြီးဖြစ် တတ်ပါတယ်။ အမျိုးသမီး တွေဟာ အမျိုးသား တွေထက် နှစ်ဆမှ သုံးဆပိုပြီး ဖြစ်တတ်ပါတယ်။ မကြာခင်က လေ့လာ မှုအရ ဆီးချိုရောဂါ ရှိတာနဲ့ ဆေးလိပ် သောက်တာ တွေဟာ RA ရောဂါဖြစ်နိုင် ခြေကို မြင့်မားစေတဲ့အချက်တွေလို့ သိ ရပါတယ်။ နေရောင်ခြည် အထူးသဖြင့် Ultraviolet ထိတွေ့ရင်မူ RA ရော ဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်လို့ ဆို ပါတယ်။

BY GOOD HEALTH

အမေရိကန်တွင် ဇိမ်ခံကားမီးလောင်မှုအတွင်း အသစ်စက်စက် သတို့သမီး သေဆုံး

 
မေလ ၆ ရက် ၂၀၁၃
မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံ၊ ဆန်ဖရန် ဆစ္စကိုတွင် ဇိမ်ခံကားကြီးတစ်စင်း မီးလောင်မှု ဖြစ်ပွားရာ အသစ်စက်စက် သတို့သမီး အပါအဝင် လူ(၅)ဦး သေဆုံးသွားကြောင်း သိရှိရသည်။ မင်္ဂလာဦး အကြိုအဖြစ် ပါတီပွဲ ကျင်းပခဲ့သည့် သတို့သမီးနှင့်အတူ အခြား (၄)ဦးတို့သည် ဇိမ်ခံ မော်တော်ကားကြီး မီးလောင်မှုအတွင်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ မော်တော်ကားကြီးသည် ဆန်ဖရန်စ္စကို၏ နယ်နိမိတ်အတွင်း တံတားကြီးတစ်ခုကို ဖြတ်သန်းစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

သေဆုံးသွားသည့် သတို့သမီး၏ အမည်ကို ရဲက မကြေညာခဲ့ဘဲ သူမသည် ပူပူနွေးနွေး လက်ထပ်ပွဲ ဆင်နွှဲထားပြီး သူငယ်ချင်းများနှင့်အတူ ပါတီကျင်းပပြီးနောက် သေဆုံးသွားခြင်းဟု သူမ၏ ညီမဖြစ်သူက ပြောဆိုသွားသည်။ အဆိုပါ သတို့သမီးသည် ဇွန်လအတွင်း သူမ၏ ဇာတိနိုင်ငံဖြစ်သော ဖိလစ်ပိုင်သို့ ပြန်သွားကာ နောက်ထပ် မင်္ဂလာပွဲတစ်ပွဲ ဆင်နွှဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာ ဇိမ်ခံကားကြီးအတွင်း အမျိုးသမီး (၉)ဦး လိုက်ပါ စီးနင်းလာကာ ယာဉ်မောင်းမှာမူ အမျိုးသား ဖြစ်သည်။ စနေနေ့က ဖြစ်ရပ်တွင် မီးစတင် လောင်ကျွမ်းပြီးနောက် ကူးစက်မှုမှာ အလွန်မြန်ဆန်ခဲ့သည်ဟု ခန့်မှန်းရကြောင်း မီးသတ်များက ဆိုသည်။ မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရသေးဟု အဝေးပြေးလမ်းမ လုံခြုံရေး အရာရှိ အာ့တ် မွန်တီရဲလ်က ပြောကြားခဲ့သည်။

"ဇိမ်ခံကားကြီးကို ကြည့်ရတာ ယာဉ်တိုက်မှုလို ဖြစ်ထားတဲ့ အရိပ်အခြေလည်း မတွေ့ရဘူး။ လောလောဆယ်တော့ ဒီကားကပဲ မီးစလောင်တယ်လို့ ယူဆထားပါတယ်"ဟု မွန်တီရဲလ်က ဆိုသည်။ "ယာဉ်မောင်းက ကားအပြင်ကို ထွက်လာနိုင်ခဲ့တယ်။ တချို့ ဖြတ်သွားဖြတ်လာတွေက ကားရပ်ပြီး အထဲမှာ ပိတ်မိနေသူတွေကို ကူညီ ဆွဲထုတ်ခဲ့ကြတယ်။ ခုထိတော့ ဘာတွေ ဖြစ်သွားခဲ့တယ် ဆိုတာကို ကျွန်တော်တို့ မတွေးတတ်သေးဘူး။ လောလောဆယ်တော့ အားလုံးက စုံစမ်းစစ်ဆေးဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်"ဟုလည်း မှုခင်းဘက်ဆိုင်ရာ အရာရှိတစ်ဦးက မှတ်ချက်ပြုသွားခဲ့သည်။

Source: ABC News

ပူစီနံရွက်ကလေးရဲ့ ကျန်းမာရေးအာနိသင်

ပူစီနံရွက်ဟာ ပရုတ်အုပ်စုဝင်အပင်တစ်မျိုးဖြစ်ပြီး အနံ့သင်းပျံ့မှု၊ နွေးထွေးစေမှုနဲ့ အနည်းငယ်ခါးသက် တဲ့အရသာရှိပါတယ်။ အခြားဟင်း ချက်စရာ အရွက်တွေနဲ့မတူတာက ပူစီနံကို ဟင်းခတ်အမွှေးအကြိုင် အပြင် ဆေးအဖြစ်လည်း အသုံးပြုလို့ ရပါတယ်။

၁။ ဘက်တီးရီးယားနဲ့ မှိုပိုးတွေကို သေစေပါတယ်။နောက်ပြီး ကပ်ပါးပိုး ကြောင့်ဖြစ်တဲ့ ယောနိရောင်ရမ်းခြင်း၊ ပါးစပ်အနာပေါက်ခြင်းတွေကို သက် သာစေပါတယ်။

၂။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်း ကနေ ကာကွယ်ပေးပါတယ်။

၃။ ဗီတာမင်အေ၊ သံဓာတ်နဲ့ မက်ဂနီ ဆီယမ်တွေကြွယ်ဝစွာ ပါဝင်တဲ့အ တွက် ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင် ပါတယ်။

၎။ ဗီတာမင်စီဓာတ် ပါဝင်မှုများတဲ့ အတွက် သွားဖုံးနာခြင်း၊ သွေးထွက် ခြင်း၊ သွားဖုံးပြည်တည်ခြင်းတွေမှာ ပူစီနံကိုချေထားတဲ့အရည်ကို သောက်သုံးပေးသင့်ပါတယ်။

၅။ အစာချေဖျက်ခြင်းကို အားပေးပြီး အစာအိမ်ရောင်ခြင်း၊ နာခြင်းတွေကို ကာကွယ်ပေးနိုင်တဲ့ thymolနဲ့ carvacol ဓာတ်တွေပါဝင်နေပါ တယ်။

၆။ အသက်ရှူလမ်းကြောင်း ပိုးဝင် ခြင်းမှာ ပူစီနံရွက်ကိုရှူပေးရင် သက် သာနိုင်ပြီး ရေနွေးနွေးမှာ ပူစီနံရွက် ကိုထည့်ပြီး သောက်သုံးပေးရင်သွေး မပေါ်ခင်ဖြစ်တတ်တဲ့ နာကျင်မှုကို သက်သာစေပါတယ်။

ရှေးခေတ်နာလန္ဒာတက္ကသိုလ်ကြီးအကြောင်း

 ပတ်ဝန်းကျင်တစ်ခုလုံးကားအေးမြသောညချမ်းအောက်မှာတိတ်ဆိတ်ငြိမ်သက်နေသည်။
 ဘေးပတ်လည်တွင် မြူခိုးမြူနှင်းများကားအုံဆိုင်းလျက်။ ဝေ့ခနဲတိုက်လာသောမြောက်ပြန်လေနှင့်အတူ အရိုးခိုက်လောက်အောင် အေးမြလှသောအအေးဓာတ်ကြီးကား သတ္တလောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထို့ကြောင့်လျှင်လည်း ဒီအချိန်ဒီအခါမျိုးတွင် မိမိအိမ်ရာမှတစ်ပါး ပြင်ပနေရာသို့သွားရောက်၇န် မည်သူမှ စိတ်မကူးကြ။ မိမိတို့၏နွေးထွေးလှသောအိမ်ရာအတွင်းခိုလှုံကာ အိပ်ရာထဲတွင် ကွေးသော်လည်းကွေးစေ၊ အငွေ့တထောင်းထောင်း ထနေသော ခဲဖွယ်စားစရာများကို စားနေခြင်းက သာပိုပြီးဖြစ်နိုင်ချေရှိလိမ့်မည်။

သို့သော်လည်း သည်မျှချမ်းအေးလှသောညအချိန်တွင် အရိုးခိုက်အောင်အေးလှသော အအေးဒဏ်ကိုမမှုဘဲနေသော လူတစ်စုကားရှိနေလေသည်။ သည်မျှအေးလွန်းလှသောအချမ်းဒဏ်ကိုဂရုမစိုက်နိုင်အား။ ကျောက်စိုင်ကျောက်သားကဲ့သို
့တောင့်တောင့်ကြီးရပ်ကာ အခွင့်အရေး အချိန်တစ်စုံတစ်ရာကို စောင့်မျှော်နေဟန်ရှိသည်။ မှုန်ပျပျလရောင်အောက်တွင် မြင်ရသော သူတို့၏မျက်နှာများကား ခက်ထန်မာကျောနေသည်။ ထို့ပြင် သူတို့၏မျက်လုံးများကား မုန်းတီးမှု အရောင်တလက်လက် ထွက်လျက်တစ်စုံတစ်ရာကို အာရုံစူးစိုက်ကြည့်နေဟန်ရှိသည်။ သူတို့ကြည့်နေသည့်နေရာကား ဗုဒ္ဓဟောကြားသည့်တရားတော်များကို သင်ကြားပို့ချပေးရာ ဗဟိုဌာနကြီးဖြစ်သော နာလန္ဒာတက္ကသိုလ်ကြီး။


နာလန္ဒာတက္ကသိုလ်ကြီးကား တိတ်ဆိတ်နေသော ညချမ်းအောက်တွင် ခန့်ခန့်ညားညားတည်ရှိနေသည်။ဗုဒ္ဓဟောကြားသည့်တရားတော်များကို လေ့လာသင်ယူနေကြသည့် ရဟန်းတော်များ၏ စာပေကျက်မှတ်ရွတ်ဖတ်သံများက တိတ်ဆိတ်နေသော ညကိုထွင်းဖောက်ကာကြားနေရသည်။ ဗုဒ္ဓဘုရားရှင်ကိုပူဇော်ထားသည့် ဆီမီးအလင်းရောင်များကား ပြတင်းပေါက်များမှတစ်ဆင့် ပြင်ပသို့ဖိတ်လျှံကျရောက်နေသည်။ သင်္ကန်းတော်ကိုကြည်ညိုဖွယ်ရုံလျက် ပြင်ပကျောင်းဝင်းနေရာတွင် စင်္ကြန်သွားကာ တရားဘာဝနာပွါးများနေသော ရဟန်းတော်များလည်းရှိပေသည်။ သူတို့မျက်နှာကား ပကတိတည်ငြိမ်အေးချမ်းလျက်။

ဗုဒ္ဓသာသနာပြန့်ပွါးရေအတွက် ပရိယတ်၊ပဋိပတ် ကိုယ်အားသန်ရာတွင်ကြိုးစားမှုကြောင့် နာလန္ဒာတက္ကသိုလ်ကြီး၏ ဂုဏ်သတင်းကား အနယ်နယ်အရပ်ရပ်တွင် သတင်းမွှေးလွန်းလှသည်။ ထို့ကြောင့်လည်း အပြည်ပြည်အရပ်ရပ်မှ သံဃာတော်များသည် တက္ကသိုလ်ကြီးသို့လာရောက်ကာ ပညာသင်ယူကြသည်။ ပြီးလျှင် မိမိနေရာအသီးသီးသို့ပြန်ကာ ဗုဒ္ဓစာပေများကိုတစ်ဆင့်ပြန်လည် ပို့ချခြင်းဖြင့် သာသနာပြုကြလေသည်။ သည်သို့ဖြင့် နာလန္ဒာတက္ကသိုလ်ကြီးက တိတ်ဆိတ်နေသောညနှင့်အတူ သက်ဝင်လှုပ်ရှားလျက်ရှိပေသည်။

ဤသို့ အေးချမ်းလှသော ညချမ်းကြီးကို ဖြိုခွင်းမည့်လူတစ်စုကား အဆင်သင့်ရှိနေလေသည်။ သူတို့နေရာယူထားသည်ကား နာလန္ဒာတက္ကသိုလ်ကြီးနှင့် မနီးမဝေးတောတန်းတစ်နေရာ။ တက္ကသိုလ်ကြီးအတွင်းရှိ ရဟန်းတော်များကား မကြာမီကျရောက်လာမည့် ဘေးအန္တရယ်ကို စိုးစဉ်းမျှမရိပ်မိဘဲ ဘုရားစာပေများကျက်မှတ်ရင်း တရားဘာဝနာများကို အားထုတ်ရင်းဖြင့်သာ ညကိုဖြတ်ကျော်လျက်ရှိပေသည်။ တောတန်းကြီးတွင်နေရာယူထားသော လူအုပ်ကြီး၏ ခေါင်းဆောင်ကြီးကား ကောင်ကင်ရှိလ၀န်းကြီးကိုကြည့်လိုက် နာလန္ဒာတက္ကသိုလ်ကြီးကို ကြည့်လိုက်လုပ်နေသည်။


လရောင်အောက်တွင်မြင်၇သော ခေါင်းဆောင်၏မျက်နှာကြီးကား မုန်းတီးမှုအပြည့်ဖြင့် ခက်ထန်နေသည်။ သူ၏နောက်လိုက်များကလည်း ထိုနည်းတူစွာပင်။ လ၀န်းကြီးကားကောင်းကင်ယံတည့်တည့်သို့ရောက်ပြီ။ မကြာမီခေါင်းဆောင်ကြီးကား နောက်သို့လက်ဝှေ့ရမ်းပြီး ခါးတွင်ချိတ်ထားသောဓါးကို တပြိုင်နက်ဆွဲထုတ်ကာ တက်ကြဟု အမိန့်ပေးလိုက်သည်။

သူ့နောက်လိုက်အပေါင်းအပါများကလည်း အသံနက်ကြီးများဖြင့်အော်ဟစ်ကာ လက်နက်များဆွဲထုတ်ပြီး နာလန္ဒာတက္ကသိုလ်ကြီးဆီသို့ အလုံးအရင်းဖြင့် ချီတက်လာကြသည်။ တက္ကသိုလ်ကြီး၏ ဂိတ်တံခါးအ၀ကို ဖြိုဖျက်ကာ ကျောင်းတွင်းသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာကြသည်။

သူတို့သွားရာလမ်းတစ်လျှောက် သက်ရှိသက်မဲ့ မြင်သမျှကို ဖျက်ဆီးကြသည်။ ဗုဒ္ဓဆင်းထုတော်များကို မီးရှို့ဖျက်ဆီးကြသည်။ ပူဇော်ထားသော ပန်းအိုး၊ ရေချမ်းအိုးများကို ရိုက်ခွဲဖျက်ဆီးပစ်ကြသည်။ ဆီမီးတိုင်၊ ပန်းအိုး၊ ရေချမ်းအိုးများကား ကြမ်းပြင်တွင် ဖရိုဖရဲ။ ထိုမျှမကသေး။ ဘုရားသားတော်ရဟန်းတော်များကို ခေါင်းဖြတ်သတ်ဖြတ်ကြသည်။ ရိုက်ပုတ်ကန်ကျောက်ကြသည်။ အပ်တိုတစ်ချောင်းမျှပင်ကိုင်ဆောင်ခွင့် မရှိသောရဟန်းတော်များကား ခုခံနိုင်ဖို့ဝေးစွ။ မိမိကိုယ်မိမိ ဘေးမှလွတ်ကင်းအောင် ရှောင်ရှားနေကြရသည်။ တစ်ချို့ရဟန်းတော်များက မေတ္တာရပ်ခံတောင်းပန်သော်လည်းမရ။ ရိုက်နှက်ထုထောင်းကန်ကျောက်ကြသည်။

ပိဋကတ်တော်စာပေများကို ဆုတ်ဖြဲဖျက်ဆီးပစ်ကြသည်။ ရဟန်းတော်များကား သူတို့ဖျက်ဆီးနေသည့်ကြားမှပင် မိမိအသက်ကိုပဓာနမထားဘဲ လူရမ်းကားများလက်ထဲက ပိဋကတ်တော်များကို လုယူကြသည်။ ပြီးလျှင်ရင်ဝယ်ပိုက်ကာ တံခါးဝဆီသို့ပြေးကြသည်။ လူရမ်းကားများကားနောက်မှလိုက်လာကာ ရဟန်းတော်များကို ဓါးဖြင့်လိုက်ခုတ်ကြသည်။

ရင်ဝယ်ပိုက်ထားသော ပိဋကတ်တော်များကို အတင်းဆွဲကာ လုယူကြသည်။ ပြီးလျှင်ဆွဲဖြဲနင်းချေဖျက်ဆီးကြသည်။ တက္ကသိုလ်ကြီးတစ်ခုလုံးကား ကမ္ဘာပျက်သည့်နှယ်။ သံဃာတော်များ၏ အလောင်းများကား ကျောင်းဝင်းကြီးတစ်ခုလုံးပြန့်ကြဲလျက်။ မသေမရှင်ဖြစ်နေသော သံဃာတော်များ၏ ညည်းညူသံများ၊ လူရမ်းကားများ၏ ဟစ်အော်သံများ၊ ကျောင်းရှိပစ္စည်းများကို ဖြိုဖျက်သံများ ကဖုံးလွှမ်းထားသည်။

ကျောင်းကြမ်းပြင်တစ်ခုလုံးကား သံဃာတော်များ၏ သွေးကွက်များ၊ ပိဋကတ်တော်စာအုပ်အပိုင်းအစများ၊ ပန်းအိုးကွဲ၊ ရေအိုးကွဲအပိုင်းအစများဖြင့် ပြန့်ကြဲနေသည်။ ကျောင်းဝင်းတစ်ခုလုံးကား သုသာန်တစပြင်အလား လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ များမကြာမီ လူရမ်းကားတစ်စုကား ကျောင်းထဲမှ ပြန်ထွက်လာသည်။ အားလုံးအပြင်ရောက်သော် ခေါင်းဆောင်ကြီးကား သူ့လက်အောက်ငယ်သားများကို အချက်ပေးလိုက်သည်။ ထိုအခါ ငယ်သားများက လက်ထဲတွင်ကိုင်ဆောင်ထားသော မီးတုတ်များကို မီးစွဲကာကျောင်းဝင်းကြီး အတွင်းသို့ပစ်ထည့်ကြသည်။ များမကြာမီ မီးခိုးများအူတက်လာကာ ကျောင်းကြီးကိုမီးစွဲလာင်တော့သည်။

မီးတောက်မီးလျှံကြီးများကား ကျောင်းကြီးကိုတစတစ စွဲလောင်တော့သည်။ မီးတောက်ကြီး အ၇ှိန်အဟုန်ကြီးမားလာသည်နှင့်အမျှ သူတို့မျက်နှာပြင်တွင် ကျေနပ်အားရမှုအရိပ်အရောင် များကားကြီးထွားလာသည်။ ခေါင်းဆောင်ကြီးနှင့် သူ့ငယ်သားများကားကျောင်းကြီးမီးလောင်နေပုံကို ကြည့်ရှုပြီး အလွန်အားရကျေနပ်နေကြသည်။ ကျောင်းတိုင်နံရံ တိုင်လုံးကြီးများကိုမီးစွဲလောင် သောကြောင့် တိုင်နံရံများပြိုလဲကုန်သည်။

ထိုသို့ပြိုလဲသံများကို ကြားလျှင် လူရမ်းကား ခေါင်းဆောင်ကြီးနှင့် သူ့အပေါင်းအပါများကား အလွန်ပင်ကျေနပ်အားရသောအသံဖြင့် ရယ်မောပျော်ရွှင်ကြတော့သည်။ ထိုသူတို့ရယ်မောလိုက်သံကား ညသန်းခေါင်ယံအတွင်း အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားသည်။ တောတန်းရှိအိပ်တန်းဝင်နေသော ငှက်များကတဂီးဂီးအော်ဟစ်ကာ အလန့်တကြားထပျံကြသည်။ များမကြာမီသူတို့ပြန်သွားကြသည်။ သူတို့ဆောင်ရွက်ခဲ့သမျှကို အထက်ခေါင်းဆောင်ထံ မိုးမလင်းမီပြန်လည်တင်ပြကြရဦးမည်။

အေးချမ်းတိတ်ဆိတ်နေသောညတစ်ညသည် လူရမ်းကား တစ်စုကြောင့်ဆိတ်သုဉ်းပျက်စီးခဲ့လေပြီ။ တိတ်ဆိတ်အေးချမ်းလှသော သာသနာ့နယ်မြေသည်ကား သွေးစွန်းခဲ့ရလေပြီ။ သံဃာတော်တွေ သွေးမြေကျခဲ့ရပြီ။ ပိဋကတ်စာပေများ ဆုံးရှုံးခဲ့ရပြီ။ ဘုရားစာပေသင်ကြားသံများ တိတ်ဆိတ်ပျောက်ကွယ်ခဲ့ရပြီ။ ဗုဒ္ဓသာသနာတော်ကြီး ဆုတ်ယုတ်ဖျက်ဆီးခံလိုက်ရချေပြီ။ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးညစ်နွမ်းခဲ့ရပြီ။ အစားထိုးမရသောဆုံးရှုံးမှုကြီးကို ကြုံတွေ့ခဲ့ရလေပြီ။ စိတ်ထဲတွင် ၀မ်းနည်းပူဆွေးသောကရောက်မှုများက ဖြေဆည်မရ။

ထိုအဖြစ်မျိုး ထပ်မံ၍ မကြုံတွေ့ ရစေရန် ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ဖြစ်ပါသည်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

(ခရစ်ဇ်သက္ကရာဇ် ၁၁၉၃ တူရကီဘုရင် ခါဂျီဘာခီးယားလက်ထက်က ဖြစ်ပျက်ခဲ့သော ဗုဒ္ဓဘာသာဝင်တို့၏အစားထိုးမရသောဆုံးရှုံးမှုအကြောင်းအရာတစ်ခုကို ပြန်လည်ခံစားရေးဖွဲ့ပါသည်။)
credit to >>MyawadyNews

ဖယောာင်းတိုင်မီးက လူ့ကျန်းမာရေးကို ထိခိုက်စေ

 
အိမ်တံခါး အလုံပိတ်ပြီး ဖယောင်းတိုင်မီးထွန်းခြင်းက လူ့ကျန်းမာရေး ကို သိသိသာသာ ထိခိုက်စေကြောင်း သိရပါတယ်။
ဖယောင်းတိုင်မှာပါတဲ့ ရေနံဆီ၊ လောင်စာ၊ ဖယောင်း တို့ ရောမွှေလောင် ကျွမ်းမှုကြောင့် ထွက်လာတဲ့ အငွေ့ဟာ အနံ့အားဖြင့် မပြင်းထန်ပေမယ့် ရှုရှိုက်မိရင် အဆိပ်အတောက် ဖြစ် ရ လောက်အောင် ဆိုးကျိုး ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဖယောင်းတိုင် ထွန်းရင် လေဝင်လေထွက် တစ်နေရာရာမှာ ရှိဖို့ လိုအပ်ပါတယ်။ရေမွေး တစ်စက်တို့မှုကြောင့် အနံလှိုင်လှိုင်ထွက် သကဲ့သို့ ဖယောင်း တိုင် လောင်ကျွမ်းမှုကြောင့် ထွက်ရှိတဲ့ အနံ့လည်း မနည်းကြောင်း ဆိုပါတယ်။ ယင်း အနံ့ကြောင့် အသက်ရှု လမ်းကြောင်းနဲ့ ဆက်စပ်ရောဂါ အပြင်၊ အဆုပ်၊ ကင်ဆာ တို့လို ရောဂါ တို့ကိုပါ ဖြစ်ပေါ်စေတတ်ကြောင်း သိရပါတယ်။
--
Ref: medic
International news for myanmar
{ခက်စ်တော့ခက်စ်နေပြီ..။မြန်မာတို့၏အဓိက လျှပ်စစ်စွမ်းအားသည် ဖယောင်းတိုင်ဖြစ်၏။ဖယာင်းတိုင် သာအားထားနေရသဖြင့်ထွန်းသာထွန်းပါ..လို့တိုက်တွန်းပါသည်။ (ကျနော်၏သဘောထားသာ)}

လည်ပင်ကြီးရောဂါအကြောင်း

 
လည်ပင်းကြီးရောဂါအကြောင်းကို မိတ်ဆွေတော်တော်များများက မေးကြပါတယ် ၊ အခုနောက်ပိုင်း အဖြစ်များလာသောကြောင့်ထင်မိပါတယ်။ မိန်းကလေးများ သိချင်ဆုံးဖြစ်ပြီး ဖြစ်နေခြင်းကိုလည်း မသိဘဲ နှလုံးလား သွေးသားလားဆိုပြီး ထင်ရောင်ထင်မှားဖြစ်တက်သည့် ရောဂါလည်းဖြစ်ပါတယ် ။

ဒီလည်ပင်ကြီးရောဂါဆိုသည်မှာ လည်ပင်းမှာရှိတဲ့ သွိုင်းရွိုက် (THYROID) လို့ခေါ်တဲ့ ဟော်မုန်းထုတ်ပေးတဲ့ အကျိတ် ကြီးလာတဲ့ရောဂါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။ဒီလည်ပင်ကြီးခြင်းကို ဆေးပညာဝေါဟာရအရ GOITRE လို့ခေါ်တယ်။ ဘာကြောင့်ဖြစ်ရတာလည်းလို့ ပြောရရင် အဓိကအနေထားတော့ လူတို့စားသောက်တဲ့ အစားအသောက်နဲ့ ရေထဲမှာ အိုင်အိုဒင်းချို့တဲ့တဲ့အတွက်ကြောင်း ဖြစ်ပွားရပါတယ်။ အိုင်အိုဒင်းချို့တဲ့ ရောဂါကို မြန်မာနိုင်ငံအတွင်း တောင်တန်းဒေသတွေ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အတွေ့ရများပါတယ်။

အမျိုးသမီးငယ်တွေ အပျိုဖော်ဝင်ခါစမှာလည်း ဇီဝကမ္မဖြစ်စဉ်အရ လည်ပင်းကြီးလာတက်ပါတယ်။ အဲဒါကတော့ စိုးရိမ်စရာမရှိပါဘူး။ အသက်ကြီးလာ ရင် ပြန်ငယ်သွားပါတယ်။ လည်ပင်းကြီးရောဂါဟာ အသက် ၂၀ နဲ့ ၃၀ ကြား မိန်းမတွေမှာ အဖြစ်များပါတယ်။

အခုလို လည်ပင်ကြီးနေပြီုဆိုလျှင် မြင်လိုက်ရုံနဲ့ လည်ပင်းကြီးနေတာ သိသာပါတယ်။ တံတွေးမျိုလိုက်ရင် ဇလုပ်ရဲ့ရှေ့မှာရှိတဲ့ အကျိတ်က တံတွေးအောက် ကို ကျသွားတာနဲ့အမျှ အကျိတ်က အပေါ်ကိုတက်သွားပါတယ်။ လျှာထုတ်ခိုင်းလိုက်ရင်တော့ အပေါ်ကိုလိုက်မတက်ပါဘူး။ မျက်လုံးတွေနဂိုထက် ပြူးလာမယ် သိသာထင်ရှားသော မျက်လုံးအနေအထားဖြစ်ပေါ်လာခြင်း နှင့် ပိုပြီး သေချာအောင် လည်ပင်းကို အာထရာဆောင်းရိုက်ကြည့်ရင် သိနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း အိုင်အိုဒင်းချို့တဲ့ခဲ့ရင် ဉာဏ်ရည်ဉာဏ်သွေး မပြည့်ဝတဲ့ ကလေးတွေ မွေးဖွားတက်ပါတယ်။ ကြီးလာရင်လည်း IQ မပြည့်ဝတဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေး မထက်မြတ်တဲ့ကလေး ဖြစ်လာနိုင်ပါသည် ။

အိုင်အိုဒင်းဆားကို သုံးစွဲကြပါလို့ ပြောနေကြပေမဲ့ ဒီအိုင်အိုဒင်းဆားကို မစားနဲ့လို့ အချို့ ဆရာဝန်တွေ ကိုယ်တိုင်ကတောင် ပြောနေကြပါတယ်။တစ်ချို့ အမျိုးသမီးများဆိုလျှင် အိုင်အိုဒင်းဆား လွန်ကဲခြင်းကြောင့်လည်းဖြစ်ကြပါတယ် ။

အခုလို လည်ပင်ကြီးခြင်းဖြစ်နေပေမဲ့ မည့်သည့်ရောဂါလိုလိုဖြစ်ပြီး ဆရာလည်းစုံ သမား လည်းကုန် ဖြစ်နေကြလို့ လည်ပင်ကြီးရောဂါနှင့် ပတ်သက်သည့်အကြောင်းကို
ကျွန်တော်မှတ်သားမိသော ဆေးလောက ( ၃ ) တွင် ရေးသားခဲ့ဘူးပါသည် ။
ခရက်ဒစ်...ဖေ့စ်ဘွတ်ခ်

သေရွာပြန် သေရွာသို့ပြန်သွားသောအမျိုးသမိး


ရုရှားနိုင်ငံ၊ ပြည်နယ်တစ်ခုက အသက် ၄၉ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်က သေတယ်ပြောလို့ သဂြိုလ်ခါနီးမှပြန်နိုးတော့ တကယ်သေသွား ရပါတယ်။ နာမည်ကတော့ Fagilyu Mukhametzyanov ပါ။
၂၀၁၁ ခုနှစ် ဇူလိုင်လကဖြစ်ပါတယ်။ ဆရာဝန်က ယင်းအမျိုးသမီးကို ကွယ်လွန်ပြီလို့ စာရင်းသွင်းလိုက်ပြီး တကယ်ပဲ သဂြိုလ်ဖို့ စီစဉ် ပါတယ်။ ဒီတော့ ဂူသွင်းခါနီးမှ အလောင်းကနေ ပြန်ထလာပါတယ်။ ထလာပြီး ပတ်ဝန်းကျုင် တစ်ခုလုံးက ကြောက်ရွှံ့ အံ့သြမင်သက်စွာ ကြည့်ရှုခြင်းကို ခံလိုက်ရပါတယ်။ ဒါကြောင့် ချက်ခြင်း သွေးလန့်ခြောက်ခြားစွာ အော်ဟစ်ပြီး Heart shock နဲ့ အသက်သေဆုံး သွားရ ပါတယ်။

ယင်းကဲ့သို့ ဖြစ်ရပ်များဟာ ကမ္ဘာတစ်လွှားမှာ ဖြစ်လေ့ဖြစ်ထ ရှိပြီး အချို့ ကလည်း Fagilyu ကဲ့သို့ အကြောင်းမဲ့ သေးဆုံးသွားရလေ့ ရှိကြောင်း သိရပါတယ်။
credit to >>Facebook
--

ရန်ကုန်အပူချိန် အန္တရာယ်အဆင့်ရောက်

 
 ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွား
စေနိုင်သည့် အန္တရာယ်ရှိမှု လွန်ကဲသည့် အဆင့်သို့ ရောက်ရှိ နေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က မေ ၁ ရက် တွင်ပြောသည်။

အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်- Extreme Danger အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားပြီး ရန်ကုန်မြို့တွင် ဧပြီလအတွင်းက ခံစားရသော အပူချိန်မှာ ထိုပမာဏထက် လွန်ကဲသွားပြီး ယမန်နေ့က ထိုအန္တရာယ်ရှိသည့်အဆင့် ထပ်မံရောက်ရှိခဲ့သဖြင့် အန္တရာယ်ရှိသည့် အပူဒဏ်ကို အထူးဂရုပြုကြရန် ဒေါက်တာထွန်းလွင်၏ အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

မိုးကြိုကာလများတွင် လေထုထဲတွင် ပါဝင်နေသည့် ရေငွေ့များ ခြောက်သွေ့နေပြီး အပူချိန်ပြင်းထန်ကာ လက်ရှိ မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းမြင့်နေသေးသည့်အတွက် အပူချိန်နှစ်ရပ်ပေါင်းကာ လူကို ဒုက္ခပေးသည်။ ထိုအပူချိန်အား တွက်ချက်ပြီး အန္တရာယ်ရှိမှုအဆင့်များအဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

လူတစ်ယောက်၏ ကျန်းမာရေးအတွက် သင့်လျော်သည့် အပူချိန်မှာ ၉၈ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး လက်ရှိ ရန်ကုန်တွင် ခံစားရ သည့်အပူချိန်သည် ၁၀၀ ဒီဂရီဖာရင်ဟိုက် အထက်တွင် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုညွှန်မှူး (အငြိမ်းစား) တစ်ဦးကပြောသည်။

ရန်ကုန်မြို့၏ လက်ရှိအပူချိန်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပူချိန်မြင့်တက်လျက်ရှိနေကြောင်း သတင်းရရှိသည်။ ယခုနှစ် နွေရာသီသည် ၂၀၁၀ ပြည့်နှစ်ကဲ့သို့ သော အပူချိန်စံချိန်တင် မြင့်တက်မှု မရှိသေးသော်လည်း နေရာဒေသ အသီးသီးတွင် အပူချိန်မြင့်မားမှု UV စံညွှန်းကိန်း မြင့်မားစွာ သက်ရောက်မှုများလည်း ခံစားနေကြရသည်။

အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များ၊ ရောဂါတစ်ခုခုကြောင့် ခံနိုင်ရည် ပိုမိုနည်းပါးသူများတွင် အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု ပိုမိုနိုင်ပြီး လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများ ဖြစ်ပွားလေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

သွေးတိုးရောဂါရှိသူများတွင် ပြင်းထန်သည့် အပူချိန်ကြောင့် သွေးပေါင်ချိန်တက်ပြီး ဦးနှောက်သွေးကြောပေါက်၍ အသက်သေဆုံးမှုများလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည်။

အသက်သေဆုံးခြင်း၊ အားအင်ကုန်ခန်းပြီး ခန္ဓာကိုယ်အတွင်းမှ ချွေးထွက်များခြင်းကြောင့် မူးဝေခြင်း၊ အပူချိန်နှင့်အတူ ရေရှားပါးခြင်းနှင့် အစားအစာများ အလွယ်တကူ သိုးလွယ်ခြင်းတို့ကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့်အတူ အပူဒဏ်ကြောင့် ခေါင်းကိုက်ခြင်းများ၊ အပူရှပ်၍ ဖျားနာခြင်းကြောင့် အသက်သေဆုံးခြင်းမှာလည်း နွေရာသီတွင် ဖြစ်ပွားလေ့ရှိသည့် ကျန်းမာရေးပြဿနာများဖြစ်သည်။
7Day News Journal

ဗြိတိန်ပေါင် ၆ သန်းတန် ဇိမ်ခံရေငုပ်သင်္ဘော


ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ က သင်္ဘောကျင်းတစ်ခုမှာ ရောင်းထွက်သွား တဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

သူဌေးတစ်ဦးမှ ဝယ်သွားတာပါ။ ဗြိတိန်ပေါင် ၆ သန်းတန် ဇိမ်ခံရေငုပ် သင်္ဘော ဖြစ်ပြီး ၂ သန်းတန် ဈေးသက်သာ အမျိုးအစားကိုလည်း ထုတ် လုပ်ရောင်းချပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ခရီးသည် ၂ ဦးလိုက်ပါနိုင်ပြီး ပင်လယ်ရေအောက် ပေ ၆၀၀၀ မှာ ခရီး သွား နိုင်ပါတယ်။ နာရီပေါင်း ၈၀ အပေါ်တက်စရာ မလိုပဲ စားနှိပ်၊ ရိက္ခာ အစုံအလင်နဲ့ ခရီးသွားနိုင်ပါတယ်။ လုံခြုံရေးအဆင့် အမြင့် ဆုံး ပြု လုပ်ပေးထားပြီး မောင်းရလွယ်ကူအောင်လည်း ဖန်တီးပေးထား ပါတယ်။

ရေအောက်သုံးရေဒါ၊ အာရုံခံစနစ်၊ ဂြိုလ်တုလမ်းပြမြေပုံ၊ ရေပေါ် ၊ရေအောက် ဆက်သွယ်ရေး၊ သက်ကယ်ပစ္စည်းအစုံအလင် ပါရှိပြီး အတွင်းခန်းကိုလည်း ကျကျ နန ပြင်ဆင်ထားတဲ့ ရေငုပ် သင်္ဘော ဖြစ်ကြောင်း သိရပါတယ။်
--
Ref: techblog

မြန်မာငွေစက္ကူ အတု၊ အစစ် ခွဲခြားသော ပထမမျိုးဆက် ဥာဏ်ရည် စွမ်းဆောင်မှု အားကောင်းသည့် မြန်မာငွေရေစက် ဈေးကွက်ဝင်လာ..

 မြန်မာငွေစက္ကူ (၅၀၀၀) တန်၊ (၁၀၀၀၀) တန်ကို အတု၊အစစ် ခွဲခြားပေး
သော ပထမမျိုးဆက် ဥာဏ်ရည်စွမ်းဆောင်မှု အားကောင်းသည့် မြန်မာ
ငွေရေစက်တစ်မျိုး ဈေးကွက်ဝင်လာကြောင်း မြန်မာငွေရေစက် ရှင်းလင်းပြ
မှု ပွဲတော်မှ သိရသည်။ မြန်မာငွေကို အတု၊ အစစ် ခွဲခြားရန် အလွန်ခက်ခဲ
၍ မြန်မာနိုင်ငံ၏ သမိုင်းတွင် ငွေစက္ကူအတု၊ အစစ် စစ်ဆေးရေး အသိဥာဏ်
စက်မျိုး ပေါ်ပေါက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း သိရသည်။ “မြန်မာငွေ
မှာ အခြားငွေတွေလို သံလိုက်စွမ်းအား မပါတဲ့အတွက် ခရမ်းလွန်ရောင်ခြည်
နဲ့ပဲ ငွေအတုအစစ်ကို အဆုံးအဖြတ် ပေးရတာဖြစ်တယ်။ အကြီး၊ အသေး
အရွယ်အစားကလည်း မတူညီတဲ့အတွက် အတုအစစ် ခွဲခြားရခက်ပါတယ်။
ဒါကြောင့် မြန်မာငွေစက္ကူမျက်နှာစာ ပန်းချီအရုပ်အပေါ် မူတည်ပြီး အလင်း၊
လျှပ်စစ်စသော အဆင့်မြင့် နည်းပညာများကို အသုံးပြုပြီး သုတေသန
ပြုလုပ်ထားသည့် အဆင်မြင့် နည်းပညာသုံး သုတေသနစက် ဖြစ်ပါတယ်”
ဟု တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထိုစက်သည် တူညီ
သော ငွေစက္ကူများကြားတွင် မတူညီသော တစ်ရွက်ရောနှောလျှင် သတိ
ပေးခြင်း (ဥပမာ- တစ်သောင်းတန်များကြားတွင် ငါးရာတန်၊ တစ်ရာတန်များ
ညှပ်နေခြင်း)၊ မိမိလိုချင်သော ရွက်ရေအတိုင်း သတ်မှတ်နိုင်ခြင်း၊ ငွေအတု၊
အစစ် ခွဲခြားပေးနိုင်ခြင်း၊ မြန်နှုန်းမြင့်ပြီး ငွေစက္ကူ အဟောင်း၊ အနွမ်းများကို
ပါ ရေတွက်နိုင်ခြင်း စသော ဥာဏ်ရည်စွမ်းဆောင်မှုများနှင့် ပြည့်စုံကြောင်း
သိရသည်။ မြန်မာငွေရေစက် ရှင်းလင်းပြမှု ပွဲတော်ကို မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇော်နှင့်
တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြကြောင်း သတင်းရ
ရှိသည်။
Credit:SkyNet TV Browser

လူတိုင်းအတွက် အချိုမှုန့် အန္တရာယ်


လူအများ အချိုမှုန့် ပါဝင်သော အစားအသောက် များစားပြီး အချိုမှုန့်၏ ဆိုးကျိုးများကို ခံစား ဖူးကြမည် ထင်ပါသည်။ ၄င်းဆိုး ကျိုးများတွင် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ရင်ကျပ်ခြင်း (အထူးသဖြင့် ရင်ကျပ် အခံရှိသော လူများတွင်)၊ ရင်ဘတ် အောင့်ခြင်း၊ နုံးချည့်ခြင်း၊ မျက်နှာနှင့် ဦးခေါင်းပိုင်းတွင် ကုပ်ပိုး၌ ပူလောင်ခြင်း၊ ထုံကျဉ်ခြင်း၊ သွေးတိုး ခြင်းနှင့် အချို့တွင် သွေးပေါင်ကျခြင်း (နှလုံးခုန် မမှန်၍)များ ပါဝင်ကြောင်း သုတေသန ပြုချက် များအရ သိရှိပြီး ဖြစ်ပါသည်။ ၄င်းဆိုးကျိုးများသည် တစ်ခါတစ်ရံ အချို့လူများတွင် အလွန် ဆိုးရွားနိုင်ပြီး အသက် သေဆုံးသည် အထိ ဖြစ်နိုင်ကြောင်း သိရှိပြီး ဖြစ်ပါသည်။

သို့အတွက် ကြောင့်လည်း အချို့သော စားသောက်ဆိုင် များနှင့် အစားအစာ ထုတ်လုပ်သူ များသည် အချိုမှုန့်အစား သဘာဝ ဟင်းခတ် မှုန့်များကို ပြောင်းလဲ သုံးစွဲ ကြသော်လည်း စားသောက်ဆိုင် အများစုနှင့် အစားအစာ ထုတ်လုပ်သူ အများစုတို့သည် အရသာ ပိုကောင်းပြီး စွဲမက် စေသော အန္တရာယ် များသည့် အချိုမှုန့် သို့မဟုတ် အချိုမှုန့် ပါဝင်သော အခြား နာမည်နှင့် ဟင်းခတ် ပစ္စည်းများကို အသုံးပြု၍ လူအများကို လှည့်စားကာ အသုံးပြုနေ ကြဆဲ ဖြစ်ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများကို လူအများ ခံစားရမှု များလည်း တစ်ဦးနှင့်တစ်ဦး ကွာခြား လှပေသည်။ အချို့သည် စားပြီး မကြာမီပင် ခံစားရပြီး အချို့မှာ နာရီပေါင်း များစွာကြာမှ ခံစားရ ပေသည်။ အချို့တွင် ပြင်းထန်ပြီး အချို့တွင် မဆိုသလောက်သာ ခံစားရ သဖြင့် အချိုမှုန့်ကြောင့် ဖြစ်သော ဆိုးကျိုးများဟု သိရှိရန် ခက်ခဲမည် ဖြစ်သည်။

အများဆုံး သိရှိမှုမှာ တရုတ် စားသောက်ဆိုင်မှ အပြန်တွင် ရေငတ်ခြင်း၊ သွေးလန့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေ အော့အန်ခြင်း တို့သာ ဖြစ်ပါသည်။ အမှန်မှာ အချိုမုန့်သည် တရုတ် စားသောက်ဆိုင်မှ အစားအသောက် များတွင်သာ ပါဝင်ခြင်း မဟုတ်ဘဲ လူအများ စားသုံး နေသော အသင့် ပြင်ဆင်ပြီး အစာများ (Fast Food), (Prepared Foods) ၊ စည်သွတ်ဘူးများ (Canned Food) စသော စားသောက် ဖွယ်ရာ မျိုးစုံတွင် အချိုမှုန့် ဟူ၍ တစ်မျိုး၊ အခြားအမည် များသုံး၍ တစ်မျိုး လူအများအား လှည့်စား၍ ပါဝင်နေသည်ကို တွေ့ရှိ ရပေသည်။ အချိုမှုန့်သည် အခြားဟင်းခတ်မှုန့် အသွင်ဖြင့် လူအများ မသိရှိအောင် ပါဝင်နေနိုင်သည်။

ဥပမာ အသားမှုန့်များ (ကြက်သား၊ ၀က်သား၊ အမဲဟင်းခတ်မှုန့်များ)၊ ပဲငံပြာရည်များ (Soy Sauce)၊ တဆေး (Yeast and Yeast extracts)၊ မုယောစပါး (Malt)၊ နို့ကြက် တက်ရည် (Whey) အစရှိသော ဟင်းခတ်မှုန့် ဟင်းခတ်အမည် မြောက်များစွာတွင် ပါဝင်နေပြီး ဆိုးကျိုး များကို သက်ရောက် စေနိုင်ပါသည်။ သို့ကြောင့်လည်း အချိုမှုန့်ပါဝင်ပတ် သက်နေသော အစား အစာများသည် လွန်စွာ များပြားလှကာ စားသောက်ဆိုင်အ များစုမှ အစားအစာ၊ လူအများ အသင့်စား သုံးရန်ပြင်ဆင်ပြီး အစားအစာ (Ready Made, Fast Food) Prepared Foodsများ၊ ကျောင်းနှင့် လမ်းဆုံ လမ်းမပေါ်တွင် ရောင်းသော အစားအစာနှင့် အဆိုးရွား ဆုံးမှာ မွေးစ ကလေးငယ် များအား တိုက်ကျွေး ရန် ရောင်းချနေသော Infant Formula များတွင် ပါဝင်နေခြင်းများပင်ဖြစ်ပါသည်။

ဤဟင်းခတ်မှုန့် များ၏ ဆိုးကျိုးများ Dr John Olney နှင့် Dr Russel Blaylock တို့နှစ်ဦးက စနစ်တကျ လေ့လာမှုများပြုလုပ်ခဲ့ပြီး Dr Blayloch က ဟင်းခတ်မှုန့်(အချိုမှုန့်)များကို Exitotoxins လှုံ့ဆော်နေသောအဆိပ်များ၊ The Taste that Kills "အရသာဖြင့် သတ်နေ သော ပစ္စည်းများ" ဟူ၍ ကင်ပွန်းတပ်ပြီး စာအုပ်တစ်အုပ်ပင် ထုတ်ဝေခဲ့ပါသည်။ အချိုမှုန့်၏ ဆိုးကျိုးများ အမေရိကန်အစာနှင့် ဆေးဝါးမှ အချိုမှုန့်ကို ၁၉၅၀ ပြည့်နှစ်မှစ၍ ခွင့်ပြုခဲ့ပါ သည်။ ၄င်းနောက်ပိုင်းတွင် မြောက်မြားလှ စွာသော ကမ္ဘာအနှံ့မှ ပညာရှင်များ၏ သုတေသန ရလဒ်များက အချိုမှုန့်၏ အန္တရာယ်ကို ဖော်ပြခဲ့ပါသည်။ Dr Russel Blaylock က နှလုံးခုန် မမှန်၍ ရုတ်ခြည်း နှလုံး ရပ်ဆိုင်းခြင်းနှင့် အချိုမှုန့်များ ဆက်သွယ်မှု၊ အထူးသဖြင့် အား ကစားသမား များတွင် မဂ္ဂနီဆီယမ်ဓာတ် လိုအပ်နေသော အချိန်တွင် အချိုမှုန့်၏ လှုံ့ ဆော်မှုကြောင့် နှလုံးခုန်မမှန်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ချက်ချင်း သေဆုံးသွားနိုင် ကြောင်း ရေးသား တင်ပြခဲ့သည်။

Pat Robertson မှလည်း ၄င်းဟင်းခတ်မှုန့် (အချိုမှုန့်)များကို Silent Killer "အသံတိတ် သတ်နေသူများ" ဟူ၍ အမည် တပ်ထားသည်ကို သတိချပ် စေလိုသည်။ အခြား အန္တရာယ် တစ်ခုမှာ အဝလွန် ခြင်းဖြစ်ပါသည်။ အထူးသဖြင့် အန္တရာယ် များသော ဝမ်းဗိုက်တွင်းအဆီကို များစေ ပြီး ၄င်းအဆီများခြင်းနှင့် ပတ်သက်သော သွေးတိုး၊ ဆီးချို၊ သွေးလွှတ်ကြောများ ကျဉ်းမြောင်းခြင်း ရောဂါ၊ နှလုံးရောဂါများနှင့် ဆက်စပ်လျက်ရှိကြောင်း၊ ဦးခေါင်းရှိ အာရုံခံများ ပျက်စီးခြင်း၊ အထူးသဖြင့် မျက်စိမြင်လွှာမှ နာဗ့် Cell များကို ဆိုးရွားစွာ ထိခိုက်ခြင်း၊ ဦးနှောက်၏ အရေးပါသော အစိတ်အပိုင်းမှာ ပျက်စီးစေ၍ ၄င်းမှ ထိန်းချုပ်သော ကြီးထွားခြင်း၊ လူပျို၊ အပျိုဖော်ဝင်ခြင်း ဆိုင်ရာ ဟော်မုန်းများကို ထိန်းချုပ်ထားသော Endocrine glands များ၊ အစာစားလိုစိတ်၊ အိပ်ချိန်နှင့် နှိုးထမှု ဇီဝနာရီနှင့် သတိရှိမှုအားလုံးကို ထိခိုက် စေပြီး အဝလွန်ခြင်းအပါအဝင် ဦးနှောက် အာရုံကြော ရောဂါမျိုးစုံ၊ အယ်လ်ဇိုင်းမား ရောဂါ၊ လေဖြတ်ခြင်းနှင့် ပါကင်ဆန်ရော ဂါများ ဖြစ်လာ နိုင်ပေသည်။ ကလေး သူငယ် များတွင်လည်း autism, attention deficit disorder, hyperactivity ရောဂါများ ဖြစ်လာနိုင်ကြောင်း တိရစ္ဆာန် စမ်းသပ်မှု များတွင် တွေ့ ရှိခဲ့ပေသည်။

လူအများ စားသုံးသော အချို့မှုန့်သည် တိရစ္ဆာန်များတွင် အသုံးပြုသည်ထက် များစွာနည်း၍ ၄င်းဆိုးကျိုးများ မဖြစ်နိုင်ဟု စောဒက တက်မည်ဆိုက တက်နိုင်သော်လည်း လူများသည် စမ်းသပ်သည့် ကြွက်များထက် ငါးဆပို၍ Sensitive ဖြစ်ပြီး နေ့စဉ်စားသုံးမှုမှ ဖြစ်ပေါ်လာသော သွေးတွင်း ရလဒ်မှာ စမ်းသပ်တိရစ္ဆာန်များ တွင် တွေ့ရှိသော သွေးတွင်း အဆင့်များ ထက်ပင် ပိုနိုင်ကြောင်း၊ အထူးသဖြင့် မွေးခါစကလေး သူငယ်များသည် ဦးနှောက်ဖွံ့ ဖြိုးဆဲ ကာလဖြစ်၍ ၄င်းကလေး ငယ်များသည် လူကြီးထက် လေးဆခံနိုင်ရည် ပိုနည်းသဖြင့် ၄င်းကလေး သူငယ်များ၏ ဥာဏ်အရည် အသွေး၊ စာပေသင်ကြား တတ်မြောက်မှု အတွက် ရေရှည် ထိခိုက် နိုင်ကြောင်းနှင့် အသက်အရွယ် မရွေး အဝလွန်ခြင်းနှင့် နောက်ဆက်တွဲ ရောဂါများ ခံစား ရနိုင်ကြောင်း ကမ္ဘာအရပ်ရပ်မှ သိပ္ပံ ပညာရှင်များက တင်ပြခဲ့ပေသည်။ အခြား အန္တရာယ် တစ်ခုမှာ ယင်းဟင်းခတ်မှုန့် (အချိုမှုန့်) ကို ကင်ဆာ ရောဂါ၏ မြေသြဇာ ဟူ၍လည်း ကင်ပွန်းတပ် နိုင်ကြောင်း များစွာသော သိပ္ပံပညာရှင် များက သက်သေ ပြခဲ့ပါသည်။

ဆိုခဲ့ပြီးသော ဆိုးကျိုးများမှာ လူအားလုံးတွင် မဖြစ်ခြင်း၊ ဖြစ်သော ဆိုးကျိုး များ၏ ပမာဏနှင့် အချိန် ကွာခြားမှုသည် တစ်ဦးနှင့်တစ်ဦး ကွာခြား မှုရှိခြင်း၊ ဆေးလိပ်နှင့် လူသားတို့၏ ကျန်းမာရေး ထိခိုက် မှုကို ဆောင်ရွက်စဉ် ကကဲ့သို့ပင် နောက်မှ ကြိုးကိုင်သော လုပ်ငန်းရှင်များ၊ ဓနရှင် များ၏ ပေါက်ရောက်မှု၊ ကြိုးကိုင်နိုင်မှုနှင့် ဖုံးကွယ်ထားနိုင်ခြင်းတို့၏ အရှိန်ကြောင့်ပင် ယနေ့ထိတိုင် လူသားများသည် အချိုမှုန့်နှင့် ၄င်း၏အန္တရာယ် ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရကြောင်း တင်ပြ လိုက်ရပါသည်။ အချုပ်ဆိုသော် အချိုမှုန့်သည် နာမည်အသွင်အမျိုးမျိုးဖြင့် စားကောင်း သောက်ဖွယ်များ၊ ကလေးအာဟာရများတွင် ပါဝင်နေနိုင်ပြီး လူတို့၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း အထူးသဖြင့် ခေါင်းတစ်ခြမ်း ကိုက်ခြင်း ဝေဒနာ (Migraine) ၊ အ၀လွန်ခြင်းနှင့် နောက်ဆက်တွဲ ပြဿာနာ များ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်းများ၊ သွေးတို့းရောဂါ၊ နှလုံးရောဂါ၊ နှလုံး သွေးကြောကျဉ်း ရောဂါ၊

 နှလုံးခုန် မမှန်ရောဂါ၊ ပါကင်ဆန် ရောဂါများ ဖြစ်ပွား စေနိုင်ကြောင်း သိရှိကြပြီး ရှောင်ရှား နိုင်ကြစေရန် စေတနာ ကောင်းဖြင့် အသိပေး လိုက်ရပါသည်။

ဒေါက်တာပိုင်စိုး

Source ► http://bit.ly/XeWuRF

ပဲကြီးလှော် ဒုက္ခ



တခါတုန်းက ပဲကြီးလှော် အင်မတန်ကြိုက်တတ်တဲ့ အမျိုးသမီးတယောက် ရှိသတဲ့။
ပဲကြီးလှော် ကြိုက်တတ်ပေမယ့် သူမရဲ့ ပြဿနာကတော့ ပဲလှော် စားပြီးတိုင်းမှာ
စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တားမနိုင်ဆီးမရ
ချက်ချင်းလက်ငင်း လေလည်တတ်တာပါပဲတဲ့။

တနေ့ကျတော့ အဲဒီအမျိုးသမီးဟာ လူတယောက်နဲ့ ချစ်ကြိုက်သွားပြီး
လက်ထပ်တော့မယ် အလုပ်မှာ သူမ ဘာသာတွေးသတဲ့။ “ငါ့ယောက်ျားဟာ အင်မတန်
ယဉ်ကျေးသိမ်မွေ့နူးညံ့ပြီး လူကြီးလူကောင်းဆန်တယ်။ ငါ့ရဲ့
အီးပေါက်တတ်တဲ့အကျင့်ကို သူ့အနေနဲ့ နှစ်သက်နိုင်မှာ မဟုတ်ဘူး”
လို့တွေးမိပြီး ပဲကြီးလှော်စားတဲ့အကျင့်ကို အနစ်နာခံ စွန့်လွှတ်လိုက်သတဲ့။

ဒီလိုနဲ့ လပေါင်းများစွာ ကြာလာခဲ့ပြီး တရက် အလုပ်ကနေ အိမ်အပြန် လမ်းမှာ
သူမရဲ့ ကားပျက်သွားတယ်။ ဒါနဲ့ အိမ်ကို လမ်းလျှောက်ပြန်လာရမှာမို့
နောက်ကျမယ်ဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ကြိုတင် ဖုန်းဆက်
အကြောင်းကြားထားလိုက်တယ်။

အိမ်ကို လမ်းလျှောက်ပြန်လာနေတုန်းမှာ လမ်းမှာ ပဲကြီးလှော်သည်နဲ့
ပက်ပင်းတိုးရောတဲ့။ ပဲကြီးလှော်ကို မြင်တော့ စားချင်စိတ်က တကျော့ပြန်ပြီး
ထကြွသောင်းကျန်းလာပြန်တော့တာပေါ့။

အိမ်ကလည်း တော်တော်လေး လှမ်းသေးတော့ “အခုနေ စားသွားလိုက်ရင်
အိမ်ပြန်ရောက်တဲ့အချိန်လောက်ဆို အီးပေါက်တာလည်း
ပြီးသွားလောက်ရောပေါ့”လို့ တွေးပြီး စိတ်မထိန်းနိုင်ဘဲ ပဲကြီးလှော်တွေ
ဝယ်စားမိရောတဲ့။

ဒီလိုနဲ့ တလမ်းလုံး အီးတွေ တဘွတ်ဘွတ် ပေါက်ရင်း ပြန်လာခဲ့တယ်။
အိမ်နားရောက်တဲ့အခါမှာတော့ အတော်လေးကို နေသာထိုင်သာရှိသွားပြီး
သူမဘာသာလည်း ထိန်းချုပ် အောင့်အီးသွားနိုင်ပြီလို့ တွက်ဆမိသတဲ့။

အိမ်ပေါက်ဝမှာ စောင့်နေတဲ့ ခင်ပွန်းသည်ဟာ သူမကိုမြင်လိုက်ရတဲ့အခါ အင်မတန်
စိတ်လှုပ်ရှားဟန်နဲ့ ဝမ်းမြောက်ဝမ်းသာ ဆီးပြောတယ်။

“အချစ်ရေ…. ညစာအတွက် အံ့အားသင့်စရာတခု ကိုယ်စီစဉ်ထားတယ်၊ သိလား”

အဲဒီလို ပြောပြီးတာနဲ့ သူမ မျက်နှာ(မျက်စိ)ကို အဝတ်စည်းလို့
ထမင်းစားခန်းထဲကို တန်းခေါ်သွားတယ်။ ထမင်းစား စားပွဲက ကုလားထိုင်မှာ
ထိုင်ခိုင်းတယ်။ ထိုင်ပြီးပြီးချင်း သူမမျက်နှာမှာစည်းထားတဲ့ အဝတ်ကို
ဖြည်ပေးမယ်အလုပ် ဧည့်ခန်းထဲက တယ်လီဖုန်းက မြည်လာတယ်။ ဒါနဲ့ ခင်ပွန်းသည်က
မျက်နှာစည်းထားတဲ့ အဝတ်ကို သူပြန်မလာခင် ဖြည်မကြည့်ဘို့ ကတိတောင်းပြီးမှ
တယ်လီဖုန်းကို သွားကိုင်တယ်။

တကယ်တော့ သူမ စားလာတဲ့ ပဲကြီးလှော်ဟာ အဲသည်အချိန်အထိ အရှိန်မသေသေးဘူး။
ခဏအတွင်းမှာပဲ ဗိုက်ထဲမှာ လေတွေ တင်းလာပြီး ထိန်းမထားနိုင်လောက်အောင်
ဖြစ်လာတယ်။ ဒါနဲ့ ခင်ပွန်းသည် ဧည့်ခန်းထဲမှာ ဖုန်းပြောနေတာကို
အခွင့်ကောင်းယူပြီး သူ မရှိတုန်း ခါးကလေးကို အသာလိမ်၊ တင်ကလေးတဖက်
အသာကြွပြီး အီးတလုံးကို အားပါးတရ လွှတ်ထည့်လိုက်တယ်။ အဲဒီအီးဟာ
အသံကျယ်ရုံတင်မကဘူး၊ အနံ့ကလည်း မြေဆွေးကားကြီးတစီး
ဖြတ်မောင်းသွားသလိုပဲတဲ့။

ပြီးတော့မှ သူမပေါင်ပေါ်မှာ ဖြန့်တင်ပေးထားတဲ့ လက်သုတ်ပုဝါကို
လက်နှစ်ဖက်နဲ့ အသာဖြန့်ကိုင်လိုက်ပြီး လေထဲက အနံ့တွေ ပျောက်သွားအောင်
လက်သုတ်ပုဝါနဲ့ အသည်းအသန် ယပ်ခတ်ပြီး ထုတ်လိုက်တယ်။ ခဏနေပြန်တော့
နောက်ထပ်တင်ပါးလေးတဖက်ကို ကြွလိုက်ပြန်ပြီး အီးသုံးလုံး ဆက်တိုက်
ပေါက်ထုတ်လိုက်ပြန်တယ်။ ဒီတခါတော့ အမှိုက်ကားကြီး
ဖြတ်မောင်းသွားသလိုပါပဲတဲ့။

ဒီလိုနဲ့ ဧည့်ခန်းထဲက ယောက်ျားဖုန်းပြောနေတဲ့အသံကို တဖက်က နားစွင့်ရင်း
နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ သူမဟာ တင်ပါးလေးနှစ်ဖက်ကို
တလှည့်စီကြွပြီး အီးတွေ ဆက်တိုက်လွှတ်နေခဲ့သတဲ့။ ဧည့်ခန်းထဲက ခင်ပွန်းသည်
တယ်လီဖုန်းချတော့မလို့ နှုတ်ဆက်စကားပြောနေသံ ကြားတဲ့အချိန်ကျမှ သူမဟာ
ပတ်ဝန်းကျင် လေထုထဲက အနံ့တွေပျောက်အောင် လက်သုတ်ပုဝါနဲ့ ကဗျာကယာ
ယပ်ထုတ်လိုက်ပြီး လက်သုတ်ပုဝါကို ပေါင်ပေါ်မှာ ပြန်ဖြန့်တင်၊
လက်ကလေးနှစ်ဖက်ကို အသာယှက်လို့ ကျေနပ်နှစ်သိမ့်တဲ့အပြုံးလေးနဲ့
ခင်ပွန်းသည်အလာကို စောင့်စားနေလိုက်တယ်။

ခင်ပွန်းသည်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူမဟာ ပီဘိ အပြစ်ကင်းစင်တဲ့
ဇနီးသည်ကလေးတယောက်ပုံမျိုး ဖမ်းနေတော့တာပေါ့။ ခင်ပွန်းဟာ ဖုန်းပြောတာ
အချိန်ကြာသွားတဲ့အတွက် သူမကို တောင်းပန်လိုက်ပြီး သူမသိအောင်
အဝတ်စည်းထားတဲ့အောက်က ချောင်းကြည့်သေးသလားလို့ မေးတယ်။ သူမကလည်း
ဟင့်အင်း၊ ချောင်းမကြည့်ပါဘူးလို့ ဖြေလိုက်တယ်။

အဲသည်တော့မှ ခင်ပွန်းသည်က သူမ မျက်နှာမှာ စည်းထားတဲ့ အဝတ်ကို အသာအယာ
ဖယ်ပေးလိုက်တယ်။ သူမ အကြီးအကျယ် အံ့အားသင့်သွားတယ်။

ထမင်းစားပွဲ ပတ်ပတ်လည်မှာ ဧည့်သည် ဆယ့်နှစ်ယောက်ဟာ သူမကို
“ဟက်ပီးဘတ်သ်ဒေး” ပြောဖို့ ထိုင်စောင့်နေကြတာကို တွေ့လိုက်ရသတဲ့။

ကျန်းမာရေးနှင့် အလှအပအတွက် ထောပတ်သီး

ဒီနေ့ ပြတိုက်အတွက်ကျန်းမာရေးနှင့် အလှအပ အတွက် အကျိုးရှိစေမဲ့ အသီးတစ်မျိုးကိုတင်ပြပေးပါမယ်။ဒီအသီးကတော့ထောပတ်သီးဘဲဖြစ်ပါတယ်။ဒီအသီးဟာလည်းရှားပါးအသီးမျိုးတော့မဟုတ်ပါဘူး။အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ် ။ ကဗျာဆရာခါလီဂျီဘရန်က ‘ချစ်မေတ္တာ ကင်းပတဲ့ ဘဝဟာ မြုံနေတဲ့သစ်ပင်၊ ပန်းပင်နဲ့ တူတယ်’ လို့ဆိုထားတယ်။ အလားတူ ပျိုတို့ သုံးနေတဲ့ အလှကုန် ပစ္စည်းတွေဟာလည်း သစ်သီးသစ်ဖုတွေ မပါဘဲ ဓာတ်တုပစ္စည်း အားကိုးနဲ့ အစွမ်းရှိရိုး ထုံးစံမရှိပါဘူး။သဘာဝက ပေးစွမ်းထားတဲ့ သစ်သီးသစ်ဥသစ်ဖုများနဲ့ ပျိုတို့အလှကို အရောင်တင်လင်းလက်စေခဲ့ရတာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပျိုတို့ရဲ့လင်းရောင်ခြည်ကို တောက်ပစေမယ့် သစ်သီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။

အာရောဂျံအကျိုးကျေးဇူးများ

ထောပတ်သီးဟာ တခြားသော လူအများစားသုံးကြတဲ့ သစ်သီးတွေထက် ကာရိုတီနွိုက်လူတင်း (Carotenoid Lutein)ပါဝင်တာ ကြောင့် မျက်လုံးနဲ့ ပတ်သက်တဲ့ ဘေးဘယာများကိုကင်းရှင်းစေပါတယ်။ နှလုံးသမားများအတွက် ထောပတ်သီးဟာ အစဉ်သဖြင့် မှီဝဲ သင့်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ ထောပတ်သီးထဲက ဖိုလေး (Folate) ဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် နှလုံးရိုက်ခြင်း၊ ဖြတ်ခြင်း များကို ကာကွယ် ပေးနိုင်စွမ်း ရှိပြီးနေ့စဉ် ထောပတ်သီးဖျော်ရည်တဟ်ခွက် သောက်သုံးခြင်းဖြင့် ရုတ်တရက် နှလုံးရှော့ခ်ရိုက်ခြင်းမှ ၂၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း လေ့လာချက်များအရ တွေ့ရှိရပါတယ်။ ဒါ့အပြင် ထောပတ်သီးထဲမှာ ပါဝင်တဲ့ ဗီတာမင်အီး၊ Monounsaturated Fats နဲ့ ဂလူတသီဝမ်ဓာတ်တို့ဟာ နှလုံးအတွက် အားပေးစေတဲ့ ဓာတ်များပဲ ဖြစ်ပါတယ်။

ဗီတာမင်တွေထဲမှာ ပျိုတို့အတွက် အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ပါ အရေးအကြီးဆုံး ဗီတာမင်တစ်ခု ဖြစ်တဲ့ ဗီတာမင် အီးကို ချို့တဲ့နေတယ်ဆိုရင် ထောပတ်သီးကို သုံးဆောင်ပေးသင့်ပါတယ်။ ထောပတ်သီးဟာ ဗီတာမင်အီး ပေါကြွယ်ဝဆုံး သစ်သီးတစ်မျိုး ဖြစ်ပါတယ်။

ထောပတ်သီးဟာဝိတ်ကျစေတယ်လို့အမေရိကန်နှလုံးရောဂါအဖွဲ့ကြီးက ထောက်ခံချက်ပေးထားပါတယ်။ အမေရိကန်ဆီးချို ရောဂါကာကွယ်ရေး အဖွဲ့ကလည်း ထောပတ်သီးဟာ ဆီးချိုရောဂါမဖြစ်ပွားအောင် တားဆီးပေးနိုင်စွမ်းရှိရုံမျှမက ဝိတ်ကျစေတယ်လို့ အတည်ပြုထားပါတယ်။

ကာကွယ်တားဆီးပေးခြင်း

ထောပတ်သီးဟာ ကင်ဆာအတော်များများကို ကြိုတင်ကာကွယ် တားဆီးပေးပါတယ်။ အနောက်တိုင်းမှာ အမျိုးသမီးတွေ အဖြစ်များ နေတဲ့ ရင်သားကင်ဆာရောဂါကိုလည်း တားဆီးပေးပါတယ်။ ထောပတ်သီးထဲမှာ ပါတဲ့ အော်လီအစ် (Oleic) အက်ဆစ် ပါဝင်မှုကြောင့် ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်ကြောင်း သုတေသီ စာတမ်း အတော်များများမှာ တွေ့ရှိထားပါတယ်။

ထောပတ်သီးနဲ့ အလှပြင်နည်းများ

ထောပတ်သီးထဲမှာ ဗီတာမင်စီ၊ ဗီတာမင်အီးတို့ အထူးကြွယ်ဝတာကြောင့် ပျိုတို့ရဲ့ အလှအပတိုးတက်ရေးအတွက် အထူးပဲ သင့်တော်တဲ့ သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ သာမန်စားသုံးပေးရုံနဲ့တင် လူကို အကျိုးပြုစေတဲ့ သစ်သီး ဖြစ်ပါတယ်။

မျက်လုံးမို့အစ်ဖောင်းနေခြင်း

ဖိအိပ်ထားလို့ပဲ ဖြစ်ဖြစ်၊ ငိုထားလို့ပဲ ဖြစ်ဖြစ် မျက်ဝန်းပေါ်က မျက်ခွံအိမ်လေးဟာ မို့မို့ဖောင်း နေတတ်ပါတယ်။ ဒီမို့မို့ဟာ ပျိုတို့အတွက် လိုလားအပ်တဲ့အရာတော့ ဟုတ်မယ် မထင်ပါဘူး။ ဒီလိုမျိုး မျက်ခွံမို့မို့ဖောင်းနေရင် ထောပတ်သီးကို အခွံခွာပြီး အတွင်းသားလေးကို အ လွှာချပ်လေးပုံစံလှီးပြီး မျက်ခွံပေါ်သိပ်ပါ ကျန်အတွင်းသားတွေနဲ့ မျက်နှာအသားအရေကို လိမ်းကျံပါ။ မျက်လုံးအောက်ဘက်ခြမ်းနေရာကို လိမ်းကျံပေးရမှာ ဖြစ်ပါတယ်။ မိနစ်၂၀ ခန့်ထားပြီးတော့မှ ရေနွေးနွေးနဲ့ ဆေးကြောပေးပါ။ မို့မို့ဖောင်း မျက်ခွံလေးတွေ ပျောက်ကင်း သွားပါလိမ့်မယ်။

ကေသာဆံမြ နူးညံ့လှစေ

ပျိုတို့ကေသာအတွက် ဗီတာမင်အီးပါတဲ့ ရှမ်ပူတွေကို သုံးမယ့် အစား အောက်က ဖော်ပြထားတဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်မယ်ဆိုရင် ပျိုတို့ရဲ့ ကေသာဟာ သိသိသာသာ နူးညံ့ပြီး ချောမွေ့လာပါမယ်။ ကမ္ဘာကျော်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ဆဲလစ်တာဘန့်ခါဟာ ဆိုရင် ထောပတ်သီးနဲ့ အမြဲခေါင်းလျှော်ပြီး ကေသာ တောက်ပြောင်အောင် လုပ်တယ်လို့ သိရပါတယ်။

ဆဲလစ်တာရဲ့ ကေသာတောက်ပြောင် လျှို့ဝှက်ချက်နည်းကတော့ ထောပတ်သီး တစ်လုံးဝက်ခန့်ကို အနှစ်သားတွေပဲ ယူပြီးဆံပင်ကို လိမ်းကျံတာပဲ ဖြစ်ပါတယ်။ မိနစ်အနည်းငယ်ခန့်ထားပြီးမှ ရေနဲ့ ပြန်ဆေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ပန်းကန်ခွက် (သေးသေး)တစ်လုံးထဲကို ထောပတ်သီးတစ်လုံး (ဆံပင်တိုရင်တော့ တစ်ဝက်ခန့်သာသုံးရန်)၊ ကြက်ဥအကာရည်(ကြက်ဥတစ်လုံးစာ)၊ သံလွင်ဆီ ဇွန်းတစ်ဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ရောစပ်ပြီး ဆံပင်ကို လိမ်းပေးပါ။ လိမ်းပြီး နာရီဝက်ခန့်(သို့) အထက်ထားပြီး ခေါင်းလျှော်ပေးပါ။

လက်အသားအရေ နူးညံ့ချောမွေ့စေခြင်း

ရွှေဇွန်းကိုက်ပြီး မမွေးလာရလို့ပဲ ဖြစ်ဖြစ်၊ ဘတ်စ်ကားလက်ရန်းကိုင်ပြီး ကားတိုးစီး နေရလို့ပဲ ဖြစ်ဖြစ် မေတို့ရဲ့ လက်ချောင်းလေးတွေ ဟာ ထူထဲမာကြမ်းနေတယ်ဆိုရင် ထောပတ်သီးက နူးညံ့သွားအောင် တာဝန်ယူကူညီဖြေရှင်းပေးပါရစေ။

ထောပတ်သီး (အခွံနွာပြီးလေးပုံတစ်ပုံခန့်ထည့်ရန်)၊ ကြက်ဥအကာရည် (ကြက်ဥ တစ်လုံးစာ)၊ ကောက်ညှင်းဆန် ၂ ဇွန်းခန့် (စားပွဲတင်ဇွန်း)၊ သံပုရာရည်တစ်ဇွန်းခန့် (လက်ဖက်ရည်ဇွန်း) တို့ကို ပေါင်းစပ်ရောနှောပြီး လက်ဖမိုးနဲ့ လက်ခုံတို့ကိ လိမ်းပေးပါ။ လိမ်းပြီး မိနစ် ၂၀ ခန့်စောင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးမှရေနွေးနွေးနဲ့ ဆေးကြောပြီး လက်ကိုဖွဖွလေး ပြန်နှိပ်ပေးပါ။ လက်ဖမိုးအသားအရေဟာ နူးံညံ့ပျော့ပြောင်းလာမှာ ဖြစ်ပါတယ်။

ထောပတ်သီးနဲ့ နေလောင်ဒဏ်အသားအရေကို ကုစားနိုင်ပါသေးတယ်။ လတ်လတ် ဆတ်ဆတ် ထောပတ်သီးတစ်လုံး ရဲ့အတွင်း သား နဲ့ နေလောင်ခံထားရတဲ့ အရေပြားတွေကို ညင်သာစွာ ပွတ်ပေးပါ။ နေလောင်အသားအရေများ ကင်းပသွားပြီး နေ့စဉ်ထော ပတ်သီးကို စားသုံးပေးမယ်ဆိုရင် အလွယ်တကူ ဖျားနာခြင်းများ၊ အားအင် ကုန်ခမ်းမောပန်းခြင်းများကိုလည်း တားဆီးကာကွယ်ပေးသွားပါတယ်။

လျှို့ဝှက်ချက် - ထောပတ်သီးအတွင်းသားနဲ့ တစ်ကိုယ်လုံးကို လိမ်းကျံပေးရင်လည်း ကိုယ်အရေပြားနူးညံ့စေပါတယ်။

သတိထားရမည့်အချက်များ - ထောပတ်သီးကို ရေခဲသေတ္တာထဲမှာ လှီးပြီး၊ ခြမ်းပြီး၊ စိတ်ပြီး ၂ ရက်ခန့်အထိ သိမ်းထားနိုင်ပါတယ်။

- ထောပတ်သီးကို ခွဲခြမ်းပြီးနောက် မြန်မြန်သုံးလေပိုပြီး အာနိသင်ရှိလေပဲ ဖြစ်ပါတယ်။ အကြာကြီး သိမ်းထားရန် မသင့်ပါ။

Credit - Ko Zaw Naing
Myanmar Sky Link

ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ


ဗျူဟာအခင်းအကျင်းများနဲ့ ဖုန်းဈေးကွက်လုပွဲ
ရန်ကုန်၊ ဧပြီ- ၂၉

မြန်မာနိုင်ငံတွင် လာမည့် ဇွန်လ၂၇ ရက်၌ ဆန်ခါတင်ရွေးချယ်ထားသော မိုဘိုင်းဖုန်းကုမ္ပဏီ ၁၂ ခုထဲမှ နှစ်ခုကို လုပ်ပိုင်ခွင့်အတွက် ရွေးချယ်တော့မည်ဖြစ်ပါသည်။

ထူးခြားမှုတစ်ခုမှာ မကြီးမားလှသော ဆဲလ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်သည့် Digicel Group Ltd သည်လည်း ကုမ္ပဏီကြီးများနှင့် အပြိုင်လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်လာခြင်း ဖြစ်သည်။

ကမ္ဘာ့ဆဲလ်ဖုန်း သုံးစွဲသူအရေအတွက် စာရင်းတွင် အဆင့် ၆၅ သာ ပေါက်နေသည့် ကုမ္ပဏီငယ်တစ်ခုအတွက် ကုမ္ပဏီကြီးများနှင့်အပြိုင် လေလံဆွဲနိုင်မည့် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်စေရန် Digicel သည် ၂၀၀၉ ခုနှစ်
ကတည်းက မြန်မာနိုင်ငံကို လေ့လာခဲ့ပြီး ၂၀၁၂ နှစ်ဆန်းကပင် စတင်ဝင်ရောက်ခဲ့သည်။

Digicel ၏ ဗျူဟာမှာ ၎င်းဝင်ရောက်လိုသည့် နိုင်ငံအတွင်း ကြိုတင်ရင်းနှီးမှုရယူခြင်းဖြစ်သည်။ Digicel သည် မြန်မာနိုင်ငံထဲသို့ စောလျင်စွာ ခြေစုံပစ်ဝင်ရောက်ရာတွင် ၀န်ထမ်းများကို ငှားရမ်းနေခဲ့ရုံသာမက ပြည်တွင်းအားကစားပွဲများကို ရန်ပုံငွေထောက်ပံ့ခြင်း၊ ဆဲလ်တာ ၀ါတိုင်စိုက်ထူမည့် ဒေသများအတွက် မြေနေရာငှားရမ်းရေး အကြိုညှိနှိုင်းမှုများ ပြုလုပ်နေပြီး လက်ကားရောင်းချမည့် စီးပွားဖက်များနှင့်လည်း သဘောတူညီချက်များ လက်မှတ်ရေးထိုးနေပြီဖြစ်ကြောင်း စင်ကာပူမှလာသော ရိုက်တာသတင်းတွင် ဖော်ပြသည်။

Digicel Group Ltd ၏ စီးပွားရေးဗျူဟာ အလုပ်ဖြစ်၊ မဖြစ် မသိရသေးသော်လည်း ကာရီဘီယန်နှင့် ပစိဖိတ်ကျွန်းစုတစ်ဝိုက် ပြင်ပတွင် လူသိနည်းသော Digicel သည် သာမန်အားဖြင့် သတိနှင့် ရင်းနှီးမြှုပ်နှံလေ့ရှိသည့် ဆက်သွယ်ရေးလုပ်ငန်းလောကကို အတော်လေး လှုပ်ခါသွားစေခဲ့သည်။

ကုမ္ပဏီကြီးများသည် Digicel ကို လျှော့မတွက်သင့်ကြောင်း အာရှဆက်သွယ်ရေးလုပ်ငန်းများတွင် ၂၅ နှစ်ကျော် အကြံပေး လုပ်ကိုင်နေသည့် ဟောင်ကောင်အခြေစိုက် စီးပွားရေး အကြံပေး ရော်ဂျာဘာလိုက မှတ်ချက်ချပြောဆို သည်။

Digicel ကုမ္ပဏီသည် ဈေးကွက်များကို ကြိုတင်ဝင်ရောက် ရင်းနှီးသည့်နည်းအားဖြင့် ဒေသခံများကို ၎င်းတို့၏ ကုမ္ပဏီအမည်နှင့် ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်လေ့ရှိရာ မြန်မာနိုင်ငံတွင်လည်း မြန်မာအစိုးရက တင်ဒါခေါ်ယူရန်
ပြင်ဆင်နေစဉ်မှာပင် Digicel က မြန်မာပြည်တွင်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံနေခဲ့သည်။

စီးပွားရေးလောကအတွင်း အောင်မြင်ရမည်ဟူသော ယုံကြည်ချက်ဖြင့် ၀င်ရောက်သော်လည်း အလုပ်မဖြစ်ခဲ့လျှင်မူ ပြန်လည်ဆုတ်ခွာသောသာဓက ရှိခဲ့ဖူးသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် Digicel ကုမ္ပဏီလိုင်စင်ရခဲ့စဉ်က
ကုမ္ပဏီ တစ်ခုတည်းထားရန်အကြံပြုချက်ကို ကမ္ဘောဒီးယားအစိုးရက လက်မခံဘဲ လိုင်စင်နှစ်ခုချပေးခဲ့သည့်အတွက် ရင်းနှီးမြှုပ်နှံမှုအရ တွက်ခြေမကိုက်သောကြောင့် ရရှိပြီး လိုင်စင်ကိုပြန်အပ်ခဲ့ဖူးသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ ကမ္ဘာ့မိုဘိုင်းဖုန်းအနည်းဆုံးနိုင်ငံဖြစ်နေသဖြင့် သန်း ၆၀ သော လူထုဈေးကွက်က ဆဲလ်ဖုန်းဈေးကွက်များအတွက် အလားအလာကြီးမားသော ဈေးကွက်ဖြစ်နေသည်။ တစ်ပြည်လုံးအတိုင်းအတာအားဖြင့် ၄ ရာခိုင်နှုန်းသာရှိသော မိုဘိုင်းဖုန်းကို မြန်မာအစိုးရက လာမည့် ၂၀၁၅-၂၀၁၆ခုနှစ်တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုနေသည်။

လက်ရှိဆန်ခါတင်ကုမ္ပဏီ ၁၂ ခု စာရင်းတွင် Digicel အပါအ၀င် Vodafonel China Mobile Ldt Telenor ASA တို့နှင့် အခြား ကုမ္ပဏီကြီးများ ပါဝင်သော်လည်း အချို့ကုမ္ပဏီကြီးများဖြစ်သည့် တောင်ကိုရီးယား SK Telecom Co Ltd နှင့် အီဂျစ်မှ Orascom telecom Holding SAE တို့ မှာမူ ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့ကြပေ။

Digicel ကုမ္ပဏီသည် အမေရိကန်သူဌေးကြီး ဂျော့ခ်ျဆိုးရော့စ်ပိုင်သည့် Quantum Strategic Partners နှင့် မြန်မာပိုင် Yoma Stategic Holdings တို့နှင့် ပူးပေါင်းပြီး လိုင်စင်လျှောက်ထားခဲ့သည်။


credit:7daynews

အရက်နာကျခြင်းမှ ကာကွယ်ခြင်းများ


အရက်နာ ကျခြင်းကို ကာကွယ်ခြင်းက ကုသခြင်းထက်ပိုလို့ ထိရောက်ပါတယ်။ ဒါကြောင့် သင်မသောက်ခင်မှာ ကြိုတင် ပြင်ဆင်ထားခြင်းဟာ သင့်အတွက် ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ်။

၁။ အရက်နာကျတာကို အကောင်းဆုံးကာကွယ်တဲ့နည်းကတော့ ယမကာကို သောက်သုံးခြင်းမှ ရှောင်ကျဉ်တာပါပဲ။

၂။ နှစ်သစ်ကူးမှာဘဲဖြစ်ဖြစ် အခြေအနေမှာဘဲ ဖြစ်ဖြစ်မသောက်ဘဲ မနေနိုင်သူတွေကတော့ ယမကာ တစ်ခွက်နဲ့ တစ်ခွက်ကြားမှာ ရေတခွက်စီသောက်ပေးခြင်းဖြင့် ယမကာကြောင့်ဖြစ်တဲ့ သင့်ကိုယ်မှ ရေဓါတ်ဆုံးရှုံးမှုကိုကာကွယ် သင့်သလောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၃။ ယမကာ မသောက်ခင်နဲ့ သောက်ပြီးချိန်မှာ ဗိုက်တာမင်ပါတဲ့အစားအသောက် ဆေးများ စားပေးခြင်း (အထူး သဖြင့် ဗိုက်တာမင် B12 ပါတဲ့ အားဆေးကိုသောက်ပေးခြင်း) အားဖြင့် သင့်ခန္ဓာမှ ဗိုက်တာမင်ဆုံးရှုံးမှုကိုကာကွယ် ပေးပါလိမ့်မယ်။

၎။ သင်သောက်နိုင်သော ပမဏကို ချင့်ချိန်ပါ။ ရေချိန်ကိုက်ချိန်မရောက်ခင်မှာ ယမကာ သုံးဆောင်တာကိုရပ်ထား သင့်ပါတယ်။ မူးပြီးမှောက် သွားတာဟာ သင့်ကို ဘယ်လို ပျော်ရွှင်မှုကိုမှ ပေးနိုင်တာမဟုတ်တဲ့အပြင်နောက်နေ့မှာ လည်း အရက်နာကျတာကို ခံရမှာမို့ သင့်သောက်နိုင်တဲ့ ပမာဏကို သင်သိထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်ပါ လိမ့်မယ်။

ဒါကြောင့်မို့ သင့်ရဲ့ ယမကာသောက်သုံးမှုပမာဏ ကို တစ်နာရီမှာ 1 drink သာ သောက်သုံးခြင်းဖြင့်သင့်ခန္ဓာကိုယ်က ယင်းတို့ကို အချိန်မှီချေဖျက်နိုင်မှာဖြစ်ပါပြီး အရက်နာကျမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

1 drink ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml (လက်ဘက်ရည်ကြမ်းတခွက်)
1 drink= ဝိုင် 147.8676 ml (ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ % မှ ၉ % ထိပါဝင်သည့် ဘီယာ 207.015 ml (ပုံမှန်ဖန်ခွက် မပြည့်တပြည့် )
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

အဲဒီအပြင်ကို တစ်နေ့မှာ သင်ဘယ်လောက်သောက်မယ်ဆိုတာ ကို အမှတ်အသားတစ်ခု လုပ်ထားခြင်းဖြင့် သင့်ရဲ့ သောက်သုံးမှုကို ထိန်းနိုင်မှာဖြစ်ပါတယ်။

၅။ သင်အိပ်ပျော်စဉ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်များ နှေးကွေးသွားတာကြောင့် ယမကာသောက်ပြီးတဲ့ အချိန်မှာ ချက်ခြင်းမအိပ်သေးဘဲ နေခြင်းအားဖြင့် သင်အိပ်ပျော်ချိန်မှာ သွေးထဲမှာအရက်ပမာဏ သိပ်များမနေနိုင်တော့ပါဘူး။ ဒါကြောင့် သင်အိပ်ရာမဝင်ခင် ၁ နာရီအလိုမှာ အရက်သောက်ခြင်းကို ရပ်ဆိုင်းခြင်း၊ မူးပြီး အိပ်ပျော်ခြင်းမရှိအောင် နေခြင်းတို့ ပြုလုပ်သင့်ပါတယ်။ ယျေဘူယျအားဖြင့်တော့ သင်မူးပြီး အိပ်ပျော်သွားမယ်ဆိုရင် နောက်နေ့မနက်မှာ အရက်နာကျတဲ့ဒါဏ်ကို ပိုမိုခံစားရမှာ ဖြစ်ပါတယ်။

၆။ အိပ်ရာမဝင်မှာ paracetamol တစ်လုံးကို ရေတစ်ခွက်နှင့် သောက်အိပ်ပေးပါ။ အကိုက်အခဲပျောက်ဆေးကို ရေ များများနဲ့သောက်ခြင်းဖြင့် သင့်ရဲ့ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် နောက်နေ့မှာ အရက်နာကျခြင်း ကြောင့် ခေါင်းကိုက်တာကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

၇။ ယမကာမသောက်ခင်နဲ့ သောက်ပြီးတဲ့ အခါမှာ အစားအစာ တခုခုစား ခြင်းအားဖြင့် သင့်အားအကျိုးဆက်တစ်ချို့ ကို ရစေမှာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ယင်းအစားအစာများက alcohol ရဲ့ပြင်းအားကို လျော့ကျစေပြီး သွေး ထဲသို့ အရက်ရောက်နိုင်တဲ့ ပမာဏကို နည်းစေပါတယ်။ ဒုတိယအချက်အနေနဲ့ ကတော့ အရက်ကြောင့်ဆုံးရှုံးသွား တဲ့ ဗိုက်တာမင်ကို ထိုအစာများမှ အစားထိုးပေးပါတယ်။ တတိယအချက်အနေနဲ့ကတော့စားထားတဲ့အစားအစာတွေ က သင့်ရဲ့ ဇီဝဖြစ်စဉ်ကို မြန်စေတာကြောင့် alcohol ကို ပမာဏကိုလည်း ကျစေပါတယ်။ ဒါပေမယ့် အစာများကို အလွန်အကျွံစားခြင်းဟာလည်း သင့်ကို ပိုလို့အနေရခက်တဲ့ အခြေအနေများ ဖြစ်စေတာကြောင့် အတန်အသင့်သာ စားသုံးသင့်ပြန်ပါတယ်။

၈။ အိပ်ရေးဝဝအိပ်ပေးပါ။

၉။ နောက်နေ့မနက်အိပ်ရာထတဲ့အချိန်မှာတော့ caffeine နဲ့ သကြားဓါတ် များများပါတဲ့ အစားအစာတွေဟာ သင့်ရဲ့ သွေးပေါင်ချိန်ကို တက်စေတာမို့ ထိုအစားအစာတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအစာတွေကိုစားမိတယ်ဆိုရင် တော့ သင့်ရဲ့ အရက်နာကျခြင်း ရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အနည်းငယ် ခေါင်းကိုက်ခြင်း ကနေ အပြင်းအထန် ခေါင်းကိုက်ခြင်းကို ပြောင်းလဲသွားနိုင်ပါတယ်။

၁၀။ ထို့အပြင် အရက်နာကျတာကို ကာကွယ်ပေးနိုင်တဲ့ ဆေးတချို့ ရှိပေမယ့် သိပ္ပံပညာရှင်များရဲ့ ငြင်းခုန်မှုက ခုထိရှိနေသေးတာမို့ အကျိုးသက်ရောက်မှုကိုအတိအကျ မပြောနိုင်သေးပေမယ့် အမှန်တကယ်သာ အကျိုးပြုနိုင် မယ်ဆို သင့်အတွက် သတင်းကောင်းဖြစ်ပါလိမ့်မယ်။

အရက်နာကျခြင်းဟာ များသောအားဖြင့် အရက်ရဲ့ ဆိုးကျိုးတခုသာဖြစ်ပြီး သင့်အနေနဲ့ တစ်ခါတစ်ရံမှသာခံစားရ မယ်ဆိုရင် အရေးမကြီးလှ ပေမယ့် မကြာခဏ ခံစားရမယ်ဆိုရင်တော့ သင့်အတွက် ပြသနာတစ်ခု ဖြစ်လာပါလိမ့် မယ်။ အချို့သော လူများဟာ ယမကာမှာပါတဲ့ ပစ္စည်းတစ်ချို့နဲ့ ဓါတ်မတည့်တဲ့ ရောဂါရှိတာမို့ တကယ်လို့ သင်ဟာ လည်းအဲလို ပြသာမျိုးရှိခဲ့မယ်ဆိုရင် မသောက်တာဟာသင့်အတွက် အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။

credit to>>>http://on.fb.me/14bZP6P