ကျမကိုချစ်ရင်မောင်ကြီးရယ်ဝယ်ပေးပါလား






ဈေးနှုန်းကတော့သိဘူး။ချစ်ချစ်ကိုဝယ်ပေးချင်ရင်တော့...အကောင်းဆုံးလက်ဆောင်ပဲ။ကျနော်ကတော့ဘာမှ
ရှိဘူး။no money ,no honey.ကြွားတာဟုတ်ဘူး။ဟိုဒင်းတစ်ခုတည်းနဲ့တင် သန်းနဲ့ချီတန်နေပြီ..။ကျမကိုချစ်
ရင်မောင်ကြီးရယ် ဝယ်ပေးပါလားဆိုရင်တော့....တေဘီဆြာပဲ...။





ပြည်ပရောက် မြန်မာလုပ်သားများ ထိရောက်သည့် အကာအကွယ်ပေးရန်လို


ရန်ကုန်၊ မတ် ၃၁။

အလုပ် အကိုင် ရှားပါး မှုကြောင့် ပြည်ပ နိုင်ငံ များသို့ သွားရောက် အလုပ် လုပ်ကိုင် ကြသူ များနှင့် ပြည်တွင်း လုပ်ကိုင် သူများအား အလုပ်သမား ရေးရာ ဝန်ကြီး ဌာန အပါအဝင် သက်ဆိုင်ရာ ဌာန များမှ ထိရောက်သည့် အကာ အကွယ် ပေးရန် လိုအပ်ပြီး ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များ၏ ဖြစ်ရပ်မှ အဓိက သာဓက တစ်ခု ဖြစ်ခဲ့ကြောင်း ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မသက်သက်အောင်က ပြောကြားသည်။
ဂျော်ဒန် နိုင်ငံတွင် သွားရောက် အလုပ် လုပ်ကိုင် နေသူ များမှ လုပ်ခ လစာ နည်းပါးခြင်း၊ လူမျိုး အဆင့် အတန်း ခွဲခြား ဆက်ဆံခြင်း၊ အစာ အဟာရ နည်းပါးခြင်း စသည် တို့ကြောင့် တစ်လခွဲ ကျော်ကြာ ဆန္ဒပြ တောင်းဆို ခဲ့ကြသော်လည်း တစုံ တရာ တုံ့ပြန်မှု မရှိသည့် အပြင် အမျိုး သမီး အဆောင်များ ပေါ်တွင် တက်ရောက်၍ အတင်းအကျပ် အကြမ်းဖက် ရိုက်နှက်မှု များထိ ပြုလုပ်ခဲ့ မှုများကြောင့် ဆက်လက် အလုပ်လုပ် ကိုင်ခြင်း မပြုတော့ ဘဲ မြန်မာ နိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသော အလုပ် သမား များ၏ ၎င်းတို့ ကြုံတွေ့ ခဲ့ရသည့် အခက် အခဲ များအား ရှင်းလင်းမှု ပြုလုပ်စဉ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အရင်ဆုံး ကာကွယ် ရမယ်၊ ပညာ ပေးရမယ်၊ သွားတဲ့ သူတွေ ကတော့ အေဂျင်စီတွေ တရား ဝင်လာ မဝင်လား ဘယ်သိ နိုင်မလဲ၊ဟု ဂျော်ဒန်သို့ သွားရောက် ခဲ့မှုတွင် တရားမဝင် အေဂျင်စီမှန်း မသိ ခဲ့သည့် အတွက် ယခုကဲ့သို့ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရားဝင် အေဂျင်စီ များကို အများ သိစေရန် ကြေငြာ သင့်ကြောင်း မသက်သက်အောင်က ပြောကြား သည်။
သံရုံး မရှိသည့် နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် မှုကို ဆင်ခြင် သင့်ပြီး၊ အခက် အခဲ ဖြစ်ပါ ကလည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက် သည့် အကာ အကွယ် ပေး သင့်ကြောင်း ပြောကြားသည်။ ယခုကဲ့သို့ ပြင်ပတွင် သွားရောက် အလုပ် လုပ်ကိုင် ရခြင်းမှာ ပြည်တွင်း အလုပ် အကိုင် ရှားပါး မှုကြောင့် ဖြစ်ပြီး မြန်မာ နိုင်ငံ၏ လက်ရှိ အချိန်တွင် အလုပ် အကိုင် ရှားပါး ရခြင်းမှာ နိုင်ငံရေး တည်ငြိမ်မှု မရှိ ခြင်းကြောင့် ဖြစ်ပြီး ပြည်ပ ရင်းနှီးမှု များကို ဖိတ်ခေါ် နေသော်လည်း ပြည်တွင်း ငြိမ်းချမ်းမှု မရှိ သောကြောင့် ယခု ချိန်ထိ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အားနည်းနေခြင်း ဖြစ် ကြောင်း ဆက်လက် ပြောကြားသည်။
မြန်မာ နိုင်ငံ၏ ပြည်တွင်း ငြိမ်ချမ်းရေး ရရှိပြီး၊ ပဠိ ပက္ခများ၊ ပြဿနာ အရှုပ် အထွေး များကို ပြေလည်အောင် ဖြေရှင်း ပြီးမှသာ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ်ကြောင်း၊ သို့သော်လည်း အလုပ် သမား အရေးနှင့် ပတ်သက်၍ ပြည်ပတွင် သာမက ပြည်တွင်းရှိ အလုပ် သမား များမှာလည်း အခွင့် အရေး အပြည့် အဝ မရရှိသည့် အပြင် ပြည်ပ နိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် စီးပွားရေး လုပ်ငန်း များတွင်ပင် မြန်မာ လုပ်သားများ ဖိနှိပ်ချုပ်ချယ် ခံရမှုများ ရှိကြောင်းကို ဥပမာ များဖြင့် ဖြည့်စွက် ပြောကြားသည်။
အိမ်က မိဘတွေ ကလည်း စိတ်ပူ ကြတယ် ပေါ့နော်၊ အဲချိန် မှာသာ လူကြီးတွေ ရောက်လာ ခဲ့မယ် ဆိုရင် ကျွန်တော်တို့ အတွက် အား အရမ်း ရှိသွားပါပြီ၊ အခုကျန် ခဲ့တဲ့ လူဦးရေ ကလည်း ပြန်မှာပါ၊ သူတို့မှာ မိသာစု အခက် အခဲတွေ ရှိပါတယ်၊ လူကြီးတွေ ရောက်လာ မှာကို တလလောက် စောင့်ခဲ့ ပါတယ်၊ မိသားစု အခက် အခဲ တွေနဲ့ အလွှဲ သာလို့ အလုပ် ပြန်ဆင်း ကြတာပါ။ဟု ဂျော်ဒန် နိုင်ငံတွင် ကျန်ရှိသော အလုပ် သမား များ အလုပ် ပြန်လည် ဆင်းကြ ရခြင်းနှင့် ပတ်သက်၍ ပြန်လည် ရောက်ရှိ လာသူ တစ်ဦး ဖြစ်သည့် ကို ဇာနည်မောင်က ပြောကြားသည်။
မြန်မာ နိုင်ငံမှ တာဝန် ရှိသူများ လာရောက် ဖြေရှင်းမည့် အချိန်ကို တလ ကျော်ကြာ စောင့်ဆိုင်း ခဲ့သေးကြောင်း၊ သို့သော်လည်း လာရောက် ဖြေရှင်းခြင်း မရှိ ခဲ့သောကြောင့် မိသားစု အခြေ အနေနှင့် လက်ရှိ နေထိုင် ရသော အခက် အခဲ များကြောင့် အလုပ် ပြန်ဆင်း ခဲ့ကြကြောင်း၊ အချို့မှာ ပြန်ရန် လပိုင်းသာ ကျန်ရှိ သူများ ဖြစ်ကြောင်း၊ အလုပ် ပြန်ဆင်း သူများ အနေဖြင့်လည်း ယခင်က ကဲ့သို့ပင် အခွင့် အရေးများ မရရှိ ကြကြောင်း၊ တာဝန် ရှိသူများ အနေဖြင့် ကျန်ရှိ မြန်မာ နိုင်ငံသား အလုပ် သမား များအား အခွင့် အရေးများ ရရှိ စေရန် ဆောင်ရွက် ပေးသင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြည်ပ နိုင်ငံ များတွင် သွားရောက် အလုပ် လုပ်ကိုင် သူများ အနေဖြင့် မိမိ သွားရောက်မည့် နိုင်ငံနှင့် ချိတ်ဆက် ပေးသည့် အေဂျင်စီ တို့ကို စိစစ်သင့်ပြီး အထူး သဖြင့် မိန်ကလေးများ အနေဖြင့် နိုင်ငံခြား တိုင်းပြည် များသို့ သွားရောက် ရာတွင် ဆင်ခြင် သင့်ကြောင်း၊ တတ်နိုင် သမျှ သွားရောက်ခြင်း မပြု သင့်ကြောင်း အပြင် ပြည်ပ နိုင်ငံများတွင် အလုပ် လုပ်ကိုင် နေသူ များကို လည်း အစိုးရ တာဝန် ရှိသူများမှ ထိရောက်သည့် အကာ အကွယ် ပေးမှုများ ပြုလုပ် ပေး သင့်ကြောင်း၊ လက်ရှိ အချိန်ထိ အကာ အကွယ် ပေးမှု အလွန် အားနည်း နေသေးကြောင်း ကိုဇာနည်အောင်မှ ဆက်လက် ပြောကြားသည်။
လုပ်ခ လစာ အမေရိကန် ဒေါ်လာ ၁၅၅ မှ ၂၀၀ သို့ တိုးပေးရေး၊ မြန်မာ လူမျိုး များနှင့် ကိုက်ညီသည့် အစား အသောက်များ ကျွေးမွေး ပေးရန်နှင့် စက်ရုံ အုပ်ချုပ်သူ များ၏ လူမျိုးရေး ခွဲခြား ဆက်ဆံ မှုများ အဆုံး သတ်ပေးရန် ဆန္ဒပြ တောင်းဆို မှုများ ဖြစ်ပွား ခဲ့သည်မှာ လွန်ခဲ့သည့် ဖေဖော်ဝါ ရီလ ၁၄ ရက်နေ့ ကတည်းက ဖြစ်ပြီး ယခု အချိန်တွင် အလုပ် သမား အများစုမှာ မြန်မာ နိုင်ငံသို့ ပြည်လည် ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရ သည်။
ယခုအခါ ဂျော်ဒန် နိုင်ငံတွင် အခြေ အနေ အရ ဆက်လက် အလုပ် လုပ်ကိုင် နေရသော အလုပ် သမား များမှာ ၉၀၀ ခန့် ရှိသေးကြောင်း၊ ကျန်ရှိ မြန်မာ လုပ်သား များမှာလည်း ယခင် ကကဲ့သို့ အခက် အခဲများ ရှိနေ သေးကြောင်းနှင့် မြန်မာ အစိုးရ တာဝန် ရှိသူများ ဘက်မှ အကောင်းဆုံး ထိရောက်သည့် အကာအကွယ် ပေးသင့်ကြောင်း ရန်ကုန်သို့ ပြန်လည် ရောက်ရှိ လာသူများ ထံမှ သိရသည်။

ဝေယံ
မြန်မာ့ခေတ်

ကောလဟာလ

လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီးပေါ်လွင်ထိရောက်စေတဲ့ကာတွန်းပါပဲ။ကောလဟာလဆိုတာ
အင်မတန်ကြောက်စရာကောင်းပါတယ်။အနုမြူဗုန်းတစ်လုံးလောက်အဆိပ်ပြင်းထန်ပါတယ်။ဟိုမှမငြိမ်သက်၊
သည်မှမငြိမ်သက်နဲ့...တိုင်းပြည်ကနုနုမုန်တိုင်းကထန်ထန်ဖြစ်မှာစိုးမိပါတယ်။မြန်မာဒီမိုကရေစီလမ်းကြောင်း
လေးသည် အခုလိုအစပျိုးမှာပဲ ပန်းကောင်းအညွှန့်ကျိုးဖြစ်မှာစိုမိပါသည်။လူသားအားလုံးဘေးရန်ခပ်သိမ်း
ငြိမ်းကြပါစေ..။

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ


ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့်အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါအချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -


ငွေစက္ကူ အစစ်

(က)စက္ကူ အမျိုး အစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး၊ အထူ အပါး ညီညာမှု ရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်ခြင်း၊

( ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂) လုံး၊ ဂဏန်း (၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂) မျိုး ရိုက်နှိပ်ထားပြီး ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပ စွာ တွေ့မြင် ရခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင် တွင် ထောင် ကြည့် က မြင်ရပြီး၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် မမြင်ရခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူ တွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅ဝဝဝk စာတန်း အား အတည့်/ ပြောင်းပြန် ရိုက်နှိပ် ထားခြင်း၊ ခရမ်း
လွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါ အရောင်များ တွေ့ရ ခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်း များကြွ နေပြီး ကြည်လင် တောက်ပ ပြတ်သားမှု
ရှိခြင်း၊

ငွေစက္ကူ အတု

( က) စက္ကူ အမျိုး အစားမှာ သာမန် စက္ကူတွင် ရိုက်နှိပ် ထား၍ ပြောင်ချောနေပြီး၊ စက္ကူသား ပွကာ ကျစ်လျစ် သိပ်သည်းမှုမရှိခြင်း၊ အထူအပါးညီညာမှုမရှိခြင်း၊ ခရမ်း လွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင်မပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂)လုံး၊ ဂဏန်း(၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာဂဏန်းတို့ဖြင့် (၂)မျိုး ရိုက်နှိပ် ထားသော်လည်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက် ပမှု မရှိခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော် ပုံရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာမှာ အလင်း ရောင် တွင် ထောင် ကြည့်က ပေါ်လွင် ပြတ်သားမှု မရှိခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့် သွင်း ထားခြင်း မရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅ဝဝဝk စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ် ထားပြီး သပ်ရပ်မှု မရှိခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ သာမန် ပုံနှိပ် ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင် ပြတ်သားမှု မရှိဘဲ အရောင် မှိန် နေခြင်း၊ စသည်တို့ဖြစ်ကြောင်းသိရှိရသည်။

မြ၀တီ
 

lock ကျနေသော Facebook အကောင့်ပြန်ယူနည်း

လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ  အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့
ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။
https://www.facebook.com/photo.php?fbid=335333229891645&set=a.244639595627676.56112.244608038964165&type=1&ref=nf

မြန်မာ့သားကောင်းမှကူးယူဖော်ပြပါသည်

၆ လအရစ်ကျစနစ်ဖြင့်ဝယ်ယူနိုင်သည့် ဟန်းဆက်နှင့် tablet

ရန်ကုန်မြို့အတွင်း၌ မိုဘိုင်းဟန်းဆက်နှင့် Tabletများအား အရစ်ကျငွေပေးချေစနစ်ဖြင့် ရောင်းချမှုများ ရှိလာကြောင်း မိုဘိုင်းအရောင်းဆိုင်များမှ သိရှိရသည်။

မိုဘိုင်းဟန်းဆက်များနှင့် Tablet များကို ၆ လ အရစ်ကျ ငွေပေးချေစနစ်ဖြင့်ရောင်းချပေးနေကြောင်း Today  Mobile ဖုန်းဆိုင်မှ သိရှိရသည်။
မတ်လ လကုန်ပိုင်းမှ စတင်ရောင်ချပေးခြင်းဖြစ်ပြီး  ၆ လ ငွေပေးချေစနစ်နှင့်ဝယ်ယူသူများလည်း ရှိကြောင်းကိုလည်း သိရသည်။
ကျွန်တော်က ခု Samsung Galaxy Mini ၀ယ်ထားတယ်၊ ရုံးက CEOက အာမခံပေးပြီး ယူထားတာ၊ ၁၀ ယောက်လောက် ရှိတယ်၊ ၆ လဆိုတော့ ငွေပေးရတာတစ်လုံးထဲပေးစရာမလိုတော့ဘူးလေ ”ဟု အရစ်ကျစနစ်ဖြင့် ဖုန်းဟန်းဆက်ဝယ်အသုံးပြုသူ ကိုဇာဏီမောင်ကပြောသည်။
မိုဘိုင်းဟန်းဆက်နှင့် Tablet များကို ၆ လအတွင်း ငွေပေးချေစနစ်ဖြင့်ရောင်းချရာတွင် Door To Door စနစ်ဖြင့်   ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊အာမခံအပေါင်ပစ္စည်း မလိုပဲ ရာင်းချပေးနေခြင်းဖြစ်ကြောင်းကိုလည်း သုံးစွဲသူများထံက သိရသည်။
ထိုသို့ ရောင်းချပေးရာ၌ တစ်လလျှင် ဖုန်းအလုံး ၅၀၀ အထိ ရောင်းချပေးမည်ဖြစ်ပြီး ဖုန်းဟန်းဆက် (၁၀) လုံး ဝယ်ပါက (၁)လုံး လက်ဆောင်ပေးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
၎င်း အစီအစဉ်မှာ Today Mobile ၏ နှစ်ပတ်လည် အစီအစဉ်အဖြစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
ထို့အပြင် မိုဘိုင်းဟန်းဆက်နှင့် ပတ်သက်ပြီး ဝန်ဆောင်မှုများကိုလည်းအခမဲ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိတွင် GSM နှင့် WCDMA  ကတ် သုံးသန်းခန့်နှင့် CDMAတစ်သန်းချထားပေးပြီး ယနေ့အထိ Mobile ဖုန်း အသုံးပြုသူလေးသန်းခန့် ရှိပြီဖြစ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
ဧပြီလအတွင်း တန်ဖိုးနည်း မိုဘိုင်းဆင်းကဒ်များ ချထားပေးရန်အတွက်စီစဉ်လျက်ရှိကြောင်းကိုလည်း   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည့်သတင်းများအရ သိရသည်။
credit to:myanmar express

လွမ်းလို့သေသွားတဲ့....

ကောင်မလေးရေ..
ခွဲခွါခြင်းကဓါးတစ်စင်းလို
ငါတို့နှစ်ယောက်ကြားကိုပိုင်းခြားသွားခဲ့ပြီနော်။
မြဲမြန်တဲ့လက်တွေ
ပြေလျှော့သွားခဲ့ပြီးတဲ့နောက်
အလွမ်းကအင်တိုက်အားတိုက်
ဝင်ရောက်တိုက်ခတ်တယ်…။
ဒီလိုနဲ့…..
မနက်ဖြန်တွေသေဆုံး
ကြေကွဲမှုတွေဘယ်မှာနိဂုန်းချုပ်မလဲ..။
ငါပြောဖူးတယ်..။
အချစ်မရှိသလို..အမုန်းလည်းမရှိချင်ဘူး…။
စပ်ရှားရှားခါးသက်တဲ့
ဒီညနေတွေ…။
ငါဟာအထီးကျန်မှုနဲ့အလွမ်းတွေကို
ခွနင်းဖြတ်သန်းမောင်းနှင်
ဆွေးမြေ့ကြေကွဲမှုတွေအပြည့်တင်ထား
ဘူတာမဲ့ရထားတစ်စင်းပါပဲ..။
လွမ်းတယ်..
ကောင်မလေးရေ….။



ငါ ဖတ်ဖူးတဲ့စာအုပ်လေးထဲကလို
အနမ်းတွေဆေးဆိုးမှားခဲ့တာပါတဲ့…..
လွမ်းလို့သေသွားတဲ့သစ်ပင်က..သူအရွက်တွေကခြွေချရင်း..
ခြွေချရင်း…
ခြွေချရင်း…။

ပျဉ်းမငုတ်တို ( မင်းသုဝဏ် )


ပျဉ်းမငုတ်တို ( မင်းသုဝဏ် )

ဖုထစ်ရွတ်တွ ၊ ငှက်ဠင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပတ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း ။

ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင် ယောက်ျားကောင်းတကား ။ ။

မင်းသုဝဏ်

လွမ်းချင်း(လယ်သမားဖွဲ့ (ရေးသူ - ဦးကြီး))

လွမ်းချင်း

လယ်သမားဖွဲ့ (ရေးသူ - ဦးကြီး)

မင်ကော်ရစ်ကယ်နှင့်၊
ကြင်သစ်တဲ့ ပျို့လူ၊
ထွန်ရေးငယ်ပူ၊
ကိုတောင်သူ မနက်စော၊
ကြက်ရော ပြင်ဆင်လို့၊
ထွန်းနှင်မောင်းတဲ့ ဘေကိုလေး။ ။

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။