ကြွေကျသွားတဲ့အိပ်မက်

နင့်အသံနဲ့ သံစဉ်တစ်စင်းကငါ့ရင်မှာစီးမျောရင်း ဒဏ်ရာရနေခဲ့တယ်။ မြစ်နှစ်စင်းဖြစ်တို့ တွေစီးဆင်းကြတဲ့ခါ ... မဆုံနိုင်တဲ့ မျဉ်းပြိုင်လိုပဲဘယ်လောက်ထိ.. သက်ဆင်းနေကြမယ်ဆိုတာ နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ နင့်နာမည်နဲ့ လတစ်စင်းဟာ ငါ့ရင်မှာ ...ထွန်းလင်းရင်း ကြေကွဲနေခဲ့တယ်။ ငါတို့ ရဲ့  ဆွတ်ခူးရာသီကို မျှော်မိတဲ့ခါ ခါးသက်တဲ့ မနက်ဖြန်လိုပဲဘယ်လောက်ထိ ..ပုပ်အက်နေကြမယ်ဆိုတာ နင်နဲ့ ငါပဲ သိမယ်ထင်တယ်။ ခုတော့...... အလွမ်းတွေသာ မျက်ဝန်းမှာလျှံကျ စိုက်ပျိုးဆဲအနာဂတ်မှာတင်ပဲ ငါတို့ ရဲ့  အိပ်မက်တွေလည်း ကြွေကျသွားခဲ့ပေါ့။  ဧပရယ်ဆွေဆွေ...

အူနေတဲ့ရင်

အရိပ်တွေကို တဖွဖွပွတ်သပ်ကြည့်မိတော့ ပိုက်ကွန်ထဲက ငှက်ငယ်လို ထ ထခုန်နေတာကလွဲပြီး (တခြား)ဘာမှထွက်မလာဘူး။ အတိတ်တွေကို တစစ လှစ်ဟကြည့်မိတော့ ပြဒါးပြယ်မှန်တစ်ချပ်လို ထ ထအက်တာကလွဲပြီး (တခြား)ဘာမှထွက်မလာဘူး၊  အချစ်တွေကို တသသ ဖွင့်ကာကြည့်မိတော့ မီးအုံးတဲ့ ထင်းစိုတစ်စလို ထ ထအူတာကလွဲပြီး (တခြား)ဘာမှထွက်မလာဘူး။   ဧပရယ်ဆွေဆွေ...

ကြယ်တစ်စင်းရဲ့သားတော်

အမေ.....ကြေကွဲမှုတွေနဲ့အမေ့မျက်လုံးတွေ....မျှော်လင့်ချက်တွေပါးနေဇရာနဲ့အမေအကြွမ်းဝင်ခဲ့ပြီလေ..။အမေ....ဘဝတစ်ခုလုံးလောင်းကြေးထပ်ခဲ့ရတဲ့အမေ့မျှော်လင့်ချက်အိပ်မက်ဆိုတဲ့အရာသားကိုယ်တိုင်ဆိုတာကျွန်တော်နောက်ကျစွာသိခဲ့ရတယ်...။အမေ...အရွယ်မရောက်ခင်ကပေါ့လောကဓံဆိုတဲ့လှိုင်းတံပိုးတွေကျွန်တော်ကိုဝင်မတိုးခဲ့တာသားအရှေ့မှာအမေဝင်ကာခဲ့လို့ဆိုတာကျွန်တော်မိုက်မဲစွာမသိခဲ့ပါ အမေ..။အမေ...အနောက်တောင်မှာတိမ်ညိုတွေပြိုဆင်းတိုင်းတိတ်ဆိတ်တဲ့ငိုကြွေးခြင်းများအကြောင်းကျွန်တော်စာလုံးပေါင်းတက်ခဲ့ပါပြီ...။အမေ...''အမေ့ဘဝ နေညိုပြီ''အမေပြောတက်တဲ့စကားသားရင်မှာအထပ်ထပ်ကြားနေဆဲပါ အမေ..။အမေ..တကယ်တော့...အမေဟာ'နေ'လို...

မိုး

ချစ်သူရေဟောဒီ ကောင်ကင်တစ်ရိုးကရေခိုးရေငွေ့ အိုးကြီးကိုမိုးတိမ်လို့ ခေါ်ကြလေရဲ့။ကိုရွှေမုတ်သုန်လေကသူခြေထောက်ကို သူဂရုမစိုက်အိုးကြီးကို တည့်တည့် ဝင်တိုက်တယ်။အိုးကြီးလဲဗိုက်ပွင့် ကွဲကြေသေပါလေရော။အိုးခြမ်းကွဲထဲကနေရေစက်တွေ ရေစက်တွေဝင်းဝင်းလက်လက်လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။ကျောက်ဆောင် ကျောက်မြေနဲ့စောင့်နေတဲ့ ပင်လယ်အော်တွေလဲသွားရည်တမြမြပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။အို ချစ်သူရေဟိုးအရှေ့မှာ မိုးတွေ ရွာပြီလာ ရဲရဲလာထီးရွက်တွေမပါလည်းလူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။ငါတို့ရဲ့ မိုးဂျိုးဂျိုးဂျိမ့်ဂျိမ့် လှပရှိုတ်ကြီးတငင်ငင် ရွာချပါစေလားကွ...

နိုဝင်ဘာ (တာရာမင်းဝေ)

ငါရဲ့ရွှေအိပ်မက်ကိုခြေကျင်းတွေလို ခွဲစိတ် ဝတ်ဆင်ထားတဲ့ မိန်းမ။မြူခိုးနီညိုတွေကြားမှာစံပယ်တွေ ကပိုကရိုနဲ့ ...လှလို့။ငါ...တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲနှင်းအဆက်ဆက်တိုင်အောင် ကြေကွဲခဲ့ရပေ...

တေလေကလေး(တာရာမင်းဝေ)

မီးပွိုင့်တွေကအနီလှိုင်းတွေနဲ့လွှင့်ထုတ်ပစ်ခတ်ကြတယ်။လူမိုက်လိုလိုစောင်းနေတဲ့ ဓါတ်တိုင်အိုကြီးကကျွန်တော့်ကို ဝင်တိုက်ပြန်ရဲ့ထင်းရှုးပင်ကြီးကရှည်လျှားခွန်မြတဲ့ သစ်ရွက်တွေ ကွေးကုပ်ကျွန်တော့ကို လေနဲ့ လိုက်မှုတ်တယ်။ကျွန်တော်ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီးလမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။တိုက်တာတွေ ဖောင်းကားပျော့ အိဓါတ်ပေါင်းဖိုတွေလည်းမိုးခိုးငွေ့တွေပိပြီး ကွေးညွတ်ခွေယိုင်ကျမြေကြီးထဲကမိုးခြိန်းသံ တရှဲရှဲ ကြားရတယ်။တကယ့်ကို ကြောက်စရာပါအမေအဲဒီညကအိပ်မက်နည်းနည်း ရှည်သွားတ...

ဗဟိုကွဲအား (တာရာမင်းဝေ)

ဆောင်းခေတ်ကပေးခဲ့တဲ့မောင်းကွဲသံ ခပ်လေးလေး တစ်ချက်ပါပ။ဲတစ်ယာက်တည်းနေရတဲ့ ငါ့ကိုဘယ်သူနဲ့မှမနေရအောင်ယိုင်ယိုင်ရွဲ့ရွဲ့ လှီးခွဲသွား....။နံပါတ်စဉ် မတပ်ရသေးတဲ့သဲကန္တာရ စာရွက်တစ်ရွက်ပေါ်မှာလဲကျတယ်။အဲဒီညနေပေါ့ကောင်းကင်ကို ဆွဲချွတ်ပြီးမြေကြီးကိုပဲ ငါပြန်ဝတ်ခဲ့ရ။ပြီးဆုံးသွားတာ သေချာပါတယ်နှင်းခိုးတွေ...ပြီးတော့ ဒိုင်ယာရီချို ခါးတစ်ခွက်ပြီးဆုံးသွားတာက သေချာပါတယ်။မိုးတွေကို တိုးတိုးကလေး ရွာရဦးမှာပေါ့လေပန်းရနံတွေကလည်း ခပ်မြင့်မြင့်ကနေပျံသန်းငါနဲ့ ငါ့ရဲ့ဖိနပ်လေးသီချင်းမဆိုတော့ဘဲ ဟိုးအဝေးကို ငေးခဲ့ရတ...

သစ္စာတရားအတွက်မီးအိမ်တစ်လုံးနှင့်(တာရာမင်းဝေ)

၁။အရှင်…သင်၏ခေါ်ရာထပ်ချပ်…ငါ…လိုက်ပါမည်။ကြယ်တစ်ပွင့်ကိုဆွဲယူငါ့ကို…ထူပါ။ဟိုးမှာ…သေအံ့မူးမူးလူကမြေပြင်ပေါ်ကသူ့အရိပ်ကိုကပျာကယာ အိတ်ထဲယူကောက်လက်သည်းတွေတောင် ခွေခေါက်နေပြီ။ဒီမှာ…ဦးခေါင်းခွံထက်ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအိုတောင်ဝှေးကျိုးကိုရီဝေကြည့်ငေးသူ…ဘာတွေ တွေးပြီနည်း။စမ်းရေကိုငုံ့သောက်မှကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများအခြားဘာကိုတွေ့ စွမ်းမလဲကွယ်။အတ္တဆိုင်းဘုတ်ကိုလည်မျိုမှာသံငုတ်နဲ့ရိုက်လမ်းမှာလိုက်သောခရီးသည်များသံသရာရထားကိုစောင့်နေသည်။ဝါးတစ်ပင်ရိပ်မှာခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။ဝါးတစ်ပင်ရိပ်၌သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။အမှောင်ကနက်၏ကြယ်ကလက်မည်ဤခရီးဝေးသလားငါ…ရောက်အောင်သွားပါမည်လေ…။၂။နွေ…နွေ...