ရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါ

ရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါကောင်မလေးရယ်..လောကကြီးအလယ်မှာရင့်ကျတ်မှုတွေနဲ့တစ်ရေးနိုးပေးပါ..စိတ်ကောက်မှုတွေကိုချော့ရတဲ့ငါ့ရဲ့လျှာကယောင်းမတစ်ချောင်းမဟုတ်ဘူး...။မနက်ဖြန်တိုင်းအတွက်ဘယ်လိုပန်းပင်ကမှလည်းအစဉ် ပွင့်မပေးနိုင်ခဲ့ဘူးကမ္ဘာမြေပြင်ကြီးကတော့ဘယ်လိုအရာကိုမှမငြင်းဆန်တက်ဘူးသင်ယူကြည့်ပေါ့..ကောင်းကင်ဆိုတာတိမ်တွေလမ်းသလားဖို့အတွက်ဖောက်လုပ်ထားတဲ့အပြာရောင်ပန်းချီကားတစ်ချပ်ပါပဲ။တို့တစ်တွေဟာ..ရေမျက်နှာပြင်ထက်မှာ'ထ' 'ထ'ပြီပွက်တက်တဲ့ရေပလုံစီအချင်းချင်းနားလည်မှုတွေနဲ့ရင်ချင်းဆက်ကြမယ်.။'ဖြတ်ကနဲ'လင်းဝေခွင့်ရတဲ့'တဒင်္ဂ'လေးများစွာနဲ့ပဲကိုယ့်ပုံတူကို ကိုယ်တိုင်ဆွဲ...

အဝိဇ္ဇာ အရောင်းပြခန်း

အဝိဇ္ဇာ အရောင်းပြခန်းအမဲဖျက်ခံလိုက်ရပြန်ပေါ့ရွှေသားအတိ အိပ်မက်တွေအထည်ကြီးပျက် ကဗျာတစ်ပုဒ်အဲဒီရုပ်ထု ရေညှိတက်နေပြီတစ်ယောက်က သေချင်ယောင်ဆောင်နေသူတစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူဒီတောင်ကို ကျော်နိုင်ပါ့မလားဘယ်အချိန်ကစပြီး မှားခဲ့တာလဲမီးကိုတွေ့ရှိပြီး နောက်ပိုင်းလားဘီးကို တီထွင်ပြီး နောက်ပိုင်းလားသင့် အမျိုးအစားကို သိပါရစေယာဉ်ကြောပိတ်ဆို့မှုကို ကြည့်ရင်းစိတ်ပျက်နေတဲ့ မိတ်ဆွေခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲစာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့အဲဒီဒေသ အခြေအနေကို ရိပ်မိပါတယ်အဆင်သင့် ဖြစ်ပြီလားအချိန်မှန်...

မှာခဲ့မည်မောင်

အချစ်ဆုံးငယ်လေကျွန်မရယ်သေကာသွားမှဖြင့်လွမ်းစရာ့တေးတွေကို မောင်မဆိုနေနှင့်။…နော်။သြော်…နှင်းဆီပင်ဖြစ်စေအရိပ်ဝေေ၀သက်ပေးတဲ့ဆိုင်းပရက်(စ်)ပင်ပဲဖြစ်ဖြစ်ဘယ်သစ်ပင်တွေကိုမှကျွန်မရဲ့မြေပုံဦးမှာအထူးမစိုက်နဲ့ရှင်ရယ်။…နော်။သြော်…မိုးဖွဲလေးတွေနှင်းဥလေးတွေနှင့်ပဲကျွန်မမြေပုံထက်ကမြက်ခင်းလေး စိမ်းမြမြသဘာဝအတိုင်းစိုနေပါစေ။…နော်။သြော်…ပြီးတော့လည်းရှင်သတိရချင်လည်း…သတိရနေပေါ့။…နော်။မေ့ချင်တော့လည်း…မေ့သာပစ်လိုက်တော့မောင်။…နော်။ အရိပ်တွေကို ကျွန်မမြင်ရတော့မှာမဟုတ်ဘူးလေ။မိုးရေမြမြကိုလည်းကျွန်မ ခံစားရမယ်မဟုတ်ဘူးရှင်။နာကျင်မှူနဲ့ ညည်းသလိုမပြတ်တမ်းတေးဆိုနေတဲ့နိုက်တင်ဂေး(လ်)လေးကိုလည်းဘယ်လိုမှ...

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်၊တောင်အမြင့် ပတ်ခြံရံ။တစ်တောင်ဆုံး ပြန်တော့၊တစ်လုံးပြန်ကျန် ပြန်ပေသမို့၊အဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ကြိုးလျှောက်ရပြန်။တခါတလေ တကယ်ပန်းတာကြောင့်၊တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ရပ်တန်းက ရပ်မယ်ကြံ၊အမှန်တော့ ဖြစ်နိုင်မလား။စခဲ့မိဟာပေါ့၊တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊စိတ်နွမ်းအသာဖြေဦး၊မာလာငွေ ကန်ရေအေးရယ်နှင့်၊ငှက်တေးကို အာရုံဆင်လို့၊မူတသွင် အားအင်သစ်လိုက်ပါ့၊ချစ်ဖွယ့်လူသား . . .။...

သူ့မှာတမ်း

သူတို့ အဆုတ် ထားခဲ့မြှုပ်သည့်ဗုံးငုတ်တိုက်မှား မောင်ပြောက်ကျားကိုရွာသားရွာသူ မေးကြမြူသည်အူအူယမ်းငွေ့  ထတုန်တည်း။အမောင် ပြောက်ကျား၊ ချစ်သူအားကိုဘာများ မှာခဲ့ လိုသနည်း ။ငယ်က ကြင်မြတ် ၊ မိသက်မှတ်ကိုခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။အမောင် ပြောက်ကျား ၊ မိဖအားကိုဘာများ မှာခဲ့ လိုသနည်း ။မွေးသည့်မိခင် ၊ မွေးဖခင်ကိုဦးတင်ခဲ့ကြောင်း ပြောပါလေ ။မောင် ပြောက်ကျား ၊ တိုင်းပြည်အားကိုဘာများ မှာခဲ့ လိုသနည်း ။ခရီးမတ်တပ် ၊ လမ်းခုလတ်တွင်ကိုယ်လွတ် ရှောင်ခွာ ၊ ခွဲရပါရ်ျအားနာခဲ့ကြောင်း ပြောပါလေ ။ယမ်းငွေ့အူအူ ၊ တလူလူနှင့်မေးမြူကြတုန်း ၊ အနောက်ကုန်းတွင်နေလုံး ကွယ်လေ ပြီတကား...

နှစ်ချို့ကော်ဖီ

နှစ်တွေကြာခဲ့ပေါ့ဒီလောက် လောင်မီးကျခဲ့တာတောင်အဲဒီ မျက်နှာလေးကငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။အနမ်းတွေ ..ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာငါ .. ဘယ်ကိုပြေးမလဲ ..ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်းဆူး … စူးတာပါပဲစားပွဲစွန်းက ဖန်ခွက်လိုထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်အချစ်ဟောင်းရေကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း………………. ……………… ……………(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)မင်း… ချမ်းမြေ့ပါစေ ..။ ။တာရာမင်...

ဇော

"ဇော"ခွေးမကြီးနို့၊ခွေးငယ်စို့သည် နို့အုံနို့သား၊မဖွံ့ထွားဘဲ ပြားကပ်ပိန်လှီရှိချေသည်။ အရိုးပေါ်တွင်၊အရေတင်လည်း မိခင်မေတ္တာ၊ အကြင်နာကား ရင်မှာပြန့်စည်၊ သွေးကိုတည်သည့် နို့ရည်မခမ်း၊ သားရွှင်လန်းအောင် ပေးစွမ်းသမှု၊ ခွေးမပြုသည် သာဓုခေါ်မိငါ့ရင်ထဲ။ ထိုစဉ်အတွင်း၊ စားကြွင်းစားကျန် မြင်ပြန်ခဏ၊ ထိုခွေးမသည် ဘာဝသတ္တိ၊ ပြလေဘိသို့ သူ၏သားငယ်၊နို့ပိန်တွယ်ကို ရုန်းဖယ်ချန်သွား၊ ဆန္ဒများနှင့် အစားတစ်လုတ်၊ အားအထုတ်တွင် သားပြုတ်ကျန်ရစ်ထိုနေရာ။ ရသာမွန်ဦး၊ အစားထူးတွင် ယစ်မူးတပ်မက်၊ စည်းစိမ်ဖက်ခိုက် ပေါ်ထွက်အသံ၊ သားငိုသံကြောင့် လည်ပြန်လှည့်ကြည့်၊ ဇောကပ်ငြိပြီ...

အမေ.........ကဗျာပုဒ်မျှဝေခြင်း

 ရေးတဲ့ကဗျာဆရာကိုမသိပါဘူး။ကျွန်တော်အရမ်းခံစားရလို့မျှဝေတာပါ။သည်နေ့ဟာမိခင်များနေ့ပါ။အမျိုးသမီးတွေရဲ့တန်ဖိုးဆိုတာ ကျွန်တော်ရင်မှာယုံကြည်တာကတော့မိခင်စိတ်ပါပဲ..။မိခင်စိတ်ဆိုတာအမျိုးသမီးတိုင်းရဲ့မွေးရာပါ..အလှပဆုံးစိတ်ပါပဲ..။အမေ့ရဲ့ကျေးဇူးတရားတွေ..အမေ့ရဲ့..မေတ္တာတရားတွေကိုဖွင့်ဆိုခဲ့ကြတဲ့စာဆိုရှင်တွေမြောက်များစွာရှိခဲ့ပါတယ် ...။ကျွန်တော်..တကယ်စိတ်မကောင်းပါဘူး..။သည်ကဗျာကိုရေးဖွဲ့ခဲ့တဲ့..ပုဂ္ဂိုလ်ကဗျာဆရာကိုမသိရတဲ့အတွက်...စိတ်မကောင်းဖြစ်မိပါတယ်။သိရှိတဲ့သူများရှိခဲ့ရင်...ကွန်မန့်မှာရေးခဲ့စေချင်ပါတယ်..။အမေနဲ့..မိခင်များ..စိတ်၏ချမ်းသာခြင်း..ကိုယ်၏ကျန်းမာခြင်းနဲ့ထာဝရပြည့်စုံနိုင်ကြပါစေ...။အမေ...ကြယ်ကြွေတွေ...

ကျောင်းဖွင့်ချိန်

(၁)ငါတို့ကျောင်းတော်ကြီးရဲ့မော်ကွန်းထိန်းသိမ်းရေးအခန်းမှာဟစ်တလာရုပ်ထုကိုလူတစုထုဆစ်နေကြတယ်။သူတို့ဟာ ...ရုပ်တုရဲ့ရှေ့မှာ ကျိန်စာတွေရွတ်ဖတ်ပျားရည်စက်တွေကို မီးရှို့ပူဇော်ဆိုင်ရာနိုက်ဖြူလျော်လျော်တွေ သွန်းကြဲပက်ချဟစ်တလာပါးစပ်ထဲကကျည်ဆန်တတောင့် ထွက်အံကျလာတယ်။သူတို့ဟာ ...ကျောက်သင်ပုန်းပေါ်မှာ အဲဒီကျည်ဆံနဲ့“ကျောင်းဖွင့်ပြီ” ဆိုတဲ့ စာကိုရေးသွေးစွန်းလက်တွေနဲ့ ပျူငှာစွာဖိတ်ခေါ်ကြပါပြီ။(၂)ငါတို့ကျောင်းတော်ကြီးရဲ့ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာတဖြည်းဖြည်း နှစ်ငါးဆယ်လောက်ပြန်ငယ်ရွယ်သွားတယ်၊အရင်က မမြင်ရတဲ့ ဟိုတုန်းက အရိပ်တွေနံရံတွေ၊ ခုံတန်းလျားတွေဆီက လွန့်လူးထအဲဒါ...

မယ့်လမ်းပါလား

မယ့်လမ်းပါလားပန်းနီလာ ဗေဒါ ဆင်သလို့ယဉ်လှတယ်လေး၊စုန်ချည် ဆန်ချည်နဲ့ဒီချောင်းရေ ဗေဒါလမ်းမှာတန်းစီလို့လေး၊အိုအချင်း ကျူရိုးရှင်၊မဗေဒါ ပြာတဲ့လန်း၊ကမ်း ကပ်မယ် ပြင်၊စံပယ်လှ ပွင့်ဖြူစင်၊ကမ်းခွင်က ငယ်ကျွမ်း၊သူ့လိပ်ပြာ ခြံအရံနဲ့သူစံရာ သူပျော်မွေ့၊ပြေးတွေ့ချင်စမ်း တဲ့၊တွေ့ချင်တဲ့ စေတနာရယ်၊ငယ်ကျွမ်းဆွေ လွမ်းဝေတေး ပေမို့အေးချိုလှတယ်၊လိပ်ပြာက ဝတ်ရည်သယ်၊စံပယ်က မအား၊ပွင့်ဖူးတဝေဝေနဲ့ဒီချောင်းရေ ဗေဒါလမ်း၊မယ့်လမ်းပါလား၊အိုအချင်း ကျူရိုးရှင်မဗေဒါ ပြာလဲ့လန်း၊ကမ်းကပ်ပြန်ချင်၊ဟိုအွေ့မှာလကိုရင်ဖေ့ ချစ်ရေစင်၊ပျိုခင်ရဲ့အနွဲ့၊ပျို့လက်မှာ မယ်ဗေဒါကပျို့မျက်နှာ ချစ်အုန့်ပုန်းကို...

အပ်နဖား

အပ်နဖားထိုးသော်လဲ့ ထိုးသော်ကြိုးချော်လို့သွား ။အမယ်အို အမြင်ကပ်တယ်အပ်ရွှေနဖား ။ ။                        (ဆရာဇော်ဂ...

တစ္ဆေ

တစ္ဆေအိပ်လို.မရညကြီးမင်းကြီး၊ ထပြီးထိုင်နေမွေ.ရာတွေလဲ၊ ကြေမွတွန်.လိပ်သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်ခိုတွယ်စရာ၊ အတည်မကျ။အပြင်ဘက်မှာသစ်ရွက်တွေကြား၊ ကြယ်လေး ငါးပွင့်စကားပင်အို၊ ကန်ရေစိုစွတ်ဟိုမှာ လှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်းစမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲတစ္ဆေ ငါကိုယ်တိုင်ပါပဲ။ခုတင်ခြေရင်းဖြည်းနင်းရှပ်ရှပ်၊ မတ်တတ်ထလိုက်ခန်းဝကိုလာ၊ ၀ရန်တာမှာသည်မှာတစ်ယောက်၊ တစ္ဆေခြောက်လှန်.ကြောက်ကြောက်နဲ.ကြည့်၊ မျက်နှာလှည့်စမ်းတည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိတဆင်တည်းပဲ သူနှင့်ငါ။မြစ်နက်ထဲမှာငါ ရေနစ်မြှုပ်၊ ချမ်းပြီးကုပ်နေကုက္ကိုကိုင်းကြား၊ ငါနေနားလိုက်ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။မောပန်းလျနှင့်တစ်ယောက်သော...

တို့တိုင်းတို့ပြည်

တို.တိုင်းပြည်ထလော့ မြန်မာ၊ အို-မြန်မာတို.တို.ရွာတို.မြေ၊တို.ရွာမြေ၀ယ်စေတီစပါး၊များလည်းများ၏များပါလေလဲ၊ တမွဲမွဲနှင့်ဆင်းရဲကာသာ၊ ကာလကြာလျှင်ယာစကာမျိုး၊တညှိုးညှိုးနှင့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြားလှည့်လည်သွားလျက်မစားလေရ၊၀မ်းမ၀၍ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ထလော့မြန်မာ၊ အို မြန်မာတို.တို.ရွာတို.မြေ၊ တို.ရွာမြေ၀ယ်ရေချိုသောက်ရန်၊မြစ်ချောင်းကန်နှင့်သီးနှံ ချိုပျား၊များလည်းများ၏များပါလေလဲ၊ တမွဲမွဲနှင့်ဆင်းရဲကာသာ၊ကာလကြာလျှင်မြင်သာမြင်ရ၊ မစားရ၍တောကပြိတ္တာ ဖြစ်မည်တည်း။ထလော့ မြန်မာ၊ မြန်မာထလော့အားမပျော့နှင့်၊ မလျှော့လုံ.လသူကစ၍၊ ငါကအားလုံးလက်ရုံးများမြောင်၊...

မင့်အိမ်

မင့်အိမ် ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်းမင်းက မင့်အိမ်၊ လွန်သေးသိမ်ဟုမငြိမ်မသက်၊ စိတ်စက်မကောင်းစိတ်ထောင်းကိုယ်ကြေ၊ တခွေခွေသည်နေထိကြွေမည့် ပန်းယဉ်အိ။လှိုင်းအိအယောင်ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့စကြောသပ်ရပ်၊ စံပယ်ထပ်နှင့်ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ဝေးက မျှော်မှန်း၊ မင်း ရော်ရမ်းသည်ပန်းအိ နေထိ ကြွေတော့မည့်။မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်မင့်အိမ် ရွှဲစို၊ အမိုးယိုသော်မငြိုငြင်သင့်ပါ၊ မင့် တက်ဖာပေါ့အကာ အခင်း၊ ပျက်ယိုယွင်းသော်မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့အခွင် အနဲ့၊ အရွဲ့အစောင်းမကောင်း မပြေ၊ ဟောင်းထွေထွေကိုအခြေနှင့်မျှ၊ ဉာဏ်ဖြင့် ဆ၍လုံ့လသက်သွင်း...

အချစ်ဦး

အချစ်ဦးတစ်သက်တစ်ခါ တစ်လွှာတစ်ရွက်တစ်ခက်တစ်ပွင့် ငုံအဆင့်မို့ရင့်လို့ပဲဝါ၀ါ ညှာတံပဲပြုတ်ပြုတ်ဖြုတ်ခနဲပဲကြွေကြွေ မြေမှာပဲရောက်ရောက်ဖွဖွကလေးကောက်လို့ ပန်းခြောက်လေးပဲမြတ်နိုးမယ်။မောင်စိန်ဝင်း(ပုတီးကုန်း)...

အရေးအသားသက်သက်အနုပညာ

အရေးအသားသက်သက်အနုပညာလက်ဖဝါးမှာ အရေးအကြောင်းများလွန်းလို့ဘယ်လမ်းကို လိုက်ရမယ်ငါမသိဘူး။စဉ်းစားတွေးခေါ်ခြင်းကချောက်ကမ်းပါးအစွန်အဖျားမှာဒီနေ့ကို ဘယ်လိုရောက်လာခဲ့တယ်ဆိုတာထိတ်လန့်အံ့သြစွာနဲ့။အဖြေမရှိပဲရှေ့ဆက်နေဆဲမေးခွန်းတွေက''ဒီနေ့ကျွန်တော့်ကို ဘယ်သူယူမလဲ..''ဖဲငါးချပ်ဘယ်လိုတွဲတွဲသုံးဖဲတစ်ဆယ် မပြည့်ဘူး။ဘဝမှာဘယ်သူ့ရဲ့ ခတ်ချက်မမှန်တဲ့ ခြင်းလုံးကိုဘယ်သူက အသည်းအသန် လိုက်ဆယ်ခဲ့ဖူးဘူးလို့လဲခန္ဓာကိုယ်ပေါ်က အစက်အပြောက်လေးဟာနေရာရွေ့ရွေ့နေရဲ့မှဲ့ရှင်။ရင်ထဲတစ်နှစ်ကုန်သွားတော့လည်းဖုန်မှုံ့တွေနဲ့နောက်ထပ်စာအုပ်တွေစာအုပ်တွေထဲနောက်ထပ်ဖုန်မှုံ့တွေ။ခုတော့ဝယ်ပြီးမှ မတီးခတ်ဖြစ်တဲ့ဂစ်တာငါလည်း...

တစ်ဝက်တစ်ပျက်မှတ်တမ်း

တစ်ဝက်တစ်ပျက်မှတ်တမ်းပထမမြောက်ရဲ့ရင့်ခြင်းအဖြစ်အမေက ငါ့ကို ဆွဲဖွင့်တယ်ယမမင်းရဲ့သြဝါဒက ပြက္ခဒိန်တွေကိုဟောင်းမြစေရဲ့။ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချက်တွေ တစ်ထပ်ကြီးငါပြောလိုက်တဲ့ ဓါးသွားတစ်ခွန်းကနတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ။ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်မရေးရသေးတဲ့အက္ခရာတစ်ကြောင်းဟာဘယ်လက်နဲ့...ဝှက်ထားတဲ့ ဗျက်စောင်းပဲ။သေနတ်တစ်လက်ရဲ့ပြောင်းထဲမှာကျည်ဆန်လို ငါဂူအောင်းနေခဲ့ဖူးတယ်ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့အသံများနက္ခတ်ဦးလို...ပျံစေသား။  ။တာရာမင်းဝေidea-ဇူလိုင်၊၂...

သေလူ

သေလူငါဟာ မြှားတစ်လက်ဖြစ်ခဲ့ဖူးတယ်ဒါပေမယ်...ဘယ်ဝါးကျည်ထောက်ကိုမှဒူးမထောက်ခဲ့ဖူးဘူး။ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်ဒါပေမယ်...ဘယ်ဓားအိမ်ထဲမှာမှ အိပ်မက်မက်မနေခဲ့ဖူးဘူး။နောက်တော့....ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်။ငါ့ကိုယ်ငါပြန်ဖတ်လို့တော့မရဘူး။အဲသည်လိုနဲ့ငါဟာအရက်ပုလင်းတစ်လုံးဖြစ်သွားတယ်ငါ့ကို ဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို...စောင့်နေတယ်။  ။တာရာမင်းဝေIDEA-ဇွန်၊၂...

အလွမ်းမပါတဲ့ပြဇာတ်

ကိုယ်လိမ်းပေါင်ဒါကအစအာကာသခရီးအထိကြေညာမှ လူသိတယ်“မင်းကို ငါချစ်တယ်”ဒီမောင်းသံကြားပန်းများပွင့်စေသတည်း။ဟို … လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်ကတော့သူကလေးရဲ့ ငနဲလည်းဖြစ်ချင်(သိပ်ကို သေသေချာချာ ဖြစ်ချင်ခဲ့တယ်)နောက်တော့ပဉ္စရူပ တကောင်လည်းဖြစ်ချင်အခုတော့ …သူတို့ပါးစပ်တွေထဲက ထွေးထုတ်လောက်အောင်ခပ်ချဉ်ချဉ် စပျစ်သီးတလုံးသာ ဖြစ်ချင်သူကိုယ့်အတွက် လက်ဖက်ရည်ခွက်အရောက်မှာရုတ်တရက် မလိုင်ကုန်သွားတာမျိုးပလာတာဆိုင်ကညှော်ကော်နီရယ် တော်ရုံအော်ပါ။ခေါင်းကိုက်ပျောက်ဆေးပြားတွေနဲ့လိင်ကိစ္စသာ မရှိခဲ့လျှင်ဒီလောကကြီးမှာ အနေခက်မည်ပင်စိန္တိတကထာ ကိုကြောက်ရမိုးပြိုမှာကိုကြောက်ရအကုသိုလ်ကိုကြောက်ရနောက်ဆုံး...

ရင်ကွဲတောင်အလွမ်း

ရင်ကွဲတောင် ဟိုအကွေ့ရှေ့ဆီမှာ တောင်အရိပ်ချစ်သူလေးအိပ်နေတယ်။ကားဆရာကြီးရယ် . . .ဟွန်းကျယ်ကျယ် မတီးပါနဲ့ . . .ဂီယာပြင်းပြင်း မထိုးလိုက်ပါနဲ့ချစ်တဲ့သူ နိုးမှာစိုး။ညီမလေးတို့ရေသီချင်းသီသံတွေတဆိတ်ကလေးတိတ်ပေးလှည့်ပသူ . . . အိပ်ရေးမပျက်ရအောင်။“ဆဒုံးပါ” တောင်ကြောကားလေးလျှောအဆင်းရင်တွင်းလှိုက်ဆူအသက်မျှင်းမျှင်းရှုပါးပြင်နှစ်ဖက်ပူနွေးသေလောက်အောင်ပင် ဆွေးစမ်းဝေး . . . ခဲ့ပြီပဲ။နောက်ဆုံးပြုစုခြင်းအနေနဲ့ကြေကွဲမှု ယာတစ်ခင်း . . .ဆုံးရှုံးမှု ပန်းတစ်ခင်း . . .(သို့မဟုတ်) ငါ့ရင်းတွင်းရစ်သမ်ကိုဖွဲ့ဆိုရန်အတွက်ကျန်သူရဲ့လွမ်းချင်း အမြိုက်ရှိုက်သံတစ်ချက်မျက်ရည်တစ်စက် ခမျာထာဝရ...

ဂျစ်ပစီတစ်ကောင်ရဲ့ရင်ကွဲပက်လက်လမ်းဆုံ

လမ်းပေါ်မှာ လူတွေတွေ့တိုင်းလိုက်ပြီး မေးကြည့်ရဦးမယ်........ ..... .....“ချစ်တယ်” ဆိုတာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့ နည်းတစ်မျိုးလား... လို့။ကောင်မလေးရယ်...ငါဟာ “တေလေ” ပါ။ဖျားနာမှုကိုမှ တွယ်ကာတတ်သူတစ်ယောက်ပေါ့။သန့်စင်ချင်လို့အလင်းထဲမှာ ငါ လမ်းလျှောက်တယ်။အပြစ်က လွတ်ဖို့အတွက်တော့ငါ ဒူးထောက်လိမ့်မယ် မဟုတ်ပေဘူး။မင်းအတွက်တော့ ငါဟာ.....ဘာမှ မဟုတ်ပါဘူး။ဒါပေမဲ့.. အဲဒီ “ဘာမှ မဟုတ်ဘူး” ကိုပဲငါ သေသေချာချာ သိမ်းဆည်းထားတယ်မင်းကို သတိရတဲ့အခါမကြာ.. မကြာ.. ထုတ်.. ထုတ်ကြည့်ချင်လို့။ငါ့ကို“ပြဿနာကောင်” လို့ မပြောပါနဲ့...။ဖြစ်သမျှတွေ အားလုံးအတွက်ငါ့မှာ ဆင်ခြေဆင်လက်တွေလုံလုံလောက်လောက်ရှိနေတတ်တယ်။(လောကကြီးကို...

ချစ်သူပျောက်ကိုရှာနေတဲ့မှတ်ပုံတင်

(၁)စံပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှငါဆိုတဲ့ကောင်ဟာရနံ့ တစ်ခုတလေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး....(၂)သူမရဲ့ နဖူးကို ထိတယ်ဆိုရုံကလေး ငါနမ်းခဲ့တာပါ...။(၃)ဒါနဲ့များ...အလွမ်းတွေ ငါ့ရင်ထဲ ၀င်ခွင့်ဗီဇာ ရသွားတဲ့ကာလကရှည်လျားလှချည်လားကွယ်.....ပြောပါ မင်းငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲမင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့တံစက်မြိတ်အောက်မှာငါတိတ်တိတ်ကလေး ရပ်စောင့်နေတာကြာပြီကွယ်....(၄)ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ....(မှတ်ပုံတင်တစ်ခုကသူ့ပိုင်ရှင်ကို လိုက်ရှာနေပုံအို....လူတွေကို ပြောပြရင်တောင်ယုံနိုင်စရာ...

ခွဲခွါချိန်

နွေရာသီ ရောက်လာတာကိုက စောလွန်းတယ်...အဲသည်လောက် မွန်းကျပ်မယ်မှန်း သိခဲ့ရင်(အစကတည်းက)အသက်ရှူတတ်အောင် ငါ မသင်ခဲ့ပါဘူး...သစ်ပင်တွေ သွေ့ခြောက်အသံတစ်သံကို ကြောက်နေရသလိုလို..အချစ်ရေ... တို့စိတ်နဲ့ တို့ကိုယ်ပဲသစ်ရွက်တွေလိုပဲ အတူ ကြွေပစ်လိုက်ကြမယ်“ဘာ...ဖြစ်...လို့...ခွဲ...ရ...မှာ...လဲ...ကွယ်”မြက်ခင်းတွေ အမြဲစိမ်းနေတာ မြင်ရအောင်ဘ၀ကို... ဘောလုံးကွင်းပဲ ဖြစ်လိုက်စေ့ချင်တော့တယ်...အခုတော့...နွေရာသီ ရောက်လာတာကိုက စောလွန်း(မင်း...သွားမယ်ဆိုလည်း)စကားတစ်ခွန်းတော့ နှုတ်ဆက်ခဲ့ဖို့ ကောင်းတယ်။မင်းခိုက်စိုးစံ...

ကာလနဂါး

အရေးတကြီး နိုးထစရာမလိုဘူးဆိုရင်ငါ ဆက်ပြီး အိပ်နေချင်လို့ပါ ..။“ဘ၀..” ဆိုတာနဲ့ ဘာလို့ “ရှင်သန်ခြင်း..”လို့အဓိပ္ပါယ်ဖွင့်ဆိုရတာလဲငါကတော့ အိပ်နေရတာကိုပဲ .. ကြိုက်တယ်၊ရုပ်ရှင်ထဲက ဇာတ်လိုက်လောက်တော့ငါလည်း တောက်လျှောက်ကြီး မကောင်းနိုင်ဘူးပေါ့..သံပတ် ခပ်လျော့လျော့နဲ့ပဲ နေတတ်တယ်။လေ့ကျင့်ခန်း မှန်မှန်လုပ်မှပထမ ရမယ်ဆိုရင်ငါ ရှင်ဘုရင်တောင် မဖြစ်ချင်ဘူး ၊ကျေးဇူးပြုပြီး .. ငါ့ကို“စောက်ရူး..” လို့ ခေါ်ပါ ။မမြင်ချင်တာတွေ အားလုံးအတွက်မျက်စိသေးသေးလေးနှစ်လုံးကို ပိတ်ထားလိုက်ရုံပါပဲဟော .. ငါ ဘယ်လောက်လိမ္မာတဲ့ ကောင်လဲကွယ် .. ၊ဟောဒီ .. စောက်ရူးမှာယဉ်ကျေးမှု ထွန်းကားပါတယ်...

ကံဆိုးကောင်

သည့်ထက်ပိုပြီးမှောင်စရာ...ဘာကျန်သေးလို့လဲလျှပ်စီးတွေ လက်လက်ပြနေတာကိုပဲယုံကြည်ပစ်လိုက်ရတော့မယ်။ကောင်...မ...လေး...ရေ...စပယ်တွေ တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှငါဆိုတဲ့ကောင်ကရနံ့ တစ်ခုတစ်လေတောင်စိုစွတ်ခွင့် မရပါဘူး။စိတ်ကူးတွေ အအေးပတ်တာပဲအဖတ်တင်တော့ရဲ့...အရောင်းပြခန်းတစ်ခုရဲ့ နံရံမှာကိုယ့်ကိုကိုယ် ချိတ်ဆွဲပြသထားတာလည်း၂၆ နှစ်သာ ကြာသွားတယ်တစ်ခါမှ ဈေးကောင်းပေးဝယ်တာ မခံရပါဘူး။အခုတော့ ... ဟောဒီ ကောင်မလေးကိုပဲကျေးဇူးတွေ တင်ပစ်လိုက်ရတော့မယ်...၀ယ်သူမရှိတဲ့ ငါ့ကိုနံရံပေါ်က ဖြုတ်ချ ခိုးယူသွားလို့...ငါ့ရဲ့ မွတ်သိပ်ခြင်းတွေကို သယ်ပိုးသွားတဲ့ချစ်လှစွာသော သူခိုးမလေးရေ...ပေးပါ......

ငှက်

တောင်ပံမီးစွဲနေတဲ့ ငှက်တစ်ကောင်ဖြောင့်ဖြောင့်တန်းတန်း မပျံနိုင်ဘူး*မြို့ရဲ့အူသံတွေဆီဘယ်အကိုင်းမှာ နားမလဲရင်ကို မြားတစ်စင်းလာစိုက်တယ်ရွပ်ရွပ်ချွံချွံ လမ်းမှားပုံကကိုယ့်အမည် ကိုယ်မှန်းလောက်အောင်ပါပဲ။လေထဲပျံတာတောင်အရိပ်ကို ကြောင်ခုတ်ခံရတယ်စက္ကူပန်းတွေလိုပဲရနံ့မပါဘူးစက္ကူပန်းတွေလိုပဲအရောင်မလွင့်ဘူးဒုက္ခစစ်စစ်တွေ မာခဲပုံကကဗျာတွေတောင် ဖျတ်ခနဲသေတယ်သိပ်သိပ်သည်းသည်း လမ်းကလေးအတိုင်းအတွေးတွေ တွယ်စီးလာရမြို့အူသံထဲကတိုးထွက်လာခဲ့ပေမယ့်တည့်တည့်မတ်မတ် မပြန်နိုင်တော့ဘူးဦးခေါင်းမီးစွဲလာတဲ့ ငှက်တစ်ကောင်။ ။*မြို့အူသံ။ ။ အရှင်ဇနကာဘိဝံသ၏ အခြေပြုပဌာန်းစာအုပ်မှကိုရွေးရုပ်ရှင်တေးကဗျာကြည်လင်သောရေတံခွန်၊...

အရူးမှာလိုင်စင်ရှိတယ်

ခြုံထည်ကြီးထဲက ရုန်းထွက်လို့မရတော့ဘူးကတ်ကြေးသံတချပ်ချပ်က နားယားတယ်ငါ့ကိုကြည့်နေတဲ့ မှန်ထဲက မျက်လုံးဟာအသည်းယားစရာမှန်အပြင်က ငါ့ခေါင်းကိုစမ်းကြည့်မိတယ်၊ ရှိသေးတယ်ဆံသဆရာဟာ ဘောလုံးပွဲမှာသူကိုယ်တိုင်ဝင်ကန်ခဲ့သလိုမျိုးပြောတယ်ဒိုလေး၊ ဘက်ခမ်း၊ ဘန်ပါစီ၊ မက်စီ၊ ကာကာငါ့ရှေ့ရောက်လာသလိုပဲငါတွေ့နေရတဲ့ မှန်ထဲက ဂျာနယ်အပုံဟာ ထခုန်နေတော့တာပဲဘရိတ် ခဏခဏအုပ်တယ်အဆိုတော်ဟာ သီချင်းဆိုရင်း စာသားမေ့သွားဟန်ရပ်တန့်စဆိုတဲ့ စာသားက တီးလုံးရှေ့ ပြေးထွက်လာသရဲနဲ့ ရုတ်တရက်တွေ့လိုက်ရသလိုမျိုးသရဲဆိုလို့ ညက သူကြည့်ခဲ့တဲ့ သူရဲကားအကြောင်းစိတ္တဇလူသတ်သမားဟာ ကြည့်သူကိုတောင်စိတ္တဇဖြစ်လာစေတယ်ဆိုပဲမြို့ကြီးတစ်မြို့မှာ...

မှန်စာတိုက်ထားတဲ့ကြိုးနဲ့စွန်မလွှတ်ကြပါနဲ့.........

ဒီညနေခင်းဟာ သူ့ညနေခင်းလို့ဒီကြိုးနဲ့ ဒီစွန်လေးဟာ ထာဝရဆက်သွယ်ခြင်းလို့ဖေဖေဟာ အရာရာကို အောင်နိုင်သူလို့တွေးထင်ထားတဲ့ မျက်ဝန်းလေးတစ်စုံ၊ ပျော်လို့အပြာရောင်နောက်ခံမှာအနီစက်လေးတစ်စက်သူခတ်နှိပ်ထားတဲ့ကောင်းကင်ရဲ့ တံဆိပ်တော်မြင်ကွင်းထဲ ရုတ်တရက်ထောင့်ဖြတ်ဝင်လာတဲ့စွန်ကလေးသူ့အဖော်လို့ထင်ခဲ့သူ့လက်ဟာတုံ့ခနဲသူ့ရင်ဟာဆတ်ခနဲသူ့နှုတ်ခမ်းမှာ မှန်စာမပါတဲ့မေးခွန်းသူ့မျက်ဝန်းမှာ အံ့သြတဲ့ နားမလည်ခြင်း“ဖေဖေတခြားစွန်တွေမှာ ဓားပါသလားသားစွန်လေးက ပြန်မလာတော့ဘူးလား”ကျွန်တော်အဖြေကိုစဉ်းစားရင်းသူ့မေးခွန်းတွေကိုရစ်ဘီးထဲ ရစ်သွင်းနေမိတယ်ကျွန်တော်နဲ့သား လွင့်ငေး၊ ငေးနေရပြတ်သွားတဲ့စွန်ကလေးကို...

တက်တူး

တက်တူးဘာလုပ်လုပ်ဇွဲမရှိတဲ့ ကျွန်တော်ကပွဲဈေးတန်းတစ်ခုမှာဇွဲ ဆိုတဲ့ စာလုံးကိုလက်ဖျံမှာ ရေးထိုးလိုက်တယ်။အသားနည်းနည်း နာပေမယ့်ကျွန်တော့်မှာ ဇွဲ ရှိနေဖို့ လိုအပ်တယ် မဟုတ်လား။ပြီးတော့တခြားလူငယ်တွေလိုပဲပင်လယ်ကို ရင်ဆိုင်ဖို့ သဘောင်္ပေါ် ကျွန်တော် တက်သွားတယ်နှစ်အနည်းငယ်ကြာတော့တခြား သဘောင်္သားတွေလိုပဲလှတပတ ရေသူမ ပုံတွေ၊ ရောင်စုံ နဂါးရုပ်တွေ၊ လက်ဝါးကပ်တိုင်တွေ၊ အရိုးခေါင်းတွေ၊ ကျောက်ဆူးတွေအမိနိုင်ငံတော်ရဲ့ အမည်စာလုံးတွေကိုယ်ခန္ဓာ အနှံ့ စုံလင်အောင် ရေးထိုး ဝတ်ဆင်ရင်းမုန်တိုင်းဆန်တဲ့ နေ့ရက်များရဲ့ အတိုက်အခိုက်ကို ကာကွယ် ငြင်းဆန်ခဲ့ရတယ်။ချစ်သူရေနောက်ဆုံးမှာတော့မင်းရဲ့...

တောအုပ်ထဲကသစ်ပင်

အမြစ်တွေ ရှည်လျားလွန်းလိုက်တာ ...ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။မျှာ်လင့်ချက်တွေကလည်း သစ်ရွက်တွေလိုပဲ...တစ်ဖွဲဖွဲကြွေ (ဒီက...)လေပြေလေညှင်းတိုက်မှာကိုတောင်ကြာက်နေရတဲ့ကောင်ပေါ့။နေ့ခင်းကြောင်တောင်မှာမှ အလွမ်းတွေကတောမှောက်ရက်လေတယ်။ (တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့ဟောဒီ့ တောအုပ်တဲမှာငါ.. ဘာလို့ဆက်ရှင်သန်မှာလဲ)လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ်။ထားလိုက်ပါတော့လေ..မနက်ဖြန်ဆိုရင်ပဲ မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်။နာကျင်ခြင်းဆိုတဲ့အမြစ်တွေနဲမြေကြီးနက်နက်ထဲတွယ်ကုပ်ဟောဒီ့မှာ မျက်ရည်တွေငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ ငါ... ပါပဲ။သေချာသထက် သေချာချင်လို့တက်ခဲ့ရတဲ့လှေခါးထစ်တွေသာ...

ဂျစ်ပစီ

ကိုယ့်လက်ခုပ်ထဲ ပြန်ကြည့်မိတော့မှ အလွမ်းက တစ်ပွင့်နှစ်ပွင့်နဲ့ ... ခြောက်ကပ်ကပ် ငါ ... ရေငတ်လာတယ်။ တေလေလို ရွက်လွှင့်နေခဲ့ရာက ငါ့ဝိညာဉ်ရဲ့ ကျောက်ဆူးကိုချ ဒီညတော့ မင်းရင်ခွင်ထဲမှာပဲ စိတ်ချလက်ချ ... အိပ်စက်ပါရစေ။ ကောင်မလေးရယ် ငါဟာ ဖျားနာမှုကိုမှ တွယ်တာတတ်သူပါ တစ်စုံတစ်ခုဖြစ်လာမှာကို ငါ စောင့်မျှော်နေမိ ... တံခါးဖွင့်သံ .. ခြေသံ လာ .. မြန်မြန်သာ ၀င်ခဲ့ပါတော့။ လူ ၈၀% က အလုပ်လုပ်ကြတယ် (ဒါပေမယ့်) ကျန်တဲ့လူ ၂၀% က ဆုရတယ် ငါကတော့ သူတို့ကို ရယ်ရယ်မောမောနဲ့သာ ထိုင်ကြည့်နေမိ သွေးအေးအေးရက်စွဲတွေကိုသာ အသိအကျွမ်း ဖွဲ့နေခဲ့တယ်။ ကောင်မလေးရယ် ငါဟာ .. "တေလေ" ပါ ဆောင်းဦးပေါက်နှင်းတွေနဲ့...

မိသားစု

မေမေကသူ့အိပ်မက်တွေပုခက်ထဲထည့်ထည့်လွှဲကျွန်တော်ကသားချော့တေးတွေစီးရင်းကြယ်တွေဆီ ရွှက်လွှင့်အနားသတ်မရှိတဲ့လောဘထဲမျောလွင့်သူဖေဖေကျွန်တော်နဲ့ဘယ်မှာဆုံမလဲ။ ။ကိုေ...

လွမ်းစေတီ

တို့ထိခွင့်လည်းမရှိတော့ဆုပ်ကိုင်ခွင့်လည်းမရှိတော့မင်းရင်ခုန်သံကိုလုံအောင်ဖုံးပေးပိုင်ခွင့်လည်းမရှိတော့မင်းလည်းမေ့လျော့လိုက်ရုံပုံပြင်ကိုပုံပြင်အတိုင်းထားလိုက်ရုံဒီလောက်ပဲတို့တတ်နိုင်ခဲ့..။သူ့ကိုမင်းမချစ်ပဲနဲ့မင်းကိုသူဘာလို့သိမ်းပိုက်ခဲ့တာလည်းမင်းနဲ့ငါနဲ့ချစ်ရက်သားနဲ့ငါတို့ဘာလို့ဝေးကွာခဲ့တာလည်းရာဇ၀င်ခေတ်ပဒေသရာဇ်တို့ရာဂမီးအတားအဆီးမဲ့ကာမပိုင်ဝတ္ထုမှာချစ်ရသူတို့ဇာတ်နာခဲ့ရဖူးပါပြီ။အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ပြီးတဲ့နောက်အငွေ့အသက်တွေကျန်ရစ်ကြရမယ်ရှုမဆုံးတဲ့အလွမ်းတွေငါပွေ့ရင်းတောင်ကုန်းလေးပေါ်ငါတက်ခဲ့တယ်။ညောင်ပင်ကဓမ္မတေးကိုဆိုနေရဲ့ရိုးပြတ်တောကနေပူထဲမှာငိုနေရ...

တယ်လီဖုန်း

'ချစ်တယ်'လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့။မျှော်လင့် ချက်တွေ သေဆုံးသွားတဲ့အခါဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ၊(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်သံသယဖြစ်နေကြတာလဲ . . .၊'ယုံကြည်ပါ'လို့ ပြောစရာမလိုလောက်အောင်ယုံကြည်ထားခဲ့ ရဲ့သားနဲ့ . .။ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်ဒေါသတွေဖြစ်နေကြတာလဲ . . .၊တို့နှစ်ယောက်ရဲ့ အချစ်ဟာကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။ငါတို့ လုပ်နေကြပုံကတစ်ယောက်ခြေလှမ်းကို တစ်ယောက်ကစောင့် ကြည့်အကဲခပ်နေကြပုံမျိုး . . .။ဒါ စစ်တုရင်ထိ...