ကြေးစား

ကြေးစား

မွန်းကျပ်နေရတဲ့အထဲ
အိမ်ပြန်အလုပ်သမလေးရဲ့
ဣနြေ္ဒသိက္ခာကို
မထိပါးလိုဘူး။
"လော်ရန်ဇို" ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစိမ့်စိမ့် အရသာခံချင်တယ်။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ဝန်မလေးသူ
သူ့နာမည်က "မိုဃ်းဇော်"
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်းဖိုးအကြီးဆုံး ယဇ်ကောင်တဲ့။ ။

မိုဃ်းဇော်