အရက်ဆိုးကျိုးများ သိကောင်းစရာ


 
ကျနော်ကိုယ်တိုင်ကအရက်ကြိုက်သူတစ်ယောက်ပါ။အရက်သောက်ခြင်းရဲ့ ဆိုးကျိုးလေးတွေဖတ်ရတော့
နည်းနည်းတော့လန့်တာပေါ့...။သတိထားနိုင်စေဖို့ပြန်လည် shareလိုက်ပါတယ်။ကျနော်အရက်သမားတော့
မဖြစ်သေးပါဘူး..။မြန်မာ့သားကောင်းကပို့စ်လေးပါ..။မြန်မာ့သားကောင်း

(၁) အရက်အလွန်အကျွံသောက်ခြင်းသည် မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ထိခိုက်စေနိုင်သည်။

(၂) အရက်သည် မျိုးပွားအင်္ဂါအဖွဲ့အစည်းအပါအ၀င် ကိုယ်ခန္ဓာကို များစွာ ဒုက္ခဖြစ်စေပါသည်။အရက်စွဲမှု၏ အကျိုးဆက်ကြောင့် လိင်အဂါင်္မထောင်မတ်နိုင်ခြင်း ဖြစ်တတ်သည်။ ကျားစွမ်းရည် ပီသမှု လျော့ နည်းခြင်း ၊ မြုံခြင်း ၊ ဝှေးစေ့ပိန်လှီခြင်း စသော ရောဂါများမှာ အရက်စွဲသူများနှင့် များစွာ ဆက်နွယ် မှုရှိ သည်။

(၃)အရက်သောက်သုံးခြင်းကြောင့် ဖြစ်လာသောဟော်မုန်းဓါတ်လျော့နည်းလာခြင်းသည်အမျိုးသားများတွင်
 သွေးထဲရှိ ကျားဟော်မုန်းကို လျော့နည်းစေနိုင်သလို အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းကို တားဆီး သည်။

(၄) အမျိုးသားများတွင်သုတ်ကောင်အရေအတွက်ကိုလျော့နည်းစေခြင်း ၊ သုတ်ကောင် ပုံပမ်းသဏ္ဍာန် ပျက်ယွင်းစေခြင်း၊ ၄င်းကြောင့် မိဘကိုယ်တိုင် မြုံခြင်း နှင့် သားသမီးများ တွင်ပါ မြုံတတ်ခြင်းမှာ အရက်သောက် သုံးခြင်း၏နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သည်။

(၅) အမျိုးသမီးများ သန္ဓေသားပျက်လျောခြင်းများ၊ ရာသီသွေးမူမမှန်ခြင်းများမှာ အရက်သောက်သုံးခြင်း ၏ နောက်ဆက်တွဲ ဖြစ်သည်။ ထို့အပြင် အရက်သောက်သုံးခြင်းကြောင့် သန္ဓေသားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သည်။

(၆) လိင်ဆက်ဆံသည့် ရက်သတ္တပတ်အတွင်း အရက်အလွန်အကျွံသောက်ခြင်းသည် သားပျက်ခြင်းကို အဆများစွာ ဖြစ်စေတတ်သည်။
၎င်းမှာ အမျိုးသားသောက်သုံးပါက ပုံမှန်ထက် ၂ ဆမှ ၃ ဆအထိ မြင့်တတ်ပြီး၊ အမျိုးသမီးသောက် သုံးပါ က ၃ ဆမှ ၅ ဆထိ မြင့်တတ်စေ ပါသည်။