အရေးပေါ်သွေးလိုအပ်လျှင် ဓမ္မရောင်ခြည်သို့ ဆက်သွယ်၍ သွေးတောင်းခံနိုင်



သည်ပို့စ်လေးကတော့Aung Ko Min Media  မှာတွေ့လို့ပြန်share ပါတယ်။အသက်တစ်ချောင်းလွန်ကယ်ကောင်းပါတယ်။
ဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်း ဖုန်းနံပါတ်(၀၉-၅၀၇၉၆၇၄၊၀၁-၅၇၁၅၃၁)သို့ ဆက်သွယ်နိုင်ပါသည်။

အရေးပေါ်သွေးလိုအပ်နေသော ဝေဒနာရှင်များကို သွေးလှူဒါန်းနိုင်ရန်ဓမ္မရောင်ခြည်တွင် စီစဉ်ထားရှိသည့်အတွက်အရေးပေါ်သွေးလိုအပ်လျှင်ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်းဓမ္မရောင်ခြည်ဓမ္မဒါနလုပ်ငန်း
ဥက္ကဋ္ဌဦးလှမျိုးက ပြောပြခဲ့သည်။



“ဓမ္မရောင်ခြည်စုပေါင်းသွေးလှူဒါန်းပွဲကို(၄)လတစ်ကြိမ် ကျင်းပပြုလုပ်နေသည်။ အဆိုပါ သွေးလှူဒါန်းပွဲများတွင်ဓမ္မရောင်ခြည်မှ အမြဲတမ်းလှူနေသော သွေးအလှူရှင်များရှိသလို
အပြင်သွေးလှူရှင်အနေနှင့် လှူပေးနေသည့်သူများလည်းရှိသည်။

သွေးလှူဒါန်းပွဲမှ ရရှိလာသော သွေးများကို အရေးပေါ်သွေးလိုအပ်နေသည့် ဝေဒနာရှင်များကို ကူညီနိုင်ရန် စီစဉ်ထားရှိသည်။ ထို့ကြောင့်အရေးပေါ်သွေးလိုအပ်လျှင် ဓမ္မရောင်ခြည်သို့ ဖုန်းဆက်၍ အကူအညီ
တောင်းခံနိုင်ကြောင်း ဦးလှမျိုးက ပြောပြသည်။

အရေးပေါ်သွေး လိုအပ်လျှင် ဓမ္မရောင်ခြည် ဓမ္မဒါ နလုပ်ငန်း ဖုန်းနံပါတ်(၀၉-၅၀၇၉၆၇၄၊ ၀၁-၅၇၁၅၃၁)သို့ ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်းသိရှိရသည်။

Skynet News ကိုဒီမိုးသားမှစုစည်းတင်ဆက်သည်