Glaxy Note တို့ထက်ပိုကြီးသော Galaxy Mega - Samsung ထုတ်မည်

 
Glaxy Note တို့ထက်ပိုကြီးသော Galaxy Mega - Samsung ထုတ်မည်

Samsung Galaxy Note 2 တောင်ကြီးလှပြီ ထင်တာ တရုတ် Huawei က Ascend Mate ၆ လက်မ ကျော် စမတ်ဖုန်းထုတ်တော့ Samsung က အကျောမခံပါဘူး။

ဂလက်ဆီပေါင်းမြောက်များစွာ ပိုင်ဆိုင်ထားသည့်တိုင် နောက်ထပ် ဂလက်ဆီ မျိုးဆက်တွေ မွေးထုတ်ပေးဖို့ Samsung တို့ဝန်မလေးပါဘူး။ အမည်ကိုတော့ Samsung Galaxy Mega လို့ အမည်ပေးထားပါတယ်။ ၅.၈ လက်မ တစ်မျိုး၊ ၆.၃ လက်မ တစ်မျိုး စုစုပေါင်း နှစ်မျိုးနှစ်စား ထုတ်လုပ်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းများ ဖြစ်လာစေအုံးမယ်လို့ ဆိုပါတယ်။

Samsung ကတော့ တရားဝင်မကြေညာသေးပါဘူး။ သို့ပေမယ့် Galaxy Mega သတင်းကတော့ နေရာတိုင်းမှာ ပြန့်နေပြီ ဖြစ်ပါတယ်။ 1080P HD resolution ထောက်ပံ့နိုင်မယ့် ကမ္ဘာ့အဆင့်မြင့် စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ အရွယ်ကြီးပေမယ့် ကြီးသလောက် အဆင့်မြင့်မယ့် ဖုန်း ဖြစ်ပါတယ်။ စမတ်ဖုန်းအနေနဲ့ ထုတ်လုပ်မယ့် Mega ကို ၅.၈ လက်မ ဗားရှင်းအား GT-19152, ၆.၃ လက်မ ဗားရှင်းအား GT-19200 လို့ အမည်ပေးထားကြောင်း သိရပါတယ်။
--
Sammobile
credit to: Facebook